Tongue Class ဗူးသီးကြော်စကား

မန္တလေးက အသိဆရာဝန်အမျိုးသမီးတယောက်က ရေးပါတယ်။ မြန်မာနိုင်ငံဆရာဝန်အသင်း မန္တလေး အမျိုးသမီးအဖွဲ့မှ ကြီးမှူး၍ အင်္ဂလိပ်စကားပြော အခြေခံသင်တန်းကို ၂၇-၆-၂ဝ၁၆ မှ စက်တင်ဘာလကုန်အထိ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် နေ့လယ် ၁ နာရီမှ ၄ နာရီအထိ ပြုလုပ်မှာဖြစ်ပါတယ်။ စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါတယ်။

ကျွန်တော်က မေးလိုက်တယ်။ ဗမာစကားပြောသင်တန်းရှိရင်လည်း ပြောပါဦး။

အဟုတ်ပြောနေတာ။ ကွန်ပလိန့်တွေမှာ အထူးကုဆရာဝန်တွေမှာ စကားပြောချိန်မရှိကြလို့တဲ့။

လူနာတွေနဲ့စကားပြောရတာ လွယ်တာတော့မဟုတ်ပါ။ ကျွန်တော် ပြည်ပမှာ ပိုက်ဆံမယူပဲဆေးခန်းဖွင့်တော့ လူနာတွေ အများစုက ချင်းပြည်နယ်ကလာသူတွေ။ သူတို့နဲ့ဆို ဗမာစကားကို ချပြောမှရတယ်။ မျိုးပွါးလမ်းရောဂါ စကားလုံး ရှာမရတာက များတယ်။ လက်ဟန်ခြေဟန်နဲ့လည်း မဖြစ်။ အညစ်အကြေးကျ တစ်တစ်ခွခွပြောမှ။ ပြီးရင် ကိုယ့်ပါးစပ်ကို တစ်ရှူးနဲ့ သုတ်ရတယ်။

ယူအက်စ်အေမှာလည်း ချင်းပြည်နယ်ကလာသူက အလွန့်အလွန်များတယ်။ နေရာဌာနတွေမှာ စကားပြန်အလုပ်တွေ ရနေတာကလည်း သူတို့ပဲ။ သူတို့ထဲက တချို့ပြောတဲ့ဗမာစကားကို ဗမာတွေ၊ ကချင်တွေ၊ မွန်တွေ၊ ရခိုင်တွေ၊ ကရင်တွေက သိပ်နားမလည်ကြပါ။ မနေ့က ကျောင်းကပြန်လာတော့ ချင်းပြည်နယ်ကကျောင်းသူက မေးတယ်။ ဆရာ မြက်ကို အင်္ဂလိပ်လိုဘယ်လိုခေါ်လဲတဲ့။ Grass ခေါ်တယ်၊ Lawn ဆိုတာမြက်ခင်းလို့ဖြေလိုက်တယ်။ သူ့အရေပြားမှာ အလာဂျီဖြစ်လို့ ဆေးရုံသွားတာ စကားပြန်လုပ်တဲ့သူက မြက်ကိုမပြောတတ်ဘူးတဲ့။ အော့့် အလာဂျီကြောင့်ဆိုရင် Weed ပေါင်းပင်လို့လည်းခေါ်တယ်။ ဒီမှာက Poison Ivy ဆိုတဲ့အပင်က အလာဂျီသိပ်ဖြစ်တယ်။ ပန်းနာတောင်ဖြစ်တယ်။

မြန်မာပြည်မှာ ဗမာစကားကို လူမျိုးကြီးဆိုပြီး လက်မခံချင်ကြ။ အင်္ဂလိပ်လိုဆို ဘိုရူးတဲ့။ ဗူးသီးကြော်စကားပဲ လွှမ်းမိုးလာတာ အဲတာကြောင့်။

ဒေါက်တာတင့်ဆွေ
၂၂-၆-၂ဝ၁၅
၂၂-၆-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ