Not Mine အဲတာ ကျွန်တော့်စာမျက်နှာ မဟုတ်ပါ

ကျွန်တော်နာမည်ပါတဲ့ စာမျက်နှာတခုဟာ ကျွန်တော်ရေးနေ ဖြေနေတာ မဟုတ်ပါ။

• ဆရာ ဒီ page ကဆရာသုံးတဲ့ page လားရှင့်

• သေချာ မသိ။ ကျေးဇူး။

• ဆရာမဟုတ်လောက်ဘူးလို့ယူဆမိပါတယ်ရှင် ဆရာရယ် ကြည့်ပါအုံး ကျွန်မ တကယ် အကူညီလိုလို့ မေးတာကို ဖြေပုံက အရမ်းရှက်တာဘဲ ငိုလဲငိုချင်တယ် သူဘာရည်ရွယ်ချက်နဲ့ အဲ့လိုတွေလုပ်နေလဲမသိပါဘူးရှင် ကျွန်မ မေးထားတာလေးကို ပြပါမယ်ဆရာ

• ပုံ ၁ - ၂ - ၃ - ၄ - ၅ - ၆

• ကျွန်မ ကလေးလိုချင်လို့ ဆေးသောက်လို့ရတယ်ဆိုလို့ မေးမိတာပါရှင် မေးထားတဲ့မေးခွန်းကိုတော့ ဖျက်မိပါတယ် မဖြေပေးဘူးထင်လို့

• အဲဒီ လင့် ပေးပါလား။ ဆရာက သား-သမီးလို့သုံးတာကို မကြိုက်ကြောင်း မေးနည်းစည်းကမ်းမှာ ထည့်ထားတယ်။ ခဏခဏလည်းရေးတယ်။ အခုအမေ-အဖြေမှာ မေးတဲ့သူကို သမီးလို့ရေးထားတယ်။

• ဆရာ သမီးအဲ့လို လင့်တော့ သိပ်မလုပ်တတ်ဘူး ဟုတ်တယ်ဆရာ အဲ့တာကိုလဲ ဒီကိစ္စ ဖြစ်ပြီးမှ ဖတ်မိပါတယ်

• ပို့စ်တခု အခုရေးမယ်။ အိုင်ဒီကို မထည့်ပါ။ ပုံ ၁-၂ ခုသုံးမယ်။ ဆရာ့အမည်ပါတာကို သုံးမယ်။

• သူတင်ထားတဲ့ page ကို ss ရိုက်ပြီးပို့ပေးပါမယ် Link ကြတော့မလုပ်တတ်လို့ရှင်။ ဆရာ သမီးနည်မည်လေး ဖျက်ပေးပါလား။ အရမ်းရှက်လို့ပါ အဲ့page ပါဆရာ။

• တွေ့ပြီ။ လင့်ရပြီ။ https://www.facebook.com/Doctor.TintSwe/ စာတွေထဲမှာ ဆရာ့စာတွေတွေ့တယ်။ ပုံတွေက ဆရာ့စည်းကမ်းနဲ့ မညီတာတွေပါတယ်။ အမေး-အဖြေတွေတော့ မဖတ်ရသေး။

• ဟုတ်တယ်ဆရာ ကျွန်မလဲ ဆရာထင်ပြီး မေးမိတာပါ သူကလဲ တကယ်ဖြေပေးတဲ့ပုံနဲ့ တင်ထားလို့ပါ😢😢😢 အဲ့ကိစ္စကို အမျိုးသားကိုတောင် မပြောရဲဘူးဆရာရယ် ရှက်လွန်းလို့။

ဖေ့စ်ဘွန်သုံးနေသူအားလုံးခင်ဗျား

အဲဒီစာမျက်နှာမှာ ကျွန်တော်အမည်ကို ထိပ်ဆုံးမှာတပ်ထားတယ်။ ခွင့်တောင့်ခဲ့ဘူးသလားတော့ စဉ်းစားမရသေးပါ။ ကျွန်တော့်စာတွေကို အခမဲ့မျှဝေသူတွေကို ခွင့်ပေးဘူးတာတော့ရှိတယ်။ အဲလိုခွင့်တောင်းသူတိုင်းကို ပုံတွေကို အများအမြင်မှာ တင့်တယ်တာသာသုံးဘို့နဲ့ သတ်ပုံတွေ မပြင်ဘို့စည်းကမ်းပါ ပြောပါတယ်။ ကျွန်တော်ရေးတဲ့စာတွေအပြင် တခြားစာတွေလည်း တွေ့ရတယ်။ တချို့ပုံတွေက ကျွန်တော့်စည်းကမ်းအရ အကိုက်ညီပါ။ အမေး-အဖြေတော့ အခုထိ မဖတ်အားသေးပါ။ ကျွန်တော့်မှာ မေးတဲ့သူတဦးနဲ့ ချတ် လုပ်သလို မေးတာ ဖြေတာ လုပ်ချိန်မရှိသလောက် နည်းတယ်။ မေးတဲ့သူက အမျိုးသမီးဖြစ်ရင် သမီးလို့ တခါမှ မရေးပါ။

အဲဒီစာမျက်နှာမှာ ဒီပို့စ်ကိုပါ တင်လိုက်မယ်။ တင်လို့ရတာတွေ့တယ်။
၁။ စာမျက်နှာက ကျွန်တော့်အမည် ဖျက်ပေးပါရန်။
၂။ အရင်တင်ထားတာတွေပါ ဖျက်ပေးပါရန်။
၃။ အမေး-အဖြေလုပ်ရာမှာလည်း ကျွန်တော့်အမည် မသုံးပါရန်။

• အသိပေး မေးလာသူကို ကျေးဇူးတင်တယ်။

• အဲဒီ ပုံ ၂ ခုကို သုံးမယ်။ မေးတဲ့သူ ဘယ်သူဆိုတာ မသိလောက်လို့ထင်တယ်။ ရမလား။

• ဟုတ်ရပါတယ် ဆရာ

• အခု တင်လိုက်မယ်။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂ဝ၁၇
ည ၉ နာရီ၊ ၄၃ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး