The first day of summer နွေရဲ့အစဆုံးနေ့
ည (၁၂) နာရီကျော်ရင် နွေရာသီရဲ့ပဌမဆုံးနေ့တဲ့။ ကျွန်တော်က မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲမှာ အနှစ် (၄ဝ) ကြာ၊ ဒေလီမှာက (၂၄) နှစ်ကြာ နေလာတာ၊ သူတို့နွေကို မမှုပါ။
တိုင်းပြည်တိုင်းမှာ နေရာမတူရင် ရာသီဥတုမတူပါ။ အိန္ဒိယမှာနေခဲ့တဲ့ နယူးဒေလီဆိုတာ လူတွေနေထိုင်ဖို့ မသင့်ဆုံး ရာသီဥတုရှိတဲ့အရပ်ဖြစ်တယ်။ အင်ဒီယာနာမှာက ဆောင်းဆိုရင် နှင်းများတာနာမည်ထွက်တယ်။ ယူအက်အေမှာ နေရာအတော်များများကို မရောက်ဖူးသေးပါ။ မြန်မာပြည်မှာ ရာသီဥတုကောင်းတဲ့အရပ်ဒေသတွေ အများကြီးရှိပေမယ့် မနေခဲ့ရပါ။ ကိုယ်နဲ့ ကံထိုက်တဲ့အရပ်မှာနေရတယ်လို့ အနှစ် (၇ဝ) လောက်အတွေ့အကြုံကနေ ကောက်ချက်ဆွဲလို့ရတယ်။
အိမ်နောက်ဖေးက ပန်းအိုးလေးတွေပုံ ဒီစာနဲ့တွဲချင်လို့ ရိုက်လိုက်ပါတယ်။ သည်မှာက မိုးလေဝသ မှန်းလို့မရပါ။ တောင်ကလာမှမိုးလို့လည်း ပြောမရ။ မိုးစနေ လေရာဟုလို့လည်း ပြောမဖြစ်။ ဥတုရာသီ တောကိုမှီဆိုတာတော့ ဘယ်နေရာမှာဖြစ်ဖြစ် တူပါတယ်။ မြန်မာပြည်မှာ တောတွေ တောင်တွေ စိမ်းလန်းစိုပြေပါစေ။
ဒေါက်တာတင့်ဆွေ
၂ဝ-၆-၂ဝ၁၆
၂ဝ-၆-၂ဝ၁၇

Comments
Post a Comment