Open House Opera ကြည့်ချင်ပွဲ

ကျွန်တော့်ပို့စ်တခု = Blog and Facebook

ကွန်မင့်တခု = ကွန်မန့်ပါတာက တနင်္ဂနွေနေ့ နဲ့ ဆင်ဆင်တူပြီး ကွန်မန့်မပါတာက ဘုန်းကြီးတရားနာရတာနဲ့တူပါတယ်

ကျွန်တော့်စာတွေကတော့ အရပ်ထဲမှာကတဲ့ ဗလာပွဲ။ ကြည့်ချင်ပွဲလည်းခေါ်တယ်။ တခါတခါ ခဲကျလာ၊ တခါတခါမှာ ပြောင်းဖူးအူတိုင် လာတယ်။

လွမ်းစရာလေးရေးတာ ရောဂါမေးလာတယ်။ မင်းသမီး လွမ်းဆွေးနေတုန်း၊ ကလေးက ထငိုသလို။ ခပ်သောသောလေး ရေးတာအောက်မှာ ဘောက်ဆတ်ဆတ်လာတတ်တယ်။ လူရွှင်တော်ပြက်နေတုန်း၊ ဗြုံးဆို မိုးရွာချသလို။

ပိုက်ဆံပေးစရာ မလိုတာမို့ ပွဲကတော့စည်ပါရဲ့။ စည်းကမ်းကတော့ ရုံသွင်းတဲ့ပွဲနဲ့ မကွာ။ နေရာတကာ ကွမ်းသွေး၊ တံတွေး၊ အခင်းကြီး အခင်းလေး။ ကန်တော့ပါ။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၆
၂၁-၆-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး