Schoolgirl Spelling ကျောင်းသူသတ်ပုံ

၁၉၇၁ ခုနှစ်ထုတ်၊ ဖူးငုံသစ်စ ကဗျာများ၊ အမှတ် (၃) အစိုးရ အမျိုးသမီးအထက်တန်းကျောင်း၊ တောင်ကြီးမြို့

ပြည်ထောင်စုနေ့သို့ကဗျာ
• ချယ်ရီပွင့်လန်း၊ မောတို့သျှန်းက၊
• မိနန်းကလေးမှာလိုက်တယ်။
• မောတို့ပျော်ရာ၊
• တောင်သာယာကို။.
• တခါတခေါက်၊ အလည်ရောက်အောင်လာခဲ့ကွယ်။ အေးအေးမွန် (တလိုင်း)

ဒို့တာဝန်
• ကျောင်းသူကျောင်းသား၊
• ဒို့အများ၊
• ကြိုးစားမြတ်ပညာ၊
• တနေ့သင်ရ။
• ပညာလှ၊
• ကျက်ပါ့နေ့မကွာ၊
• သိပ္ပံ ဝိဇ္ဇာ၊
• ကိုယ်သန်ရာ၊
• လေ့လာဆည်းပူးပါ။။
• ကျောင်းမှန်မှန်တက်၊
• စာမခက်၊
• တသက်မှတ်ကြပါ။ သမီးဇံ (ရာမည - မော)

တစ်ခါတစ်ခေါက် မဟုတ်ပါ။ တစ်နေ့သင်ရ မဟုတ်ပါ။ တစ်သက်မှတ်ကြပါ မဟုတ်ပါ။ ကဗျာရေးတဲ့ ကျောင်းသူတွေဟာ ကလောင်နာမည်တွေအရ တိုင်းရင်းသူလေးတွေဖြစ်ကြတယ်။ ရွှေဗမာတွေ၊ ရွှေဆရာကြီးတွေ၊ ရွှေစာရေးဆရာတွေ၊ ရွှေကဗျာဆရာတွေ၊ ရွှေအယ်ဒီတာတွေ သိကြစေချင်တယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၆-၂ဝ၁၆
၃ဝ-၆-၂ဝ၁၇
Photos from Aye Aye Mon

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး