LSCS ဗိုက်ခွဲပြီး ကလေးမွေးကြတာ များလာစရာရှိ

ဗြိတိန်မှာ အစိုးရကနေ အမျိုးသမီးတွေကို ကျန်းမာရေး အခမဲ့ လုပ်ပေးပါတယ်။ အပြောင်းအလဲတချို့လုပ်လိုက်တာမို့ ကလေးကို Cesarean section (CS) ဗိုက်ခွဲပြီး မွေးကြတာ ပိုများလာစရာအကြောင်း ရှိနေပါတယ်။ လောလောဆယ်တော့ ပြင်ပဆေးခန်းတွေမှာ ဗိုက်ခွဲမွေးဘို့ ပိုက်ဆံမတတ်နိုင်ရင်တော့ Planned C-sections ရက်ရွေး ဗိုက်ခွဲမွေးပေးတမျိုး လုပ်ပေးပါတယ်။ ဒါကလဲ တကယ်ဘဲ ခွဲမွေးမှဖြစ်မယ်ဆိုတာ သေခြာမှ လုပ်ပေးပါတယ်။ Emergency C-sections အရေးပေါ် မခွဲမဖြစ်ခွဲမွေးတာတော့ ရှိပါတယ်။

အခုတော့ ဒီလမကုန်ခင် အကျိုးသက်ရောက်တော့မဲ့ အသစ်ပြဋ္ဌာန်းမှုတွေ လုပ်လိုက်ပါပြီ။ မိခင်ကျန်းမာရေး၊ ကလေး ကျန်းမာရေး ဆိုတဲ့ တိကျတဲ့ အကြောင်းခံတွေ မရှိပေမဲ့လဲ Mental health experts စိတ်အထူကုနဲ့ ဆွေးနွေးပြီးလို့ ခွဲမွေးချင်သပဆိုရင် ရက်ရွေးပြီး ဗိုက်ခွဲမွေးပေးပါတော့မယ်။

ကလေး ၂ ယောက်ကို မခွဲမဖြစ်လို့ ဗိုက်ခွဲမွေးထားရတဲ့ မိခင် Pauline Hull ကပြောတာက “အမျိုးသမီးတယောက်အတွက် မိခင်ဘဝကို ဘယ်တော့ ကူးပြောင်းတော့မယ်ဆိုတဲ့ အချိန် မွေးခွန်းဖြစ်ပါတယ်။ ကျမအတွက်ကတော့ မွေးဖွါးရတဲ့ ဒုက္ခ ဆိုတာထက် ကျမကလေးကို မြင်ချင်တဲ့စိတ်ပါဘဲ။” Hull က လန်ဒန်တောင်ပိုင်းက Surrey မှာရှိတဲ့ သူမအိပ်ကနေ Elective Cesarean ဆိုတဲ့ (ဝက်ဘ်ဆိုက်) လုပ်ထားတယ်။ သူမပြေတာက “သားဖွါးဆရာမတွေဟာ အန္ကရာယ်နဲ့ ပတ်သက်ရင် ဗိုက်ခွဲမွေးတာကို ပိုပြောကြပြီး၊ (ဗဂျိုင်းနား) က ရိုးရိုးမွေးတာကိုတော့ လျှော့ပြောတတ်ကြတယ်။”

အသစ်ပြဋ္ဌာန်းချက်ကို National Institute for Health and Clinical Excellence (NICE) ကနေလုပ်ပြီး အစိုးရလဲ လက်ခံတာများပြီး ဒီအတွက် ဘယ်လို ကုန်ကျစရိတ် ခံမယ်ဆိုတာ ဆုံးဖြတ်ပါတယ်။

ယေဘုယျပြောရရင် ဗိုက်ခွဲမွေးတာဟာ စိတ်ချရတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ အထူးသဖြင့် စီစီစဉ်စဉ်လုပ်ရရင် ပိုတောင်မှာ စိတ်ချနိုင်ပါတယ်။ (အေဂျင်စီ) ကပြောတာက “လမ်းညွှန်ချက်တွေကို အခါအားလျှော်စွာ ပြန်သုံးသပ်ပြီး အသစ်တွေ လုပ်နေတာပါ။ အခုလုပ်ရတာက ဘယ်က ဖိအားပေးလို့မှ မဟုတ်ပါ။” ဒါပေမဲ့ ရှေ့နေတွေရော ဆရာဝန်တွေကပါ လက်ရှိ ဗြိတိန်ကျန်းမာရေး စောင့်ရှောက်မှုက အမျိုးသမီးတွေကို ကလေးမွေးတဲ့အရေးမှာ ကာယကံရှင်သဘော ပြောခွင့်ရတာ နည်းနေတယ်တဲ့။

အခုအပြောင်းအလဲဟာ ရံပုံငွေနည်းလှတဲ့ ကျန်းမာရေးဌာနအတွက်တော့ ဝန်ထုပ်ဝန်ပိုး ဖြစ်ပါလိမ့်မယ်။ ခန့်မှန်းချက်အရ ဗိုက်ခွဲမွေးပေးရတာဟာ ရိုးရိုးမွေးပေးရတာထက် ပေါင် ၈ဝဝ (ဒေါ်လာ ၁၂၈ဝ) ပိုကုန်ကျပါတယ်။ မွေးလမ်းကနေ မွေးရာကနေ နောက်ဆက်တွဲ တခုခုဖြစ်သွားလို့ ဥပမာ ဆီးမလုံတာမျိုးအတွက် ကုသပေးရတဲ့စရိတ် မပါသေးဘူး။ အစီရင်ခံစာထဲမှာ တချက်ပါသေးတယ်။ တကယ်လို့ ဗိုက်ခွဲပေးရတဲ့ ရာခိုင်နှုန်း တမှတ်ကျတယ်ဆိုရင် ကျန်းမာရေးဌာန အတွက် ပေါင် ၅့၆ ဘီလျန် သက်သာတာဖြစ်တယ်။

(ယူကေ) မှာ အမျိုးသမီး ၂၅% ဟာ ဗိုက်ခွဲမွေးကြတယ်။ အမေရိကားမှာ ၃ဝ% ရှိတယ်။ နှစ်နိုင်ငံလုံးမှာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ ဗိုက်ခွဲမွေးရတာ တိုးလာနေတယ်။ ဆရာဝန်တွေက ရှင်းပြတာကတော့ တောင်းဆိုလို့ ခွဲပေးရတာမို့ များလာတာ မဟုတ်ပါ။ မိခင်လောင်းတွေက ကိုယ်အလေးချိန် များလွန်လို့၊ ဆီးချိုရောဂါလဲရှိတာ များလာကြလို့ပါ။

ဗိုက်ခွဲမွေးရသူ ၁ဝ% ဟာ ရက်ရွေးပြီး ခွဲပေးရတာဖြစ်တယ်။ ၁၅%က အရေးပေါ်ခွဲပေးရတာဖြစ်တယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နေ ဖြစ်သင့်တယ်ယူဆတာက ချမ်းသာတဲ့တိုင်းပြည်တွေမှာ ဗိုက်ခွဲမွေးကို ၁၅% လောက်ဖြစ်တယ်။ ဗြိတိန်မှာ ၁၅% လောက်က အပြင်ဆေးခန်းတွေမှာ ခွဲမွေးပြီး ရာခိုင်နှုန်းမြင့်မားတယ်။ နာမည်ကြီးသူတွေလာမွေးတတ်တဲ့ Portland Hospital ဆေးရုံမှာဆိုရင် ၃၅-၄ဝ% အထိခွဲမွေးတယ်။

Madonna တို့ Victoria Beckham တို့လဲပါတယ်။ ဒီလိုလူမျိုးတွေ လာမွေးရာကနေ အရပ်စကားတခု ပေါ်လာတယ်။ Too posh to push အလှမပျက်ချင်၊ ဗိုက်မညှစ်ချင်ကြသူတွေ

ပညာရှင်တွေက ပြန်ချေပတာက အခုလမ်းညွှန်သစ်ကြောင့် ဗြိတိန်မှာ ကိုယ်ဝန်ဆောင်တွေကို ပြုစုစောင့်ရှောက်တာကို ချက်ချင်းလက်ငင်း ပြောင်းသွားမယ် မဟုတ်ပါ။” Royal College of Midwives က အကြီးအကဲ Cathy Warwick က ပြောတာကတော့ “အမျိုးသမီး ရာနှုန်းနည်းနည်းလောက်ဘဲ ဗိုက်ခွဲမွေးချင်ကြတာပါ။

Royal College of Obstetricians and Gynaecologists က သားဖွါး-မီးယပ်ပါရဂူ Dr. Daghni Rajasingham က ပြောတာက “မိခင်ရော ကလေးပါ ကျန်းမာရင် မွေးလမ်းကနေ ကလေးဖွါးရတာဟာ အကောင်းဆုံးနည်း ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ သက်ရောကမှုရှိတော့ ကလေးရဲ့ အဆုပ်ကနေ မွေးတာနဲ့ အဆက်ရှူစေအောင် အကူအညီပေးရာ ကျပါတယ်။ ခွဲမွေးရတာလဲ စိတ်ချနိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို သတိတော့ထားရမှာပေါ့။ ပိုးဝင်တာ၊ သွေးယိုတာ နဲ့ နောင်ကလေးရဘို့ဆိုတာတွေ ခေါင်းထဲထားရတယ်။”

အထောက်အကူ လူ-ပစည်-ငွေကြေး မပြည့်စုံတဲ့အခြေအနေမှာ မွေးပေးရရင်လဲ အကောင်းဆုံး စောင့်ရှောက်မှုကိုသာ အဓိကထားရမယ်။ စပါရှယ် လုပ်ချင်တာတွေမျိုးကိုတော့ ဘေးချိတ်ထားသင့်ပါတယ်။

ခွဲကိုမွေးချင်လွန်းသူတွေကတော့ လမ်းညွှန်သစ်ဟာ နောက်တောင်ကျသေးတယ်လို့ ပြောမှာပါ။

အမျိုးသမီးတဦး ဗိုက်ခွဲမွေးရတာဟာ ပန်းခြံထဲလမ်းလျှောက်သလိုသဘောထားပါ။ ဒါပေမဲ့သိသင့်သိထိုက်တာ မှန်သမျှတော့ ကြိုသိထားဘို့လိုပါတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး