Planets ဂြိုဟ်ကြီးရှစ်လုံး

ကျွန်တော့်ပို့စ်တခု = Own glimmer ကိုယ်ပိုင်အလင်းရောင်ရှိကြသူများ

ကွန်မင့်တခု = အော် မထောက်ခံရင် ကိုယ်ပိုင်အလင်းမရှိတဲ့လူ ဖြစ်တော့မယ့်အတိုင်းပဲ။

အဲလိုသဘောတော့ မဟုတ်ပါ။ တခြားပါတီကို သဘောကျသူတွေလည်း သူတို့အရောင်နဲ့သူတို့ ကြိုက်နှစ်သက်ကြပါတယ်။ ကျွန်တော့်စာက ကိုယ့်ပယောဂကင်းကင်းနဲ့ ကိုယ်နဲ့လာတူနေတာကိုသာ ဆိုလိုပါတယ်။ ပါတီစုံစနစ်မှာ ပါတီတခုတည်း မရှိသင့်ပါ။ လဟာ နေကရတဲ့အလင်းသာရတယ်။ သောကြာဂြိုဟ်ဟာ ကိုယ်ပိုင်အလင်းနဲ့ လှပနေတယ်လို့ရေးတာပါ။ တခြားဂြိုဟ်တွေမှာလည်း သူ့ကိုယ်ပိုင်အလင်းရောင်နဲ့သူရှိနေကြမယ်လို့ ရေးချင်တာပါ။ ကျွန်တော်က စာရေးညံ့တယ်။

ဂြိုဟ်ဆိုတာ ကိုယ့်ဆွဲအားနဲ့ကိုယ် လည်ပတ်နိုင်အောင်ကြီးမားသော၊ သာမိုနူကလီယာပေါင်းစပ်မှု ဖြစ်စေနိုင်သည်အထိ မကြီးမားသောနဲ့၊ သူ့ဘေးဝန်းကျင်မှာ အပိုင်းအစတွေ ကင်းရှင်းသောဆိုတဲ့ အရည်အချင်းသတ်မှတ်မှု ရှိကြရတယ်။ အစက ဂြိုဟ်ကြီးကိုးလုံးရှိခဲ့တာမှာ အခု ပလူတို ကအရည်အချင်းမပြည့်မီလို့ မာကျူရီ၊ ဗီးနပ်စ်၊ ကမ္ဘာ၊ ဂျူပီတာ၊ စေတမ်၊ ယူရေးနပ်စ် နဲ့ နက်ပကျူး ဆိုတဲ့ (၈) လုံးသာ ကျန်ပါတော့သတဲ့။

ဂြိုဟ်တွေအပြင် ကိုယ်ပိုင်အလင်းရောင်ဆောင်နိုင်ကြတဲ့ ကြယ်တွေလည်း အများကြီးရှိပါတယ်။ ကမ္ဘာနဲ့တော့ ဝေးကြတာပေါ့။

ဒေါက်တာတင့်ဆွေ
၁၉-၆-၂ဝ၁၅
၁၉-၆-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး