Footprints အတိတ်ခြေရာ

အနာဂတ်ကောင်းကင်မှာ မင်နဲ့ရေးဘို့ရာ ကြိုးစားခဲ့တာ အတိတ်နံရံမှာ မှန်ဘောင်သွင်းစရာတွေ ရှိရှိလာတယ်။

နောက်တလှမ်းရွေ့တိုင်း ရပ်နေတဲ့အောက်မှာ ထင်ကျန်ရစ်တာ ကိုယ့်ခြေရာ။ တခါတခါ ဖေါ့နင်းထားလို့ မထင်မရှား။ ရွံ့ဗွက်ထဲအသွား ခြေမ ကုပ်ထားရတာမို့ အထင်းသား။ မြက်ပင်ကြား ကားဖိနပ်နဲ့သွား၊ ဆူးလေပင်ကြား ခုံဖိနပ်နဲ့ ကစား။ (ကားဖိနပ် = ကားတာရာကိုကြိုးလုပ်ထားတဲ့ဖိနပ်)

ဆေးရုံ ဆေးခန်းတွေမှာ ကတ္တီပါသည်းကြိုးတပ် သားရေဖိနပ်။ သပ်သပ်စီးစရာ ခွဲစိတ်ခန်းထဲအဝင်မှာ အပြင်က စီးလာတာကို ချွတ်။ နံပတ်က ဘာဖြစ်ဖြစ်၊ အရောင်က ဘာနေနေ၊ အဆင်ပြေတယ်။

ဆရာဝန်အဖြစ်ကနေ နိုင်ငံရေးထဲအရောက် ဖိနပ်ပေါက်တယ်။ အသစ်စီးရတာမို့ပါ။ တခါတခါ ခြေဗလာ၊ တခါတလေမှာ ရှူးဖိနပ်ပါ။ နင်းစရာ ကြမ်းခင်း၊ ကွန်ကရစ်ခင်း၊ ကော်ဇောခင်း၊ မြက်ခင်း။ နိုင်ငံရေးမြင်ကွင်းမှာ အရောင်ပြောင်းကြသူတွေ ရှိတယ်။ ကျွန်တော့်မှာ စုစုပေါင်းတရံတည်းသာ၊ မောင့်ကျက်သရေ မပါ။ အတိတ်နံရံမှာ မှန်ဘောင်သွင်းစရာ။

တရားခံခြေရာကို လိုက်ရှာတဲ့ ရှားလော့ဟုမ်းရဲ့ ရောင်းရင်းက ဆရာဝန်။ ဆရာဝန်ကို ရန်သူလိုဆက်ဆံတာ ထောက်လှမ်းရေး။ အနာဂတ်ကောင်းကင်မှာ မင်နဲ့ရေးဘို့ရာ ကြိုးစားခဲ့တာ။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၇
ညနေ ၅ နာရီ၊ ၃၅ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ