နည်း နဲ နီး စားမလား

ဆရာ မင်္ဂလာပါ။့ ကျောင်းတက်နေရင်း မြန်မာစာသင်ပေးနေပါတယ်။ မြန်မာစာ မသိတာလေး မေးခွင့်ပြုပါရှင့်။ နဲနဲ နဲ့ နည်းနည်း ဘယ်ဟာမှန်ပါသလဲရှင်။ အနာဂတ်ကိုမေးရင် စားမလား၊ စားမှာလား၊ သေသေချာချာမသိလို့ပါ ဆရာ။

နည်း
တနည်းတဖုံ
တဘောင် စံနည်း
ထုံးနည်း
နည်းနည်းကျဉ်းကျဉ်း
နည်းနည်းနောနော
နည်းနာခံယူ
နည်းနိဿယ
နည်းပါး
နည်းမများမဟူ
နည်းယူသည်
နည်းပြဆရာ
နည်းလမ်းကျ
နည်းလမ်းပြ
နည်းဥပဒေ
နည်းပေးလမ်းပြ
မည်သူနည်း
မနည်းမများ
ဝမ်းနည်းသည်
ဝိနည်း
အဘယ်နည်း
အများ-အနည်း
ဥစ္စာနည်းပါး

နဲ
ထမနဲ (နှမ်းမနဲ)
နက်နက်နဲနဲ
နဲနဲနောနော (ယခင်အသုံး)
ပိန္နဲသီး
မိုးနဲမြို့
ယာဂုထမနဲ

နီး
ဇနီးမောင်နှံ
နီးကပ်
နီးကမ်း
နီးစပ်
နီးပါး
နီးနွယ်
ရွာနီးချုပ်စပ်
အနီးအနား
အနီးအဝေး
အိမ်နီးချင်း
ခွေးလောက်နီးနီး မိုက်လုံးကြီးနှင့်

လား
စားလား သောက်လား
တင်းချင်ဇလား
နင်လား ငါလား
မသာတလား (ခေါင်း)
မာပါ၏လား
မြင်းလား မြင်းသိုး
လားရာဂတိ
လားလားမျှမလျော်
လားသတ္တဝါ
ဝမ်းတော်လားသည်
အရှေ့လားသော်
ပေးလားကမ်းလား
ကုလားလူမျိုး
ကလေးကလား

ကစားမလား၊ နားမလားလို့ သင်ပုန်းကြီးမှာပါတယ်။ စားမှာလားလို့ရေးတာ ပြောတာလည်း မှားတော့ မမှားပါ။ မှာကို မှာကြားသည်၊ မှာတမ်း၊ မှာတမ်းချွေသည်လို့သုံးတယ်။ စားမှာလားဆိုတာ စားဦးမှာလားလို့မေးတဲ့သဘော။ စာနေဦးမှာလား၊ မစားဘဲ မဖြစ်ဘူးလားလို့ မေးရာကျတယ်။ နောက် စားမှာလားဆိုတာ စားမလား၊ မစားဘူးလားပြောလို့ ဆိုလိုတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး