Thursday, June 29, 2017

The last day at school

ကနေ့ဟာ စာသင်နှစ် နောက်ဆုံးရက်ဖြစ်ပါတယ်။ ဇူလိုင်တလလုံး ကျောင်းပိတ်ပြီး သြဂုတ်လဆန်း (၃) ရက်မှာ နောက် စာသင်နှစ်သစ်စမယ်။

ဒီနှစ်တက်ထားသူတွေထဲက စာလိုက်သူတွေက နောက်လဲ အခန်းပြောင်းကြရတယ်။ လူသစ်တွေလာကြမယ်။ အင်္ဂလိပ်စာတိုးတက်လာကြတယ်။ ဓါတ်ပုံရိုက်ပေးတဲ့ မရာချင်းကျောင်းသားလည်း အတန်းတက်မယ်။

မြန်မာပြည်က ကျောင်းသူကျောင်းသားတွေ လျှောက်လွှာတင်ထားကြပြီးပြီ။ နောက်အပတ်ထဲမှာ ကျောင်းသားသစ်တွေ ဝင်ခွင့်ကိစ္စ ဘာသာပြန် စကားပြန်လုပ်ပေးဘို့တော့လာရဦးမယ်။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂ဝ၁၇
Photo by Phei Pheitisi

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Djenkol bean တညင်းသီးကျန်းမာရေး

၁။ တညင်းသီးက ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ ဟုတ်ပါသလား ဆရာ ၂။ ဆရာကခင်ဗျာ၊ တညင်းသီးက လူခန္ဓာကိုယ်အတွက် အကျိုးပြုပါသလားခင်ဗျာ ကျန...