Saturday, June 24, 2017

NLD အင်နယ်လ်ဒီ စီစီ အစည်းအဝေး

လုပ်ဖေါ်ကိုက်ဖက်တွေ တက်နေကြတယ်။ လူဟောင်းတွေထဲမှာ ကျွန်တော်နဲ့သာသိပြီး အချင်းချင်း မခင်မင်ရသေးတူတွေ ကျွန်တော့်နာမည်မေးမိရာက သိသွားလို့ ဝမ်းသာအားရ မနေ့က လှမ်းပြောတယ်။ ကျွန်တော်ပါ အားရဝမ်းသာဖြစ်ရတယ်။ အစည်းအဝေးဆိုတာ ဆုံချက်ဖြစ်တယ်။ ကိုယ်မတက်ရပေမဲ့ ဆုံနေတယ်။ စုံနေတယ်။

ကျွန်တော်က စီစီ မဖြစ်ဖူးပါ။ အင်နယ်လ်ဒီပါတီမှာ အင်္ဂလိပ်စာလုံးအတိုကောက်သုံးကြတာ အစကတည်းကပါ။ အဲလိုခေါ်ရတာ လွယ်ကူတယ်။ နားလည်ကြတယ်။ ခေတ်ဆိုတာ လွယ်ကူရှင်းလင်းတာကိုပြောင်းလာရတာမျိုးဖြစ်တယ်။ လွယ်ပြီးမှန်နေပြီးသား တကို တစ်လုပ်စေတာ ခေတ်အရပြောင်းတာမဟုတ်။ စနစ်က ခိုင်းတာ။ သတ်ပုံ မှားရေးတာ ခေတ်ဆန်တာ မဟုတ်။ အပြောင်းအလဲ မဟုတ်။ တစောင်းတလွဲ ဖြစ်တယ်။

ဒီချုပ်လို့ အရင်ကတည်းက သုံးတယ်။ အခုလည်း မှန်သေးတယ်။ အဖွဲ့ချုပ်လို့လည်းသုံးတယ်။ အဲလိုသုံးတာ မမှန်တော့ပါ။ အဲလိုအပြောင်းအလဲက သဘာဝကျတယ်။ လူဟောင်းနည်းနည်းနဲ့ လူသစ်တွေများလာပုံရတယ်။ အဲတာလည်း ဖြစ်ရိုးဖြစ်စဉ်သာဖြစ်တယ်။

အဝေးကနေ၊ အပြင်ကနေ ဝေဖန်ကြတယ်။ အင်နယ်လ်ဒီမှာ ဒေါ်စုကလွဲရင် လူမရှိဘူးတဲ့။ ကနေ့ ထိပ်ပိုင်းမှာ တာဝန်ယူနေကြသူတွေ အရင်က သူလိုကိုယ်လိုနေရာမှာသာရှိခဲ့တယ်။ တန်တဲ့နေရာတွေမှာ တာဝန်ယူလာကြရတယ်။ အဲတာက အပြောင်းအလဲဖြစ်တယ်။ ရှင်သန်နေခြင်း ဖြစ်တယ်။

ဝေဖန်နေသူတွေလည်း ရှင်တဲ့သူတွေက အာဘောင်အာရင်း သန်ကြဆဲဖြစ်တယ်။ အဲတာလည်း နော်မယ်ပါပဲ။ သန်တာထက် မှန်တာက ပိုကောင်းတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၆-၂ဝ၁၇
Photo from Daw Khin San Hlaing

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...