Passion မေတ္တာစိတ်

စောစောကပဲ ကရုဏာနဲ့ သဒ္ဓါ သတ်ပုံတွေပြင်ပေးရတယ်။

ကျွန်တော်တို့ရဲ့ မြေးအကြီးဆုံးနာမည်က သဒ္ဓါတင့်ဆွေ။ သူက အဖိုးအဖွားလက်ပေါ်မှာသာ ကြီးပြင်းခဲ့တယ်။ သူ့ကို ဒေလီယူနီဗာစီတီက ဝိဇ္ဇာဘွဲ့ရအောင် သင်ပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့အရင် သူက ယူအက်စ်အေကို သွားရတယ်။ အဖိုးအဖွားလှောင်အိမ်က ထွက်တော့တဲ့သဘော။

ဒီကိုရောက်တော့ သူလည်း အတောင်ပေါက်ပြီ။ မကြာခင် ကလေးအမေဖြစ်တော့မယ်။ ကနေ့ သူ့ဖွားကို ဈေးတွေလိုက်ပို့ ဝယ်ခြမ်းပေးတယ်။ မိခင်စိတ်ဆိုတာ နားလည်းစပြုလာတာဖြစ်မယ်။ စာနာစိတ်ဆိုတာ စာဖတ်တာနဲ့မရ။ လူတိုင်းဟာ ကိုယ်တိုင်တွေ့လာမှ သိနားလည်းလာကြတယ်။ ကြီးတဲ့သူတွေလည်း ငယ်စဉ်ရွယ်စဉ်က အဲလိုပါပဲ။ ကြာလေလေ သူတပါးကျေးဇူးကို သိတတ်လာကြလေလေ။

မသဒ္ဓါ မြန်မာစာ မဖတ်တတ်ပါ။ စကားတော့ ကောင်းကောင်းပြောတတ်တယ်။ ဟင်ဒီစကားနဲ့ အင်္ဂလိပ်စကားလည်း ကောင်းကောင်းပြောတတ်တယ်။ ကိုးတန်းကျောင်းသူဘဝမှာ ဟယ်ရီပေါ်တာစာအုပ်ထူကြီးတွေ ဖတ်နေပြီ။

မေတ္တာစိတ်မှာ ဘာသာစကားမလိုပါ။

ဒေါက်တာတင့်ဆွေ
၁-၇-၂ဝ၁၇
ည ၁ နာရီ၊ ၂၁ မိနစ်။

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး