KG Reader မြန်မာဖတ်စာ သူငယ်တန်း

အရင်ကထုတ်တဲ့ စာအုပ်မှာ စောစောထ သွားတိုက် မျက်နှာသစ် အိပ်ယာသိမ်း။ အစိုးရကပြောင်းခိုင်းလို့ အိပ်ယာကို အိပ်ရာလို့ရေးလာကြတယ်။ မှန်ပါမလား စဉ်းစားနေတယ်။

အခုထုတ် စာအုပ်မှာ က ကလေးငယ်ချစ်စဖွယ် ခ ခရေကုံး မလေးပြုံး ဂ ဂဏန်းသင် ပြုံးရွှင်ရွှင်။ သင်ပုန်းကြီးဖတ်စာ မကျေသူတွေက ကလေးကို ခလေးလို့ရေးကြတယ်။ ကျွန်တော့်ဆီကို တနေ့ မှာ ၉-၁ဝ ယောက်က အဲလိုရေးမေးကြတယ်။

သူငယ်တန်းဖတ်စာ စာမျက်နှာ (၁၂) မှာ ရွာလူကြီးများ ကြွလာပြီလို့ ပါပေမယ့် ပြီကို ပီလို့ ရေးနေကြတယ်။ ကျွန်တော့်ဆီကို တနေ့ မှာ ၇-၈ ယောက်က အဲလိုရေးမေးကြတယ်။

အခုထုတ်သတ်ပုံစာအုပ်တွေမှာ ကြင်ရာလို့သာရေးထားတယ်။ ရွှေတိုင်ညွန့်ရေးတဲ့ ကြင်ယာတော်သီချင်းရှိတယ်။ မြတ်စွာဘုရား၏ကြင်ယာတော် = ယသော်ဓရာလို့ရေးထားတာလည်းရှိတယ်။ မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၂)၊ စာမျက်နှာ (၆၅) မှာ လူဝီဘုရင်များ အကြောင်းထဲမှာ ပဌမကြင်ယာတော်ဖြစ်သူ ဂျုံးမင်းသမီးကို ကွာရှင်း၍ ဆဋ္ဌမချားဘုရင်၏ ကျန်ရစ်ခဲ့သော ကြင်ယာတော် အန်းနှင့်လက်ထပ်သည်လို့ရေးထားတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၆-၂ဝ၁၆
၃ဝ-၆-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး