Morning! မောနင်း

မြန်မာပြည်မှာ မနက်ခင်း။ မောနင်းလို့ နှုတ်ဆက်တာတွေ ဖတ်ရတယ်။ မနက်လို့ပြောတာ စကားသာဖြစ်တယ်။ စာလိုက နံနက်။ အရင်က နံက်လို့လည်းရေးကြတယ်။

ကျွန်တော်တို့ ဆေးကျောင်းကိုစတက်တော့ စစ်အာဏာသိမ်းတာက ၃ နှစ်သာရှိသေးတယ်။ အင်္ဂလိပ်စကား အားမပေးတော့ပါ။ ဆေးကျောင်းမှာ ရှိရှိသမျှစာအုပ်တွေကတော့ အင်္ဂလိပ်လို။ ဘိုလိုပြောရင် မကြိုက်ချင်။ အဲတော့ မတတ်တော့ဘူးပေါ့။

မှတ်မှတ်ရရ ပါမောက္ခချုပ် ဒေါက်တာမောင်မောင်ကြီးနဲ့ မနက်စောစော ကော်ရီဒါမှာဆုံရင် ကျွန်တော်တို့က ဂွတ်-မောနင်းလို့ နှုတ်ဆက်ကြတယ်။ ပါချုပ်က မောနင်းလို့ပြန်ပြီးနှုတ်ဆက်တယ်။ ဆေးကျောင်းမှာ ဘိုလိုပြောရတာဆိုလို့ အဲတာပဲရှိတယ်။ ဗိုလ်တွေတက်လာတာကိုး။

အခုတော့ အင်္ဂလိပ်လိုတွေ တော့ နေကြပြီလားမသိ။ ဗမာလိုတော့ ဆွံ့အကုန်ကြပြီ။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၇
ည ၁ဝ နာရီ၊ ၂၄ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး