Firefly (Lampyridae) ပိုးစုန်းကြူးအလင်း

ဆေးကျောင်းကသူငယ်ချင်းတွေ ပြောနေကြတာဖတ်ရတယ်။ ကြီးလာလေ သိလာလေတဲ့။ ကြာလေ တန်ဖိုးရှိလေတဲ့။

အညာကဆေးကျောင်း ပြန်ပြောင်းအောက်မေ့စရာ ကဗျာတော့မဆန်ပါ။

• သွေ့ခြောက်ခြောက် တမာပင်တွေဟာ ဝေဆာနေကြဆဲ။
• ကျိုးကျဲကျဲ စိန်ပန်းပွင့်များ ငွါးစွင့် နီရဲရဲ။
• အရွယ်မပျို အိုနေတဲ့ ကုက္ကိုပင်က အပွင့်များ လေမှာတဝဲဝဲ။
• ငယ်ရုပ်မပြောင်းတဲ့ ထနောင်းပင် နားဝင်ခိုသူ ခူးယူသူ မနည်း။
• တော်မဝင်တဲ့ ပုဏ္ဍရိက်ပင် (ပုဏ္ဏားရိပ်ပင်) ဟာ ခြံစည်းရိုးတွေမှာ ရှင်နေကြမြဲ။
• ဖုံတွေလိမ်းကျံနေတဲ့ ဗာဒမ် (ဗာဒံ) ပင်အောက် အရိပ်ခိုနေသူတွေ ရောက်လာမစဲ။
• ပပ်ကြားအက်မြေပြင်က မြက်ပင်တွေပေါ်မှာ အဖေါ်များနဲ့ ကစားသွားလာနေသူများ ချွေးသံတရွှဲရွှဲ။

ပိုးစုန်းကြူးအလင်းရောင်ကို ညခင်းမှောင်မှသာ မြင်ကြရပါ၏။

ဒေါက်တာတင့်ဆွေ
၂ဝ-၆-၂ဝ၁၇
ညနေ ၆ နာရီ၊ ဝ၆ မိနစ်။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး