တွေးမိပါစ (ဇော်ဂျီ)

ဗေဒါတဲ့ ဗေဒါ။
သည်ချောင်းမှာ အမည်မွှေး အေးငြိမ့်သာယာ။

မွှေးသမျှ ပြန်တရာ ခံစရာအရေး
အတိုက်ခံနိုင်မှ အမွှေ့ခံနိုင်မှ
ထိုးဝါးတိုင် ဒီဆိုင်ဝဲတဲ့
ရွှေဘဲရန် စုန်ဆန်လမ်းမှာ
ရမ်းတတ်တယ် လေး။

မွှေးမှလဲ မဟုတ်ပါ
ရိုးသံရှင် ပဲ့တင်ထပ် ချောင်းရပ်ဧရာ။

စုန်ဆန်ရ လမ်းတကာမှာ လမ်းမ,သာရှာကြ။
တစိုက်စိုက်ကယ်နဲ့
အတိုက်ကို အကြိုတွေ့ပါလို့
အမွှေ့ဒဏ်ခံနေကြ တွေးမိပါစ။

တစ်ကဗျာဆရာများ

ပို့စ်တွေထဲမှာ သတင်းပါတယ်၊ အတင်းပါတယ်။ တရားပါတယ်၊ မတရားပါတယ်။ စာပါတယ်၊ ကဗျာပါတယ်။ ဖတ်ပါတယ်။ မျက်စိကလည်း သတ်ပုံမှားတာ မျက်မှန်မပါပဲ ထင်းကနည်းမြင်တယ်။ လူချင်းမင်မင်တဲ့ ကဗျာဆရာတယောက် သူ့ကဗျာ တင်တယ်။ နှစ်ခါလုံးမှာ တစ်တွေနဲ့ရေးထားတယ်။ တခြားမသိတဲ့ကဗျာတွေဖတ်တိုင်း တစ်နေတယ်။

ဇော်ဂျီတို့ မင်းသုဝဏ်တို့ တင်မိုးတို့ထက်သာတဲ့ တစ်ဖြစ်ချင်ကြသူတွေ။

ဆရာဇော်ဂျီရဲ့ တွေးမိပါစကဗျာကို ငယ်ငယ်က ဖတ်ခဲ့ဘူတယ်။ ကျွန်တော်ဟာ ဗေဒါလိုဘဝ လျှောက်ခဲ့ရပါလားလို့ တွေးမိလာတယ်။

ပြန်တရာ ခံစရာအရေး၊
စုန်ဆန်လမ်းဘေးက ဘဲတရာအရေး၊
အတိုက်ခံ အမွှေ့ခံအရေး၊
ဒီမိုကရေစီအရေးထဲက ဒီဆိုင်ဝဲအရေး။

အခုတော့ဗျာ
လမ်းမပေါ်မှာ တစ်ရာလို့ရေးသူတွေကိုသာ
မမွှေးတဲ့ဗေဒါ လမ်းဘေးမှာ ငေး။

ဒေါက်တာတင့်ဆွေ
၎-၁၁-၂ဝ၁၆
၂၉-၆-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ