မဲ နှင့် မည်း

၁။ ဆရာ ကျမက မကွေးတိုင်းကပါဆရာ။ မဲ နဲ့ မည်း ကို ဘယ်လိုခွဲခြားသုံးလဲ သိချင်လို့ပါရှင့်။

၂။ ဆရာ အမဲ၊ အမည်းလို့ ဆရာပြင်ထားတာတွေ့လိုက်တယ်။ သူက အရောင်ကို ကိုယ်စားပြုပြောတာဆိုတော့ အမဲက အမှန်လား အမည်းက အမှန်လားခင်ဗျ။

မဲ
မဲခိုးသည်
မဲချသည်
မဲဇလီပင်
မဲဇာမြစ်
မဲဇာတောင်ခြေ
မဲတင်းသည်
မဲကြိုး
မဲနယ်
မဲမဲသဲသဲ
မဲပြား
မဲပြာပင်
မဲရဉ်းပင်
မဲလိပ်
မဲလိမ်သည်
မဲဝယ်သည်
မဲတောင်းသည်
မဲပေးသည်
မဲပေါက်သည်
သဲသဲမဲမဲ
အမဲသားငါး
အမဲဟင်းလျာ
အမဲခြောက်
အောက်မဲညိုပင်

မည်း
ခမည်းခမက်
ခမည်းတော်
ခမည်းပေးသည်
တလမည်း (ရာဇာဓိရာဇ်၏သမီးတော်)
နက်မည်း
မည်းချိပ်ချိပ်
မည်းနက်
မည်းပုပ်
မည်းကြုတ်
မည်းကျော
မည်းနှမ်း
မှိုင်းမည်းမည်း
မျက်နှာမည်း
ရမည်းသင်းမြို့
စောမည်း (မင်းကြီးစွာစော်ကဲ၏ငယ်ကွန်တော်)
တောကြီးမျက်မည်း

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်