Thursday, June 29, 2017

Donation box ပံ့သကူပစ္စည်း

သမိုင်းအချက်အလက်လေးတွေ ရေးတင်တိုင်း အငြင်းပွားစရာတွေ့တာချည်းပဲ။ ကျွန်တော်လိုလူကိုအသာထား အများလေးစာတဲ့ သမိုင်းပညာရှင်ကနေရေးတာကို သမိုင်းဒေါက်တာဘွဲ့ရတယောက်ကနေ စစ်အစိုးရပိုင်သတင်းစာမှာ ငေါ့ရေးတယ်လို့ ကွန်မင့်ရေးပေးတယ်။

သမိုင်းဆိုတာ အထောက်အထားလိုတယ်။ အထောက်အထားဆိုတာ ဘယ်သူတွေကနေ ဘယ်တုန်းကရှာတွေ့တာလဲ။ ဘယ်စာအုပ်ထဲကလဲ။ နိုင်ငံတိုင်းနဲ့ ခေတ်တိုင်းမှာ ပေါ်လစီသမိုင်းတွေရှိတယ်။ နာဇီခေတ်မှာ ဂျာမန်မျိုးဗီဇ ဆေးပညာ သုတေသနထွက်ခဲ့တယ်။ ဟစ်တလာခေတ်က ဆေးပညာရှင်တွေပြောတာ နာဇီ။ ဗိုလ်ချုပ်နေဝင်းလက်ထက်မှာ သတ်ပုံပြောင်းတာ့

စစ်အေးခေတ်မှာ လက်ဝဲ-လက်ယာ သူတို့သာတာတွေချည်း ရေးတဲ့စာတွေ၊ စပ်တဲ့ကဗျာတွေ၊ ရိုက်တဲ့ရုပ်ရှင်တွေ ပလူပျံနေအောင်ထွက်ခဲ့တယ်။ သူ့အလုပ် သူလုပ်ကြတာ။

ကျွန်တော်က ဆေးပညာစာ၊ သမိုင်းနဲ့ မြန်မာစာကို ဘလော့နဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတယ်။ သာလာယံဇရပ်နံရံမှာ ရေးရသလိုပဲ။ မကြိုက်တဲ့သူက အောက်ကနေ ရေးချင်တာ ရေးခြစ်သွားကြတယ်။

မျက်စိအောက်တင် မျက်ဝါးထင်ထင်မြင်သိထားတာကို ပြန်ပြောလို့လည်း ကက်ကက်လန်ငြင်းဆန်တာ မကြာခဏ ကြုံရတယ်။ မြန်မာစာသတ်ပုံကို ပုံနှိပ်စာအုပ်ပါဓါတ်ပုံရိုက်ပြလည်း အလကားပါကွာသမားတွေကမနည်း။

ကျွန်တော် ရေးတာတွေကို သိသူဖေါ်စား မသိသူကျော်သွားလို့မပြောလိုပါ။ တန်ဆောင်မုန်းလပြည့်ညမှာ စွန့်လှူထားတဲ့ ပံသကူပစ္စည်းလို့သာ အောက်မေ့စေချင်ပါတယ်။ ကိုယ်အသုံးမလိုရင် ကောက်မယူပဲ အသာထားခဲ့ပါ။ နောက်လူရှိတယ်။ တံတွေးတော့ ထွေးမထားခဲ့ပါနဲ့။

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ။ ဘယ်မှာနေနေ အသိပညာကုံလုံကြွယ်ဝကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂ဝ၁၆
၂၉-၆-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Cleaning အမှိုက် နှင့် အိမ်ဦးခန်းပိုစတာ

Hi ကူးစက်ရောဂါအောက်မှာ ဥပေက္ခာရှေ့ထားမှ ဖြစ်မယ်ထင်တယ်ဆရာ တဲ့။ ဥပေက္ခာစကားလုံးက အဓိပ္ပါယ်လေးနက်တယ်။ လွယ်လွယ်လေးသာ ပြောပါရစေ။ ကျွန်တော်က ကိ...