Thanks for your help အကူအညီ

ဆရာ ကျွန်တော့ နာမည့့် ပါ။ မိန်းကလေးပါ။ စကားပြောရင် ကျွန်တော်လို့ပဲပြောတတ်လို့ ခွင့်လွှတ်စေချင်ပါတယ်။ ဆရာတင်တဲ့စာတွေကို အမြဲလိုလို ဖတ်ဖြစ်ပါတယ်။ မသိတာတွေ ပိုသိရလို့လည်း ကျေးဇူးတင်ပါတယ်။ ဆရာရဲ့ Medical abbreviations ကို မြန်မာ-အင်္ဂလိပ် ရှေ့နောက်ပြန်ပြောင်းထားတာ တွဲပို့ပေးထားပါတယ်။ ကျွန်တော် ကူညီနိုင်တာရှိရင် ပြောပါဆရာ။ တနင်္ဂနွေနေ့ဆို အလုပ်အားပါတယ်။ ကူနိုင်တာဝိုင်းကူပေးပါ့မယ်။ လေးစားစွာဖြင့့်

ကျွန်တော့် နှမနှစ်ယောက်၊ သမီးနဲ့ အကြီးဆုံးမြေးမကပါ ကျွန်တော်လို့သာသုံးကြတယ်။

ဆေးစာလုံးတွေကို မြန်မာလိုဘာသာပြန်စဉ်က အစီအစဉ်တည့်အောင်၊ သတ်ပုံစတာကို ကူညီခဲ့သူ (၃) ယောက်ကို ကျေးဇူးတင်တယ်။ သူတို့နာမည်တွေ မေ့နေပြီ။ ဆောရီး။ အီးမေးလ်မှာတော့ရှိတယ်။

• Medical vocabulary ဆေးစာ ဝေါဟာရများ (အင်္ဂလိပ်-မြန်မာ) http://doctortintswe.blogspot.com/2014/11/medical-abbreviations.html
• Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်) http://doctortintswe.blogspot.com/2015/12/medical-vocabulary.html

ဒေါက်တာတင့်ဆွေ
၂၇-၆-၂ဝ၁၅
၂၇-၆-၂ဝ၁၇

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး