I am confused ဘာဖြေရမလဲ မသိတော့ပါ

• JUN 10TH, 5:43AM မင်္ဂလာဆရာကူညီတောင်းချင်းလိုပါ ၃လဆေးသမီး၅လပိုင်း၁၄ရက်ကပြည့်တာပါဆရာ ဆေးထိုးတာမတည့်ဘုဆရာ သွေးနည်းနည်းဆင်းတယ်ဆရာ အခုထိလည်းဆင်းနေတယ်ဆရာ ၃လဆေး အရှိန်က ဘယ်တော့မှာပြေတာလဲဆရာ သမီးမသိလိုပါဆရာ

• JUN 10TH, 10:54AM Dr. Tint  မေးနည်းစည်းကမ်းပို့လိုက်။

• ကျားအသက် ၃၉ မအသက် ၂၂ အိမ်ထောင်အသက် ၅လ ၃လဆေးနဲ့မတည့်ပါဘု ၃လဆေးထိုးတာ ၅လပိုင်း ၁၄ရက်က ပြည့်တယ်အခု ရာသီကဆင်းနေတယ် ခလေးလဲယူချင်တယ် ၂လပိုင်း ၁၄ရက်က ၃လဆေးထိုးတာပါ

• Dr. Tint Swe မတည့်လို့တော့ မခေါ်။ တားဆေးထဲမှာ ဟော်မုန်းပါ။ ဟော်မုန်းက သက်ရောက်မှု မတူကြ။ ဖြစ်တတ်။ စောင့်ရင် ဟော်မုန်း မူမှန်ပြန်ဖြစ်မယ်။

• ခလေးဘယ်တော့ရနိုင် ၃လဆေးပြည့်ပီ အခုသွေးနည်းနည်းဆင်းနေတယ် ဘယ်လောက်ကြာမလဲ

• JUN 10TH, 12:25PM ဆရာက မသိနိုင်။ တဦးချင်းကို စမ်းသပ် + စစ်ဆေးရ။ ဆရာ့ဘလော့မှာ ဖတ်လိုက ဖတ်နိုင်။

• JUN 10TH, 11:39PM ဆရာနဲ့ပြမယ်ဆိုပြလိုရလား ဘယ်မှာထိုင်လဲ

• JUN 11TH, 12:40AM Dr. Tint  မေးနည်းစည်းကမ်းပို့လိုက်။

• JUN 11TH, 1:41AM နာမလည် ဖြစ်တာပြောပြတာ အားကုန်ပါ

• JUN 11TH, 7:58PM မေးနည်းစည်းကမ်း ဖတ်ပါသလား။ အသက်-ကျား-မ-ဘာဖြစ်နေ-ဘာဖြစ်ချင် မသိတာကို ဖြေမရပါ။

• JUN 12TH, 12:24AM ကျားအသက် ၃၉ မ အသက်က ၂၂ ခေါင်းမူးတယ် ဆီးခဏခဏသွားတယ် အိပ်မပျော်ဘူး ဆီးစပ်ကနာတယ် ထမင်းမစားချင်း ရာသီကကနည်းနည်းလာပီ အခုရာသီမလာဘု

• Dr. Tint Swe ဖြစ်တာ ကျားလား မ လား မသိ။

• JUN 13TH, 3:58AM မဖြစ်တာပါ မ ပါ

• JUN 13TH, 11:00PM မေးနည်းစည်းကမ်း ပို့ထားပြီး။ အချက်အလက်စုံ မပြောလိုသူများ မေးနည်းထဲပါ ဘလော့မှာ ဖတ်လိုက ဖတ်နိုင်။

• (၁) မ အသက် ၂၂ ၃လဆေးထိုးတာ၁လပြည့်ပီ (၂) အခုရာသီလာတယ် (၃) ၃လဆေးပြယ်ပီလား

• JUN 14TH, 12:49AM ဖြေပေးပါ

• JUN 14TH, 8:43PM Depo Provera သုံးလခံ ကိုယ်ဝန်တားထိုးဆေး http://doctortintswe.blogspot.com/2016/04/depo-provera.html

• JUN 15TH, 5:50AM ခလေးယူမလိုပါ မထိုးဘု

• JUN 15TH, 9:46PM မေးတာကို နားမလည်။ ဆောရီး။

• ခေါင်းမူးနေတယ် အန်ချင်တယ် မအန်ဘု ဒီနက်ကဆီးစစ်တယ် တချောင်ဘဲပေါ်တယ်ဘဖြစ်တာလ နေလိုထိုင်မကောင်းဘု  ကိုယ်ကို ကိုယ်ဝန်ရှိနေတယ်လို ခံစားမိတယ်

• JUN 18TH, 7:41AM ဆရာဝန်ကပြောတယ်ရေအိတ်ရှိတယ် စိုးရိမ်ရလား ခလေးရောရနိုင်လား ရေအိတ်က ဘယ်ကနေစဖြစ်တာလဲ

• JUN 18TH, 2:39PM ဘလော့မှာ ဖတ်နိုင်။

• JUN 19TH, 4:27AM ဆရာဝန်ကိုပြတော့ ဗိုက်ထဲမှာ ရေအိတ်သေးသေးလေးတွေရှိတယ် စိုးရိမ်ရလား ဆေးသောက်တာ မသာသာဘု ဗိုက်အောင့်ရင်ဗိုက်ကကြီးလာတယ် ဗိုက်ကမအောင့်ရင် ဗိုက်ကချပ်သွားတယ် ဘဖြစ်တာလဲ

• JUN 19TH, 8:46PM ဘလော့မှာ ဖတ်နိုင်။

• JUN 20TH, 12:07AM နာမလည်ပါ မသိ

• JUN 23RD, 2:48AM သားအိမ်ရောင်တာ ကလေးရောရပါမလား ရေအိတ်သေး၂လေးတွေလဲရှိတယ် အကြံပေးပါ

• JUN 23RD, 1:39PM ဆေးစစ်ချက်စာ (ပုံမဟုတ်) မသိ။

• JUN 24TH, 12:37AM သာအိမ်ရောင်တာဘာရှောင်ရလဲ ဘာစားသင့်လဲ ရေအိတ်သေးသေးလေးတွေလဲ ရှိတယ်လို ဆရာမကပြောတယ် ကလေးရနိုင်မလား

• SAT 1:34PM မေးနည်းစည်းကမ်းကို ဖတ်ပါရန်။ စည်းကမ်းအတိုင်း မမေးလိုက တခြားဆရာဝန်ကို မေးပါရန်။

• SUN 5:12AM မလိုမေးရ

• FRI 11:27PM သားအိမ်ရောင်တာဆေးသောက်တာသက်သာပါတယ် အခုရာသီမမှန်သေးဘူးဖြစ်လို ရာသီမမှန်တာလဲ ဖြေပေးပါ

မေးခဲ့တာ ဖြေခဲ့တာတွေအကုန် အစကနေပြန်ဖတ်တယ်။
1. ၃ လခံထိုးဆေးမေးတယ်။
2. နောက် ကလေးရနိုင်လား၊ လိုချင်တယ်ပြောလာတယ်။
3. နောက် ၃ လခံထိုးဆေးထပ်မေးတယ်။
4. နောက် မထိုးဘူး ပြောတယ်။
5. နောက် ရေအိတ်ရှိတယ် ပြောတယ်။
6. နောက် သားအိမ်ရောင်တာ မေးတယ်။

ဘာဖြေရမလဲ မသိတော့ပါ။ ဆောရီးဗျာ။

ဒေါက်တာတင့်ဆွေ
၁-၇-၂ဝ၁၇
ည (မနက်) ၂ နာရီ၊ ၃ မိနစ်။

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး