King Lear မင်းသုဝဏ် သတ်ပုံစစ်ခြင်း

Soe Min Tun ဂန္တဝင်ကို တို့ထိကြည့်ခြင်း

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က လီယာမင်းကြီးဆိုတဲ့ ဆရာမင်းသုဝဏ်ရဲ့ ဘာသာပြန်ကို ဖတ်တုန်းက ဘာသာပြန်ပုံကို သိပ်သတိမထားမိခဲ့ဘူး။ ဖတ်လို့ကောင်းတာကိုပဲ သိခဲ့တာ။ အခုမှ ဟိုရှာဒီရှာလျှောက်ရှာ၊ ဟိုဖတ်ဒီဖတ် ဖတ်ရင်း King Lear ကို အင်္ဂလိပ်လို ရှာဖတ်မိတယ်။ ပထမစာမျက်နှာမှာတင် ရွာလည်သွားတော့တယ်။ ဒါနဲ့ မဖြစ်သေးပါဘူးဆိုပြီး ဆရာမင်းသုဝဏ်ရဲ့ဘာသာပြန်ကို ရှာမိတယ်။ ဘာသာပြန်နဲ့ မူရင်းကို တိုက်ဆိုင်ဖတ်ရင်း ဆရာမင်းသုဝဏ်ရဲ့ ဘာသာပြန် လက်စွမ်း အံ့မခန်းကို သတိထားမိတော့တယ်။ ပထမအခန်းမှ ရှိတ်စပီးယားရဲ့ မူရင်းစကားအချို့နဲ့ ဘာသာပြန်လက်ရာ အချို့ကို ဖတ်ရှုလေ့လာကြည့်ကြပါခင်ဗျား။

ကင့်။ ဪ၊ ဒါနဲ့ သည်လူငယ်က အရှင့်သားမဟုတ်ပါလား။

ဂလော်စတာ။ အင်း၊ သူ့ကို ကျွေးမွေးသုတ်သင်ဖို့က ကျုပ်ရဲ့တာဝန်ဖြစ်ခဲ့ပါတယ်ဗျာ။ သူ့ကို သားလို့ပြောရတဲ့အတွက် မျက်နှာပူခဲ့ရပေါင်းများပါပြီ။ အခုတော့ အရေထူသွားပါပြီလေ။

ကင့်။ မြို့စားမင်း ဘာဆိုလိုပါသလဲ။ ကျုပ်မယူ တတ်ဘူး။

ဂလော်စတာ။ မြို့စားမင်းကသာ မယူတတ်တာ။ သူ့အမေကတော့ ယူတတ်တယ်ဗျိုး။ သန္ဓေယူတာလေ။ ယူတယ်ဆိုရင်ပဲ သူ့ဗိုက်ကြီးဟာ လုံးလုံးလာပြီး သဉ္စာမှာ ကြင်ရာနဲ့ မစက်ခင်က၊ ပုခက်တင်မင်္ဂလာကိုပေးဖို့ ဟောဒီကောင်ကို မွေးပါလေရောဗျို့။ အပြစ်နံ့များ ထွက်ပါသလားဗျ။

ကင့်။ အပြစ်ဆိုရင်လည်း မဖြေစေလိုပါဘူး မြို့စားမင်း။ အပြစ်ကမွေးတဲ့သားက လူချောကလေးပဲဟာကိုး။
သို့သော်လည်း ကျုပ်မှာ တရားဝင်သားတယောက်ရှိပါသေးတယ်။ သူ့ထက် တနှစ်လောက်ကြီးပါလိမ့်မယ်။ တရားဝင်သားမို့လို့ အချစ်တော့မပိုပါဘူးလေ။ ဟောဒီသူငယ်ဟာ အခေါ်မလွှတ်ခင် လူတောထဲကို ဇွတ်တိုးဝင်လာတဲ့ လူဆိုးကလေးပဲဗျ။ ဒါပေမယ့် သူ့အမေက တယ်ချောတယ်လှပဲ။ ကလေးရအောင်အားထုတ်ရတာကလည်း ပျော်စရာအကောင်းသားဗျို့။ ဒါ့ကြောင့်လည်း ဟောဒီဗိုင်းတာမသားကို သားအဖြစ်နဲ့ အသိအမှတ်ပြုရပါတယ်။

ကျွန်တော့်မှတ်ချက်
သူ့ထက်တနှစ်လောက်ကြီးပါလိမ့်မယ်သတ်ပုံကို စစ်ပေးပါဦး။ မင်းသုဝဏ် သတ်ပုံမှားရေးသလားလို့။ Smile!

ဒေါက်တာတင့်ဆွေ
၂၉-၆-၂ဝ၁၆
၂၉-၆-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)