My humble wish for Media မီဒီယာသမားများအတွက် ဆုတောင်း

ဒီရက်တွေမှာ မီဒီယာသမားတွေ အဖမ်းခံရတဲ့သတင်းတွေ ထွက်တယ်။ မနှစ်ကဒီရက်မှာလည်းရှိခဲ့တယ်။ ဆဲဗင်းဒေး နေ့စဉ်သတင်းစာနှင့် တပ်မတော်အရာရှိများကြေညာချက်ထဲမှာ သတင်းတစ်ပုဒ်၊ တစ်ရပ်ရပ်၊ တစ်စုံတစ်ယောာက်လို့ ရေးထားတာကို ဖတ်ရတယ်။ အမှုတော့ တစ်မနေလောက်ကောင်းပါရဲ့လို့ရေးခဲ့တယ်။

အရင်ခေတ်က နေ့စဉ်သတင်းစာကို အများစုက အားကိုးကြတယ်။ သတင်းစာမှာရေးတဲ့အကြောင်းအရာနဲ့ အရေးအသားက စာဖတ်သူတွေအပေါ်လွှမ်းမိုးတယ်။ သင်ကြားပေးရာရောက်တယ်။ ကနေ့ကာလမှာ အပတ်စဉ်ထုတ်ကို ခုနစ်ရက်မှာ တခါဖတ်ကြတယ်။ ဖေ့စ်ဘွတ်ကို မိနစ်တိုင်းမှာ ဖတ်နေကြတယ်။ အရေးအသားက စာဖတ်သူတွေအပေါ် လွှမ်းမိုးတယ်။ သင်ကြားပေးရာရောက်တယ်။

လူအများစုကို သင်ကြားရာရောက်တာတွေက မှန်ကန်သင့်မြတ်မှသာ တိုင်းသူပြည်သားတွေ မှန်ကန်သင့်မြတ်တဲ့ အသိပညာတွေ တိုးတက်ပါမယ်။

မီဒီယာဖခင်တွေထဲက တစ်ဦးမဟုတ်ဖြစ်တဲ့ လူထုဦးလှလိုပဲ ဆုတောင်းလိုက်ပါတယ်။ တစ်ချက်လွှတ်မဟုတ် အမိန့်တော် ပြန်တမ်းဘေးက ကင်းဝေးကြပါစေသည်း။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂ဝ၁၆
၂၇-၆-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး