ပတ် နဲ့ ပါတ်

၁။ နံပတ်လား နံပါတ်လားဆရာ။ ကျနော် မသဲကွဲတော့လို့ပါဗျ။

၂။ နှစ်ပါတ်လည်နဲ့ နှစ်ပတ်လည် ဘယ်အသုံးက ပိုမှန်ပါသလဲဆရာ။

• ခုနစ်ရက်တပတ် (မြန်မာစာရေးထုံးကျမ်း၊ သီရိပျံချီ ဦးသာမြတ်)၊
• တနင်္ဂနွေပါတ် (ကဝိဓဇသတ်ပုံကျမ်း)။

ပါတ်
• ဇာတ်နိပါတ်တော်၊
• နိပါတ်ပုဒ်၊
• ပဋိပါတ်၊
• ပါဏာတိပါတ်၊
• ပိဏ္ဍပါတ်၊
• သန္နိပါတ်၊

ပတ်
• ကမ္ပတ်အိမ်၊
• ခရုပတ်၊
• ငါးကြီးအန်ပတ်၊
• စီကာပတ်ကုံး၊
• ညစ်ပတ်၊
• တံခါးပတ္တာ၊
• တသက်ပတ်လုံး၊
• တာလပတ်၊
• တနှစ်ပတ်လုံး၊
• ပဋိပတ်၊
• ပတ္တမြား၊
• ပတ္တလား၊
• ပတ္တရောင်လှည့်၊
• ပတ္ထနာဆုတောင်း၊
• ပတ်ချွဲနပ်ချွဲ
• ပတ်ချာလည်၊
• ပတ်စာခွာဖျာသိမ်း၊
• ပတ်တီးစည်း၊
• ပတ်တုတ်၊
• ပတ်ပတ်နပ်နပ်၊
• ပတ်ပတ်လည်၊
• ပတ်ပျိုးသီချင်း၊
• ပတ်ကြမ်းတုတ်၊
• ပတ်ခြံ၊
• ပတ်မကြီး၊
• ပတ်ရံ၊
• ပတ်ရစ်၊
• ပတ်လည်၊
• ပတ်လမ်း၊
• ပတ်လွှမ်း၊
• ပတ်ဝန်းကျင်၊
• ပတ်သက်၊
• ပတ်မြှောင်၊
• ကြိုးနဲ့ပတ်၊
• ရင်ပတ်၊
• ရိုင်ပတ်ဖျာ၊
• ရုပ်ပတ်၊
• လုံးပတ်ပင်စည်၊
• လည်ပတ်ပုဝါ၊
• သုံးလေးပတ် (ပတ်လှည့်ခြင်း)၊
• သမာပတ်၊
• အနားပတ်၊
• အပတ်တကုတ်၊
• အာပတ်၊
• အကြောင်းဗျုပ္ပတ်၊
• ဥပပတ်၊
• ကွေ့လည်ကြောင်ပတ်၊
• ထောပတ်၊
• လျောက်ပတ်တင့်တယ်၊
• ဝေ့လည်ကြောင်ပတ်၊

ဒေါက်တာတင့်ဆွေ



Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး