Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

• ကလေး တင်ပါးဆုံပြုသည့်အနေအထားဖြင့်မွေးခြင်း၊ - breech delivery
• ကလေး အတွင်းခံအဝတ်ကြောင့် ဖြစ်ရသည့် အနီစက်များ - diaper rash
• ကလေးငယ်များတွင်ဖြစ်သော ဗိုင်းရပ်စ် အဖျားရောဂါ - roseola
• ကလေးငယ်များအား စောင့်ရှောက်ခြင်း - nursery
• ကလေးမဖွါးမီ၊ ကိုယ်ဝန်ဆောင်ချိန် - prenatal (antenatal)
• ကလေးမရနိုင်ခြင်း - infertile
• ကလေးမမွေးစေရန် တားဆီးခြင်း - birth control
• ကလေးရနိုင်စေရန်အတွက် အကြံဥာဏ်ရယူခြင်း - fertility counseling
• ကလေးအထူးကု - pediatrician
• ကလေးအသေမွေး - stillbirth
• ကလေးမွေးချင်လို့နာ - labor pain
• ကလေးမွေးခြင်း - labor and delivery
• ကလေးမွေးပြီး စိတ်ဓါတ်ကျခြင်း - postpartum depression
• ကလေးမွေးရာတွင် လွယ်ကူစေရန်အားပေးသည့်နည်း - Lamaze method
• ကလေးမွေးလူနာဆောင် - maternity ward
• ကလေးမွေးစေရန် တမင်လုပ်ပေးခြင်း - induced labor
• ကလေးမွေးနိုင်ရန် မွေးလမ်းကြောင်း ချဲ့ကိုက်ခြင်း - episiotomy
• ကာကွယ်ဆေး - vaccine
• ကာကွယ်ဆေးထိုးခြင်း - Vaccination
• ကာဗွန်မိုနော့ဆိုက် - carbon monoxide
• ကာဗွန်ဟိုက်ဒရိတ်၊ (ကစီဓါတ်) (သကြား -အချိုဓါတ်) - carbohydrates
• ကာလဝမ်းရောဂါ - Cholera (ကိုလိုရာ)
• ကာလသားရောဂါ - venereal disease
• ကားမူးရောဂါ၊ ရွေ့ပြောင်းလျင်မူးချင်အန်ချင်သည့်ရောဂါ - motion sickness
• ကင်ဆာ - Cancer
• ကင်ဆာ - malignant (မလင်ဂနင့်)
• ကင်ဆာပညာ - oncology
• ကင်ဆာမဟုတ်သော၊ အန္တရာယ်မရှိသော - benign
• ကင်ဆာဆေးပေးခြင်း - chemotherapy
• ကင်ဆာရောဂါ (ဆဲလ်မတူသည့်ကင်ဆာ) - Neoplasm (နီယိုပလာဇမ်)
• ကင်းမလက်မဲ၊ ကင်းမြီးကောက် - scorpion
• ကီလိုဂရမ် - kilogram
• ကပ်နေသည့် အမြှေး၊ တွယ်ကပ်ခြင်း - adhesion
• ကပ်ရောဂါ (နေရာတကာပျံ့နေခြင်း၊ ကွက်၍ဖြစ်သော) - epidemic
• ကမ္ဘာနှင့်ချီ၍ ရောဂါဖြစ်လာခြင်း၊ (ကမ္ဘာ့ကပ်ရောဂါ) - Pandemic (ပင်ဒမစ်)
• ကယ်လိုရီ - calories
• ကွဲထွက်ခြင်း၊ (ဥပမာ သားအိမ် ကွဲခြင်း) - rupture
• ကွဲထွက်လာသည့် အပိုင်းအစ - splinter
• ကိုက်ခြင်း၊ ကိုက်ခဲခြင်း - ache
• ကိုယ်၊ ခါး တခြမ်းစောင်းနေသည့်ရောဂါ - scoliosis
• ကိုယ်လက်ကိုက်ခဲခြင်း - body ache
• ကိုယ်ဝန် - Pregnancy
• ကိုယ်ဝန်တားဆေး၊ တားနည်း - contraceptive
• ကိုယ်ဝန်ပျက်ခြင်း - miscarriage
• ကိုယ်ဝန်ပျက်စေရန် တမင်လုပ်ခြင်း - induced abortion
• ကိုယ်ဝန်ဖျက်ခြင်း - abortion
• ကိုယ်ဝန်ရှိခြင်း - Conception
• ကိုယ်ဝန်ဆောင်ချိန် - gestation
• ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရှိခြင်း - gestational diabetes
• ကိုယ်ဝန်ဆောင်စ ခံစားရသည့်လက္ခဏာများ - morning sickness
• ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်း - ANC
• ကိုယ်ဝန်ဆောင်နေသော - Pregnant
• ကိုယ်ဝန်ကြောင့်ဖြစ်သော ဗိုက်အစဉ်းကြောင်းများ - striations of pregnancy (Stretch marks)
• ကိုယ်ဝန်သွေးဆိပ်တက်ခြင်း - eclampsia (PET)
• ကိုယ်အလေးချိန်ကျခြင်း - weight loss
• ကိုယ်အလေးချိန်ကျစေရန် ခွဲစိတ်ပေးသည့်ဆရာဝန် - bariatric surgeon
• ကိုလက်စထော - cholesterol
• ကုန်ဆုံးသေဆုံးခြင်း - expiration
• ကုသမည့်အစီအစဉ် - treatment plan
• ကူးစက်ရောဂါ - Contagious or communicable disease
• ကျင်ခြင်း - tingling
• ကျည်ဆံ ဒဏ်ရာ - bullet wound
• ကျန်းမာနေသော - healthy
• ကျန်းမာရေးအရခွင့်ပြုချက် - medical excuse
• ကျားလိင်တံ - penis
• ကျို့ထိုးခြင်း - hiccups
• ကျူဘာကူလင် စမ်းသပ်နည်း (တီဘီ ရှိ -မရှိ) - tuberculin test
• ကြံလှီသွားခြင်း - atrophy
• ကြက်ညှာချောင်းဆိုးရောဂါ - Pertussis (Whooping Cough)
• ကြည့်ရှုစစ်ဆေးရန် အင်္ဂါထဲထိုးထည့်ရသည့်ကရိယာ၊ နှာခေါင်း၊ မွေးလမ်း - speculum
• ကြပ်နေသည့် အသက်ရှူသံ၊ ဥပမာ ပန်းနာ - wheezing
• ကြမ်းပိုး - bedbug
• ကြွက်တက်ခြင်း၊ ကြွက်သားနာခြင်း - cramp
• ကြွက်သား တစ်ရှူး - muscle tissue
• ကြွက်သား အဖျားနေရာ - tendons
• ကြွက်သားချောင်းရောင်ခြင်း၊ (ကြွက်သား အဖျားနေရာ) - tendonitis
• ကြွက်နို့ရောဂါ - Warts
• ကြီး-ဖေါင်းနေခြင်း - engorged
• ကျောက်၊ (ဆီး၊ သည်းခြေအိတ်) - Calculi (Stone)
• ကျောက်ကပ် - Kidney
• ကျောက်ကပ် စစ်ပေးခြင်း၊ - dialysis
• ကျောက်ကပ် လိုသလောက် အလုပ်မလုပ်နိုင်ခြင်း - kidney failure
• ကျောက်ကပ် အထူးကု - nephrologist
• ကျောက်ကပ် အလုပ်မလုပ်နိုင်တော့ခြင်း - renal failure
• ကျောက်ကပ်ထဲကပြွန်များ ရောင်ခြင်း - nephritis
• ကျောက်ကပ်များ - kidneys
• ကျောက်ကပ်အလုပ်မလုပ်နိုင်တော့သည့်ရောဂါ - Uremia (ယူရီးမီးယား)
• ကျောက်ပတ္တီးအဖုံး စသည်၊ အခွံ - cast
• ကျောက်ပတ်တီး - POP
• ကျောက်ကြီးရောဂါ - Smallpox (Variola)
• ကြောက်စိတ် - phobia

• ခါး - Back
• ခါး၊ လည်ပင်းတို့အား ပတ်ထားရသည့် အလိပ် - lumbar or cervical roll
• ခါးဆစ်ရိုးကြား အရိုးနုအပြား နေရာလွဲထွက်လာခြင်း - herniated disk
• ခါးရိုး - vertebra
• ခါးရိုးဆစ်ထဲ ထုံဆေးထိုးခြင်း၊ ဗိုက်မနာဘဲ ကလေးမီးဖွါးရန်၊ ကိုယ်အောက်ပိုင်း နေရာများ ခွဲစိတ်ရန် ထိုးသည့် ခါးထုံဆေးတမျိုး - epidural
• ခါးရိုးဆစ်ထဲ ထုံဆေးထိုးခြင်း၊ ဗိုက်မနာဘဲ ကလေးမီးဖွါးရန်၊ ခွဲစိတ်ရန် - epidural analgesia
• ခါးရိုးမကြီးထဲရှိ အာရုံကြောကြီး - spinal cord
• ခါးရိုးမကြီးထဲရှိ အာရုံကြောအရည် - spinal fluid
• ခါးရိုးမကြီးထဲရှိ အာရုံကြောအရည်ကို စမ်းသပ်ခြင်း - spinal test
• ခါးအောက်ပိုင်းနာခြင်း - lower back pain
• ခံနိုင်အားစမ်းခြင်း - stress test
• ခန့်မှန်းမွေးဖွါးနိုင်သည့်ရက် - expected due date (EDD)
• ခပ်နွေးနွေးပူသည့်ရေထဲ စိမ်ထားခြင်း၊ - sitz baths
• ခရမ်းလွန်ရောင်ခြည်ဖြင့်ကုသခြင်း - UVA (ultraviolet treatment)
• ခွဲစိတ်ခန်း - OR (operating room), OT (Operation theater)
• ခွဲစိတ်ဆရာဝန် - surgeon
• ခွဲစိတ်ပညာ - surgery
• ခွဲစိတ်ခြင်းမပြုမီ - pre-op
• ခွဲစိတ်ဖြတ်ထုတ်ခြင်း - resection
• ခွဲစိတ်အပြီး - post-op
• ခွဲခြားမြင်နိုင်သောပစ္စည်း - contrast material (for MRI)
• ချွတ်ဆေး (ကလိုရင်းပါသည့်ဆေး)၊ အရောင်ချွတ်ဆေး - belch
• ခုခံခြင်း၊ ဆေးမတိုးခြင်း - resistance
• ခုခံအား ကျဆင်းရောဂါ - AIDS (Acquired Immuno -Deficiency Syndrome)
• ခုခံအားကျရောဂါ လူမှာဖြစ်စေသည့် ဗိုင်းရပ်စ် - HIV - Human Immunodeficiency Virus
• ခုခံပေးသည့်ဓါတ် - antibodies (အင်တီဘော်ဒီ)
• ခဲကိုက်ထုံသလိုနာ - numbing pain
• ချက် - Navel (Umbilicus)
• ချက်စူ၊ ချက်မှ အူကျွံခြင်း - umbilical hernia
• ချက်ကြိုး - umbilical cord
• ချမ်းသည် - chills
• ချိုင်းထောက် - crutches
• ခြင် - mosquit
• ခြစ်ကုပ်ရာများ - scratches
• ခွေးရူးပြန်ရောဂါ၊ - Rabies
• ချွေး- sweat
• ခေါင်းကိုက်ခြင်း - headache
• ခေါင်းနောက်နေခြင်း - dizziness
• ခေါင်မူး၊ ခေါင်းကိုက်ရောဂါ - Migraine (မိုင်ဂရိန်း)
• ချောင်းဆိုး - cough
• ချောင်းဆိုးပျောက်ဆေး - cough syrup
• ချောင်းအကျယ်ကြီးဆိုးခြင်း - croup
• ချောင်းခြောက်ဆိုးခြင်း - hacking cough
• ခြေ-လက် ဖြတ်ခြင်း - amputation
• ခြေစွယ်ငုတ်ခြင်း - ingrown toenail
• ခြေခြင်းဝတ် - ankle
• ခြေသလုံးထဲက အပြင်ရိုး - fibula
• ခြေသလုံးတွေနာတာကို တင်စားခေါ်ခြင်း - Charley horse
• ခြေသလုံးရှေ့၊ ညိုသကြီး - shin
• ခြောက်သွေ့ - scaly/dry
• ခြေထောက်များ - feet

• ဂလင်းများ - glands
• ဂနိုးရီးယား - Gonorrhoea
• ဂျွတ် = မှိုကြောင့်ဖြစ်သောအနာ၊ ပေါင်ခြံစသည်မှာဖြစ် - jock itch
• ဂျွန်းဒစ်ကြောင့် သရက်ရွက်ရောင်ခြင်း - jaundice pancreatitis
• ဂျာမန်ဝက်သက်ရောဂါ - Rubella (ရူဘဲလား)
• ဂေါ့စ်၊ ပိတ်ကျဲစ - gauze
• ဂေါက် အဆစ်နာရောဂါ - gout
• ဂေါက်သမား၏ တံတောင်ဆစ်နာ - golfer's elbow

• ငယ်ထိပ် - fontanelle
• ငှက်ဖျား - malaria

• စကက်ပြူလာ၊ လက်မောင်းနောက်က သုံးဒေါင့်ပုံအရိုး၊ လက်ပြင် - scapula
• စကစ်ဇိုဖရီးနီးယား စိတ်ကစင့်ကလျားဖြစ်ရောဂါ - schizophrenia
• စကာဗီ (ဗီတာမင်စီနည်းသည့်) ရောဂါ - Scurvy
• စစ်ထုတ်ရည် - secretion
• စစ်ဆေးခြင်း - check up
• စစ်ဆေးရန် ဝမ်းနမူနာ - stool specimen
• စတီရွိုက်ဆေး - steroid
• စမ်းသပ်သည့်အပြား၊ အချောင်း - test strip
• စွယ်သွား၊ (ခွေးစွယ်) - canine
• စွဲလမ်းမှု - mania
• စွဲလမ်းမှု စိတ်ရောဂါတွင် အကျစွန်းဘက် ရောက်နေချိန် - manic depressive
• စအို - anus
• စအိုထဲထည့်ရသည့်ဆေး - suppository
• စအိုလမ်းစမ်းသပ်ခြင်း - rectal exam
• စအိုဘေး ပြည်တည်နာ - perianal abscess
• စားသွားခံရခြင်း - erosion
• စာသင်ရခက်သည့်အခြေအနေ - dyslexia
• စိတ်ကူး၊ သိနိုင်စွမ်း၊ တွေးနိုင်စွမ်း - cogitation
• စိတ်ကရောင်ခြောက်ခြားဖြစ်ခြင်း - delirium
• စိတ်ကျန်းမာရေး - mental health
• စိတ်ကျခြင်း၊ အောက်ကျနေခြင်း - depression
• စိတ်ဖွံ့ဖြိုးမှု နောက်ကျနေခြင်း - mental retardation
• စိတ်ဖိစီးရောဂါ၊ (အမူအရာ ပုံမှန်၊ မမြင်မကြားအပ်တာမရှိ) - neurosis
• စိတ်မကျဆေး - antidepressant
• စိတ်မူပြောင်းခြင်း၊ တက်လိုက်ကျလိုက်ဖြစ်ခြင်း - mood swings
• စိတ်ငြိမ်ဆေး - tranquilizer
• စိတ်ရှုတ်ထွေးနေခြင်း - confused
• စိတ်လှုတ်ရှားမှု လွန်ကဲသဖြင့် အမူအယာ ပုံမှန်မဟုတ်သည့် စိတ်ရောဂါ - hysteria
• စိတ်အထူးကု - psychiatrist
• စိတ်အနှောင့်အယှက်ဖြစ်ခြင်း - irritation
• စိတ်ရောဂါ - psychosis
• စိုးရိမ်စိတ် - anxiety
• စီတီ စကင် - CT scan - computed tomography
• စူးရှနာ - sharp pain
• စောင့်ကြည့်ခြင်း - observation

• ဆံပင်ကျွတ်ရောဂါ - Alopecia (အေလိုပီးဇီးယား)
• ဆုံဆို့ - မေးခိုင် - ကြက်ညှာ ကာကွယ်ဆေး - DTP (diphtheria, tetanus, and pertussis vaccine)
• ဆုံဆို့ရောဂါ - Diphtheria (ဒစ်ပဿီးရီးယား)
• ဆက်တိုက်နာ - continuous pain
• ဆင်းရန်၊ (ဆေးရုံမှ) – to discharge
• ဆင်ခြေထောက်ရောဂါ - Filariasis (ဖိုင်လေရီရေးဆစ်)
• ဆစ်ကမွိုက် အူမကြီးထဲ ကရိယာထည့်စစ်ဆေးခြင်း - sigmoidoscopy
• ဆစ်ကယ်လ် ဆဲလ် ရောဂါမျိုး၊ (လက္ခဏာမပေါ်သည့်) - sickle cell trait
• ဆစ်ကယ်လ် ဆဲလ် ရောဂါ စစ်ဆေးခြင်း - sickle cell screen
• ဆစ်ကယ်လ် ဆဲလ် ရောဂါ၊ (ပုံမှန်မဟုတ်သော သွေးနီဥ) - sickle cell disease
• ဆစ်ကယ်လ် ဆဲလ် သွေးအားနည်းရောဂါ - sickle cell anemia
• ဆစ်ဖလစ် ရောဂါ - Syphilis
• ဆယ်ရီဘယ်လမ် (ဦးနှောက်၏ အစိတ်အပိုင်း၊ အသေး) - cerebellum
• ဆယ်ရီဘရမ်၊ (ဦးနှောက်၏ အစိတ်အပိုင်း၊ အကြီး) - cerebrum
• ဆွဲပေးခြင်း - traction
• ဆာကိုးမား၊ ကင်ဆာ - sarcoma
• ဆိတ်သလိုနာ - prickling pain
• ဆို့ပိတ်နေခြင်း၊ (အစာမျိုတာ နေရာလွဲဝင်၍) - choke
• ဆိုင်းနပ်စ် အခေါင်းလေး၊ ဦးခေါင်းခွံထဲတွင်ရှိနေသော အခေါင်း - sinus cavity
• ဆိုင်းနပ်စ် အခေါင်းလေးများ - sinuses
• ဆိုနိုဂရမ်၊ (အာလ်ထွာဆောင်း တမျိုး) - sonogram
• ဆီးကိုစစ်ဆေးခြင်း - urinalysis
• ဆီးချိုမဖြစ်မီကာလ - pre-diabetes stage
• ဆီးချိုရောဂါ - Diabetes mellitus (ဒိုင်ယာဘီးတီးစ် -မလိုက်တပ်စ်)
• ဆီးထွက်ပြွန် - urethra (ယူရီသရာ)
• ဆီးထွက်ပြွန်၊ ကျားအစိ - urethra testicles
• ဆီးထွက်ပြွန်ရောင်ခြင်း - urethritis (ယူရီသရိုက်တစ်)
• ဆီးထဲ သကြားဓါတ်ပါနေခြင်း - glycosuria
• ဆီးထဲပြည်ပါနေခြင်း - pyuria
• ဆီးထဲသွေးပါ - uremia
• ဆီးများခြင်း - polyuria
• ဆီးခြူပိုက် - catheter (ကသီတာ)
• ဆီးပြွန် (ကျောက်ကပ်နှင့် ဆီးအိမ်ကြား) - ureter (ယူရီတာ)
• ဆီးလမ်းအရေးပေါ်၊ ဆီးအတင်းသွားချင်နေခြင်း - urinary urgency
• ဆီးလမ်းကြောင်းပိုးဝင်ခြင်း - UTI (urinary tract infection)
• ဆီးသွားစဉ် နာခြင်း - dysuria
• ဆီးအိမ်၊ သည်းခြေအိတ် - bladder
• ဆီးအိမ်ရောင်ခြင်း - cystitis
• ဆီးနောက်နေခြင်း၊ (အနယ်ပါ၍) - cloudy urine
• ဆီးပေါက်၊ မွေးလမ်း၊ စအိုတို့ရှိနေသည့်နေရာတဝှိုက် - perineum
• ဆီးရောဂါပညာ - urology
• ဆီးရောဂါအတူးကု - urologist
• ဆုပ်ဖြဲသလိုနာ - tearing pain
• ဆဲလ်များကိုစစ်ဆေးသည့်ဗေဒ - cytology
• ဆေးကုနေသည့် ဆရာဝန် - GP - General Practitioner
• ဆေးစာ ဝေါဟာရများ - Medical vocabulary
• ဆေးဆိုင်မှာ ဆေးလက်မှတ်မပါဘဲဝယ်နိုင်သည့်ဆေး - OTC (over-the-counter medication)
• ဆေးညွှန်း - Prescription
• ဆေးတတ်ကျွမ်းသူအကူ - paramedics
• ဆေးထည့်ခြင်း၊ ဖုံးအုပ်ပေးခြင်း - dressing
• ဆေးထိုးပိုက် - syringe
• ဆေးထိုးအပ် - Needle
• ဆေးနာမည်အတိုင်းရောင်းသည့်ဆေး - generic drugs
• ဆေးရုံဆင်း ညွှန်ကြားချက်များ - discharge instructions
• ဆေးလုံး - pill
• ဆေးပြား - Tablet
• ဆေးဝါးပညာရှင် - pharmacist
• ဆေးတောင့် (အထဲကတခုခုကို ဖုံးအုပ်ထားသည့်အရာ) - capsules
• ဆေးပေးခြင်း - medication

• ဇရာသဘော ယိုယွင်းလာသည့် အဆစ်များရောဂါရခြင်း - degenerative joint disease
• ဇီဝဖြစ်စဉ် - metabolism (မက်တာဘော်လဇင်)
• ဇီဝဖြစ်စဉ်ဖြစ်စေရန် - to metabolize

• ညချွေးထွက်ခြင်း - night sweats
• ညှစ်ခြင်း၊ ညှစ်၍နာခြင်း - spasm
• ညှပ်၊ ဇာဂနာ၊ ကလေးမွေးရန်ညှပ်၊ သွေးကြောညှပ် - forceps
• ညှပ်ရိုး - clavicle, collarbone (ကော်လာဘုန်း)၊ (ကလယ်ဗီကယ်လ်)

• တုံသည် = Chills
• တံတွေး၊ သွားရည် - saliva
• တံတွေးထွေးခြင်း - spit
• တံတောင်ဆစ် - elbow
• တကယ်မမွေးဘဲ ဗိုက်နာခြင်း - false labor
• တက်ခြင်း - convulsion
• တက်ခြင်း - seizure
• တခါသုံး အလွယ်ကပ်နိုင်သည့် ပလာစတာ - band -aid
• တခုခုကို အထဲထည့်ပေးခြင်း၊ ဥပမာ သားအိမ်ထဲထည့်ပေးခြင်း - implantation
• တင်းနစ်ကစားရာမှ ဖြစ်သော တံတောင်ဆစ်နာ - tennis elbow
• တင်းကြုံ့ခြင်း (ညှစ်၍နာခြင်း) - contraction
• တင်ပဆုံကွင်းအတွင်းအင်္ဂါများရောင်ခြင်း၊ (အမျိုးသမီး) - PID (pelvic inflammatory disease)
• တင် - Hip, Buttock
• တင်ပါးဆုံ - pelvis
• တင်ပါးဆုံတွင်းအင်္ဂါများရောင်သည့်ရောဂါ - Pelvic inflammatory disease (PID)
• တင်ပါးဆုံနေရာ စမ်းသပ်ခြင်း - pelvic exam
• တစ်ရှူး၊ ဆဲလ်အစုအဝေး - tissue
• တစ်ရှူးများသေခြင်း - Gangrene, necrosis (ဂန်ဂရင်း)
• တည့်မတ် ငြိမ်စေရန် အခုအခံ - splint
• တခြားသို့ လွဲပေးရန် - to refer
• တခြားနေရာမှာ လာသည့်သူနာပြု - visiting nurse
• တလွဲဖြစ်နေခြင်း - disorder
• တိပ်ပြားပုံသန်ကောင် ရောဂါ - Tapeworm infection
• တိုးတက်မှု - prognosis
• တိုက်ဖွိုက်၊ အူရောင်ငန်းဖျား - typhoid fever, Enteric fever
• တီဘီရောဂါ - Tuberculosis (ကျူဗာကူလိုးဆစ်)
• တုပ်ကွေးရောဂါ - Influenza (Flu) (အင်ဖလူယင်ဇာ) (ဖလူး)
• တောင့်တင်းနေခြင်း - stiffness
• တောင်တက်လျှင် မူးသည့်ရောဂါ - mountain sickness
• ထော့နင်းထော့နင်း ဖြစ်နေခြင်း - limp
• ထုံနာနာ - dull pain
• ထုံနေခြင်း - numbness
• ထွိုင်ကိုမိုးနပ်စ်၊ အမျိုးသမီးမွေးလမ်းရောဂါ - trichomonas
• ထိခိုက်၍ နာခြင်း၊ (မကျိုး -မလွဲ) - sprain
• ထိုးပြီးနာခြင်း - shooting pain
• ထိုးဆေး - injection

• ဒူးက ဂုံညင်း - patella
• ဒူးကွေး၊ ပေါင်ကွေး၊ ရင်ပတ်နှင့်ထိထားခြင်း - Tucks
• ဒေသတွင်းကပ်ရောဂါ (နေရာဒေသတခုခု၌ ဖြစ်နေကြထက်ပို၍ရောဂါဖြစ်လာခြင်း) - Epidemic (အပီဒါးမစ်)
• ဒေါင့်သန်းရောဂါ - Anthrax (အင်းသရက်စ်)

• ဓါတ်ကူပစ္စည်း - enzyme (အင်ဇိုင်မ်း)
• ဓါတ်ခွဲခမ်းတွင်တည်ဆောက်ထားသည့် လည်ပင်းကြီးဟော်မုန်း - synthetic thyroid hormone
• ဓါတ်ခွဲခမ်းထဲမှာ အဖို -အမ မျိုးဥများ ပေါင်းစပ်ပေးခြင်း - in -vitr - fertilization
• ဓါတ်ဆား - electrolyte
• ဓါတ်မှန် - x-rays
• ဓါတ်မှန်ပညာ - radiology
• ဓါတ်မှန်ရိုက်ခြင်း - radiography
• ဓါတ်မှန်နှင့် (ဖလူရိုဆင့်) အရောင်တွဲထားသည့် စမ်းသပ်ကရိယာ - fluoroscopy
• ဓါတ်မှန်နှင့် ကွန်ပြူတာဆက်ပြီး မြင်နိုင်အောင်လုပ်နိုင်သည့် ကရိယာ - CAT (computerized axial tomography)
• ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း - radiation therapy

• နံရိုးများ - ribs
• နဖူး - forehead
• နမူနာ - sample
• နား (နားကပ် ဝတ်သည့်နေရာ) - ear lobe
• နား-လည်ချောင်းအထူးကု - otolaryngologist
• နားကိုက် - earache
• နားထင် - temple
• နားထဲ တဝီဝီမည်နေခြင်း - ringing in the ears
• နားထဲအသံတွေကြားနေခြင်း - tinnitus
• နားဖါ - ear wax
• နားကြပ် - stethoscope
• နားမကြား - deaf
• နားပြွန် - auditory canal
• နားပြွန် - ear canal
• နားအထူးကု - audiologist
• နားအလည်ပိုင်း ပိုးဝင်ခြင်း၊ (နား ကို ၃ ပိုင်းခွဲထားသည်) - middle ear infection
• နားရောင်ခြင်း - otitis
• နား-နှာခေါင်း-လည်ချောင်း - ENT (Ear, Nose, Throat)
• နာတာရှည် (Acute ၏ ပြောင်းပြန်) - chronic
• နာတာရှည်နာ - chronic pain
• နာတဲ့နေရာကနေ တခြားဆီမှာဆက်နာ - radiating pain
• နာလိုက် ရပ်လိုက်နာ - intermittent pain
• နာသော၊ ဖိထိမှ နာခြင်း - tender
• နဲနဲလေးနာ - slight pain
• နေ့စဉ်တိုက်ရန် - daily dose
• နေမကောင်းဖြစ်ခြင်း၊ အနာ-ရောဂါ - illness
• နေရာကွက်ကြား၌ ရုတ်တရက်အများအပြား ရောဂါဖြစ်လာခြင်း - Outbreak (အောက်ဘရိတ်)
• နေရာဒေသတခုခု၌ ဖြစ်တတ်သည့်ရောဂါ၊ အများအပြားဖြစ်လာခြင်း - Endemic (အင်းဒမစ်)
• နောက်ခံကျန်းမာရေးသမိုင်း - medical history
• နောက်ဆက်တွဲ မကောင်းသည့်အကျိုးချက်များ - complications
• နောက်တကြိမ်ပြန်ပြရမည့် ရက်ချိန်း - followup appointment
• နောက်ထပ်ကလေးမရစေရန် သားအိမ်ပြွန်ကို ခြည်ပေးခြင်း - tubal ligation
• နေလောင်ခြင်း - sunburn
• နှင်းခူနာ - eczema
• နှစ်ကိုယ်ခွဲ စိတ်ရောဂါ - bipolar disorder
• နှလုံးက လိုသလောက် အလုပ်မလုပ်နိုင်တော့ခြင်း - heart failure
• နှလုံးခုန် မှန်စေရန် လုပ်ပေးသည့် ကရိယာ၊ (ရင်ပတ်မှာ ထည့်ပေးတားသည်) - pacemaker
• နှလုံးခုန်စေရန် လျှပ်စစ်ဖြင့်ဖိပေးရသည့် ကရိယာ - defibrillator
• နှလုံးခုန်နှေးခြင်း - bradycardia
• နှလုံးထဲ ပြွန်ငယ်ထိုးသွင်းခြင်း - cardiac catheterization
• နှလုံးရပ်သွားခြင်း - cardiac arrest
• နှလုံးအဆုပ် ပြန်လည်အလုပ်လုပ်စေရန် ရှေးဦးသူနာပြုနည်း - CPR (cardiopulmonary resuscitation)
• နှလုံးအတွင်းသားရောင်ခြင်း - endocarditis
• နှလုံးအထူးကု - cardiologist
• နှလုံးအပေါ်ခန်း (၂ ခန်း) - atrium
• နှလုံးရောဂါဗေဒ - cardiology
• နှလုံးရောင်ရောဂါ၊ - Congestive heart disease
• နှလုံးသွေးလွှတ်ကြောအား ဖြတ်ဆက်ပေးခြင်း - coronary bypass surgery
• နှလုံးသွေးကြော ကျဉ်း-ပိတ်သဖြင့် ရင်ပတ်နာခြင်း - angina
• နှလုံးသွေးကြောကျဉ်းရောဂါ - Coronary heart disease (ကိုရိုနရီ -ဟာ့တ် -ဒီဇီးစ်)
• နှလုံးသွေးကြောကျဉ်းရောဂါ ရုတ်တရက်ဖြစ်ခြင်း - heart attack
• နှလုံးအောက်ခန်း ၂ ခု - ventricle
• နှလုံခုန်မမှန်ခြင်း - arrhythmia
• နှလုံအဆို့ရှင်ကျဉ်းသည့်ရောဂါ - MS - multiple sclerosis
• နှာရည်ယိုခြင်း - runny nose
• နှာခေါင်း ပွစိပွစိနေခြင်း - nasal congestion
• နှာခေါင်း ပိတ်နေသည်ကို သက်သာမည့်ဆေး - decongestant
• နှာခေါင်းကိုဆေးဖြန်းခြင်း - nasal irrigation
• နှာခေါင်းထိပ်ဖျား - nostrils
• နှာခေါင်းထဲ ပန်းရသည့်ဆေး - nasal spray
• နှာခေါင်းထဲက ပိုင်းခြားထားသောအကန့် တဖက်သို့ယိုင်နေခြင်း = deviated nasal septum
• နှာခေါင်းမှရှူရန် ဆေးထည့်သည့် ရေ -ဆေးရည် - nebulizer
• နှာခေါင်းအတွင်းခေါင်း - nasal cavity
• နှာစေးခြင်း - rhinitis
• နှိပ်နည်းတမျိုး - chiropractor
• နို့ ထုထည် - breast mass
• နို့ကိုဓါတ်မှန်ရိုက်ခြင်း - mammogram
• နို့ညှစ်ခြင်း - expressed out the milk
• နို့တိုက်နည်း အတိုင်ပင်ခံပညာရှင် - lactation consultant
• နို့ထဲပါသည့် သကြားဓါတ်ကို မခံနိုင်ဖြစ်ခြင်း - lactose intolerance
• နို့ဖြတ်၊ ဆေးဖြတ် - wean
• နို့သီးခေါင်း အထဲဝင်နေခြင်း - inverted nipples
• နို့အဖြူ မထွက်ခင်ထွက်သည့် နို့ရည်ကြည် - colostrums
• နုတ်ခမ်း၊ (ပါးစပ်၊ မိန်မ အင်္ဂါအဝ) - labia
• နုပ်ခမ်းကွဲရောဂါ - Cleft lip (ကလက်ဖ် -လစ်ပ်စ်)
• နူကလီယာသုံး ပုံဖေါ်ခြင်း - PET - positron emission tomography

• ပုံမှန်မဟုတ်သော နှလုံးခုန်သံ - heart murmur
• ပုံဖေါ်ခြင်း - mold
• ပခုံး လိုသလိုလှုတ်ရှားမရခြင်း - frozen shoulder
• ပဋိဇီဝဆေး၊ သက်ရှိမှထုတ်ယူပြီး တခြားသက်ရှိကိုနိုင်သည့်ဆေး - antibiotic
• ပတ္တီး - bandage
• ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ - ADD (attention deficit disorder)
• ပတ်ဝန်းကျင်ကို သတိမမူတဲ့ တက်ကြွသော စိတ်ရောဂါ - ADHD (attention deficit hyperactivity disorder)
• ပနယ်စလင် - penicillin
• ပန်းငုံသည်ကို ခွဲစိတ်သည့်နည်း - circumcision
• ပန်းနာ၊ (အဆုပ်ကြောင့်ဖြစ်သည့်) (နှလုံးကြောင့်လဲရှိသေးသည်) - bronchial asthma
• ပန်းနာရောဂါ - Asthma (အက်စ်မာ)
• ပန်းသေပန်းညှိုး ရောဂါ - impotence
• ပွတ်သပ်ချခြင်း - rubdown
• ပွန်းနာ - abrasion
• ပလိပ်ရောဂါ - Plague (ပလိပ်)
• ပသိရောင်ရောဂါ၊ (ပါးရောင်ခြင်း) - mumps
• ပါးစပ်ပလုပ်ကျင်းသည် - gargle
• ပါရာဆိုက်ဝင်ခြင်း၊ ဥပမာ သန်ကောင် - parasitic infection
• ပါရာတိုက်ဖွိုက် ရောဂါ - Paratyphoid fever
• ပိုးမဝင်စေသည့်ဆေး - disinfectant
• ပိုးမဝင်စေသည့်ဆေး၊ အနာမရင်းစေသည့်ဆေး - antiseptic
• ပိုးဝင်ခြင်းရောဂါ - Sepsis
• ပိုးသန့်ဆေး တမျိုး - mercurochrome
• ပိုးသန့်အောင်လုပ်ခြင်း၊ ကလေးမရတော့အောင်လုပ်ခြင်း - sterilization
• ပိုးမွေးမြူခြင်း၊ (ပိုးအား ဆေးနှင့် နိုင်မနိုင်သိစေရန်) - culture
• ပိုးသွေးထဲရောက်ရောဂါ - Meningococcemia (မနင်ဂိုကော့ကပ်စ်)
• ပိုမို၍တုံ့ပြန်ခြင်း - hypersensitivity
• ပူစပ်သည့်အစားအစာ - spicy foods
• ပူလိုက်၊ အေးလိုက်ဖြစ်ခြင်း၊ ဥပမာ သွေးဆုံးချိန် - hot and cold spells
• ပူလောင်နာ - burning pain
• ပူလောင်နေသည်ဟု ခံစားရခြင်း - burning sensation
• ပဲ့တင်သံဖြင့် စစ်ဆေးခြင်း - echocardiogram
• ပျားကောင် အဆိပ် - bee venom
• ပျို့ခြင်း - nausea
• ပြည် - pus
• ပြည့်တင်းနေခြင်း၊ (သွေး၊ အရည်) - congested
• ပြည်တည်နာ၊ - abscess
• ပြည်ထွက်ခြင်း - pyorrhea
• ပြည်အိတ်ငယ် - pustule
• ပြန့်နှံ့ခြင်း၊ ဥပမာ ကင်ဆာ - metastasis
• ပြန်ဖြစ်ခြင်း - relapse
• ပြန်လည်နလံထစေရန်ပြုစုခြင်း - rehabilitation
• ပြန်နုတ်သည်၊ ဆွဲနုတ်သည်၊ ရုပ်သိမ်းသည် - withdrawal
• ပြာနှမ်းနေခြင်း၊ အောက်စီဂျင်မဝခြင်း - cyanosis
• ပွေး - ringworm
• ပေါင် - thigh
• ပေါင်ခြံ - groin
• ပေါင်ခြံမှာဖြစ်သော အူကျရောဂါ၊ - inguinal hernia
• ပေါင်ရိုး - femur
• ပေါင်နောက်ကနေ အောက်ဘက်ဆင်းနာသည့်ရောဂါ - sciatica

• ဖေါင်းကြီးနေခြင်း - bunion
• ဖေါင်းရောင်ခြင်း - swollen
• ဖေါနေခြင်း - puffy
• ဖေါရောင်ခြင်း - dropsy
• ဖေါရောင်ခြင်း - edema
• ဖန်းဂတ် (မှို) - fungus
• ဖွံ့ဖြိုးတိုးတက်မှု - development
• ဖလိုရိုက်၊ သွားကောင်းစေသည့်ဓါတ် - fluoride
• ဖိပေးသည်၊ ကျစေသည်၊ ပိန်စေသည် - bear down
• ဖိနှိပ်ခြင်း - compress
• ဖျား၍ပေါက်သည့်အပူဖူး - fever blister
• ဖျားခြင်း - fever

• ဗက်တီးရီးယား - bacteria
• ဗက်တီးရီးယားကိုနိုင်သည့်၊ ဆန့်ကျင်သည့် - antibacterial
• ဗက်တီးရီးယားဝင်ခြင်း - bacterial infection
• ဗက်တီးရီးယားကြောင့်ဖြစ်သော အနာ၊ ကူးစက်နိုင်သည် - impetig -
• ဗဂျိုင်းနား - vagina
• ဗဂျိုင်းနား ခြောက်သွေ့နေခြင်း - vaginal dryness
• ဗဂျိုင်းနားမှ တခုခုဆင်းခြင်း - vaginal discharge
• ဗဂျိုင်းနားသုံး ချောဆီ - vaginal lubricant
• ဗဟိုအာရုံကြောစနစ်ရှိ လျှပ်စစ်ဓါတ်ကို စောင့်ကြည့်ပေးသည့်ကရိယာ - Holter monitor
• ဗိုက် (ဝမ်းဗိုက်) - abdomen
• ဗိုက်ခွဲကလေးမွေးခြင်း - Caesarean section = CS, LSCS
• ဗိုက်ထဲ ကိရိယာထည့် စစ်ဆေးခြင်း - laparoscopy
• ဗိုက်ထဲက ကလေးနှလုံးခုန်သံ၏ ပြင်းအား - fetal heart tone
• ဗိုက်ထဲက ကလေး - fetus
• ဗိုက်နာ (နေမထိထိုင်မသာ) - abdominal discomfort
• ဗိုက်အမြှေးရောင်ရောဂါ - Peritonitis (ပယ်ရီတိုနိုက်တစ်)
• ဗိုက်နှင့်ရင်ခေါင်းကြားရှိ ကြွက်သားပြားခုံးခုံးကြီး - diaphragm
• ဗိုင်းရပ်စ် - virus
• ဗီတာမင် - vitamin
• ဗီတာမင် ဒီ နည်းသည့်ရောဂါ - Rickets (ရစ်ကက်)
• ဗီတာမင်ဘီ (၁) နည်းသည့်ရောဂါ - Beriberi (ဘယ်ရီဘယ်ရီ)

• ဘီးတပ်ကုလားထိုင် - wheelchair
• ဘေးထွက်ဆိုးကျိုးများ - side effects
• ဘေလုံး၊ (ဗိုက် ဘယ်ဘက် အထက်နားရှိသည်) - spleen
• ဘောက်၊ - dandruff

• မ ဟော်မုန်း (အီစထိုဂျင်) - estrogen
• မ ဟော်မုန်း (အီစထိုဂျင်) အစားထိုးကုသပေးခြင်း၊ (ဥပမာ သွေးဆုံးသူများ) - ERT - estrogen replacement treatment
• မတည့်တာဖြစ်စေတဲ့ဓါတ် - allergen (အလာဂျင်)
• မတည့်ခြင်း - allergy (အလာဂျီ)
• မတည့်သည့် တုံ့ပြန်မှု - adverse reaction
• မထိန်းနိုင်ခြင်း၊ ဥပမာ ဆီး၊ ဝမ်း - incontinence
• မရပ်မနားနာ - persistent pain
• မရှိတာကို မြင်-ကြားနေခြင်း - hallucination
• မလှုတ်ရှားချင်၊ မလုပ်ချင်ဖြစ်နေခြင်း - lethargic
• မှက် - tick
• မှက်ခရုရောဂါ - Thrush (Candidiasis)
• မှန်ဘီလူး - lens
• မှဲ့ - mole
• မျှတသည့် အစာအာဟာရ - balanced diet
• မသန်မစွမ်း - disability
• မိခင်နို့တိုက်ခြင်း - breastfeed
• မိန်းမ မွေးလမ်းဘေးနေရာ (ပရီနီယမ်) စုတ်ပြဲသွားခြင်း - laceration of the perineum
• မိသားစုစီမံကိန်း - family planning
• မှို (ဖန်းဂတ်စ်) ဆေး - antifungal
• မှိုပိုးဝင်ခြင်း - fungal infection
• မီးယပ်ရောဂါဗေဒ - gynecology
• မီးလောင်နာ (မီးတောက်ကြောင့်) - burn
• မီးလောင်နာ (အရည်ပူကြောင့်) Scald
• မီညှောင့်ရိုး - coccyx
• မူးဝေနေခြင်း - drowsiness
• မျက်ခမ်းစပ်ရောဂါ - Trachoma (ထွက်ကိုးမား)
• မျက်ခွံ - eyelid
• မျက်ခွံရောင်ခြင်း - blepharitis
• မျက်စဉ်း - eye drops
• မျက်စိ အတွင်းတိမ် - cataract
• မျက်စိ အဖြူရောင်နေရာ - sclera
• မျက်စိ ရေတိမ် - glaucoma
• မျက်စိက လှိုင်းခေါင်းကနေမြင်ရသလိုသာ မြင်ရခြင်း ကျဉ်းကျဉ်းလေးသာ မြင်ရခြင်း - tunnel vision
• မျက်စိစမ်းသပ်သည့် ကရိယာ - slit lamp exam
• မျက်စိစွန်ခြင်း - sty
• မျက်စိတဖက်က မျက်မှန်တပ်လဲမရသည့် သိပ်မမြင်သည့်ရောဂါ - lazy eye
• မျက်စိထဲ အစက်အပျောက်မြင်နေခြင်း - floaters
• မျက်စိနာ (မျက်စိအဖုံးလွှာ ရောင်ခြင်း) - conjunctivitis
• မျက်စိမြင်လွှာကွာခြင်း - retinal detachment
• မျက်စိမြင်လွှာရောင်ခြင်း - retinitis
• မျက်စိမြင်အားစမ်းသပ်ခြင်း - visual fields exam
• မျက်စိသူငယ်အိမ်အဝိုင်းပေါက်ဘေးက ကျဉ်းလိုက်ကျယ်လိုက်ဖြစ်နေသော အစိတ်အပိုင်း - iris
• မျက်စိအတွင်းမြင်လွှာ၊ (ကင်မရာ အရုပ်ထင်သည့် ဖလင်နေရာ) - retina
• မျက်စိအမြင် ဝေဝါးခြင်း - blurred vision
• မျက်စိစွေခြင်း - squint
• မျက်စိဗေဒ - ophthalmology
• မျက်ကြည်လွှာ (မျက်စိအနက်ပေါ်မှာ ဖုံးထားသည့် ကြည်လင်သည့်အလွှာ) - cornea
• မျက်ကြည်လွှာ အစားထိုးခြင်း - corneal transplant
• မျက်ရည်ကျနေသည့်မျက်စိ - watery eyes
• မျက်နှာ တခြမ်းလေဖြတ်ခြင်း - cerebral palsy
• မျက်နှာဖြူရော်နေခြင်း - pallor of face
• မျိုးဗီဇ - genetic
• မျိုးဗီဇဆိုင်ရာ အကြံပေး - genetic counseling
• မျိုးဗီဇရောဂါ၊ ဒုက္ခိတဖြစ်နေပြီး အသက်တိုသည် - cystic fibrosis
• မျိုးရိုးလိုက်ခြင်း - hereditary
• မျိုးဥထွက်ခြင်း၊ သန္ဓေတည်ခြင်း - ovulation conception
• မျိုးဥအိမ် အကျိတ် (အိတ်) - ovarian cyst
• မျိုးဥအိမ်၊ ၂ ခုရှိ၍ အများသုံးသည် - ovaries
• မျိုးဥအိမ်မှာ သန္ဓေတည်ခြင်း - ovarian pregnancy
• မေ့ဆေး (ထုံဆေးလည်း ပါဝင်သည်) - anesthesia
• မေ့ဆေးဆရာဝန် - anesthesiologist
• မေးခိုင်ရောဂါ - Tetanus (တက်တဲနပ်စ်)
• မွေးကင်းစကလေး - neonatal
• မွေးကင်းစကလေး အထူးကုသဆောင် - NICU (neonatal intensive care unit)
• မွေးဖွါးပြီးနောက် - afterbirth
• မွေးဖွါးနိုင်သည့်ရက် - due date
• မွေးခြင်း၊ ပေးဝေခြင်း - delivery
• မွေးရာပါ - congenital
• မွေးရာပါ ကလေး ဦးနှောက်မပြည့်သည့်ရောဂါ - Down Syndrome
• မွေးလမ်းကြောင်း - birth canal (ဗဂျိုင်းနား)
• မောပန်းခြင်း - tiredness

• ယားခြင်း - itch
• ယူဗြူလာ၊ ပါးစပ်ဟလျင် မြင်ရသည် အထက်မှကျနေသော ပန်းနီရောင်အသားစ - uvula
• ယူရစ် -အက်စစ်၊ (ဂေါက်ရာဂါရှိသူမှာ များနေသည်) - uric acid

• ရက်တို၊ ချက်ချင်းဖြစ်သော - acute
• ရင်ညွန့်ရိုး - sternum
• ရင်တုံခြင်း - palpitations
• ရင်ပတ် အနေရခက်ခြင်း၊ နာခြင်း၊ တင်းကြပ်ခြင်း - chest discomfort/tightness /pain
• ရင်ပူခြင်း၊ အစာအိမ်မှာ အစာခြေရည်များခြင်း - heart burn
• ရင်သား ဖြတ်ထုတ်ခြင်း - mastectomy
• ရင်သားကို မိမိဖါသာ စမ်းသပ်နည်း - breast self -examination
• ရင်ခေါင်း - thorax
• ရစ်ပြီးနာခြင်း၊ (အစာလမ်း၊ ဆီးလမ်း) - colic
• ရှူသွင်းခြင်း - inhale
• ရာသီ လစဉ် စက်ဝန်း - menstrual cycle
• ရာသီဆင်းခြင်း - menstruation
• ရာသီမလာခြင်း၊ ရာသီထိန်ခြင်း - amenorrhea
• ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း - dysmenorrhea
• ရာသီလာစဉ် မွေးလမ်းထဲထည့်ထားရသည် ပစ္စည်း - tampons
• ရာသီသွေး - menses
• ရိစ် မှိုပိုးဝင်ခြင်း - yeast infection
• ရိုးတွင်းခြင်ဆီ - bone marrow
• ရုတ်တရက် ကလေးငယ်သေဆုံးရသည့် လက္ခဏာအစုအဝေး - SIDS (sudden infant death syndrome)
• ရုပ်ပိုင်း ကုသပေးခြင်း - physical therapy (PT)
• ရူဘဲလား၊ ဂျာမန် -ဝက်သက်ရောဂါ - rubella
• ရူမက်တစ် အဆစ်နာရောဂါ (လေးဖက်နာ) - rheumatism
• ရူမက်တစ် အဆစ်နာရောဂါ ရှိ-မရှိစစ်ခြင်း - rheumatoid factor test
• ရူမက်တစ် နှလုံးရောဂါ - Rheumatic heart disease
• ရူမက်တစ်-ဖီဗာ အဆစ်ရောင်အဖျားရောဂါ - Rheumatic fever
• ရူမက်တစ်-အာသရိုက်တစ် အဆစ်ရောင်ရောဂါ (လေးဖက်နာ) - Rheumatoid arthritis

• ယောက်ျား ကပ်ပဲ့အိပ် - scrotum
• ယောက်ျား ဆီးကျိတ် - prostate
• ယောက်ျား ဆီးကျိတ် (ဂလင်း) - prostate gland
• ယောက်ျား ပန်သေပန်းညှိုးရောဂါ - erectile dysfunction
• ယောက်ျား သားကြောဖြတ်ခြင်း - vasectomy
• ယောက်ျား သွေးဆုံးခြင်း - andropause
• ယောက်ျားပန်းကိုဖုံးနေသည့် ဆွဲလှန်၍ရသော အရေပြား - foreskin
• ယောက်ျားများသာရှိသော လည်ပင်းအစိ - Adam's apple

• ရေဒီယိုဓါတ်ကြွ အိုင်အိုဒင်း - radioactive iodine
• ရေဓါတ်နည်းခြင်း - dehydration
• ရေယုံရောဂါ - Herpes (ဟားပိစ်)
• ရေမြွာရည် - amniotic fluid
• ရေမြွာရည် ဖေါက် -စုပ်ယူ စစ်ဆေးခြင်း - amniocentesis
• ရေမြွာရည်က အရင်ထွက်ကုန်ပြီးမှ ကလေးထွက်ခြင်း - dry labor
• ရေမြွာရည်အိတ် - amniotic sac
• ရှေ့သွားများ - incisor
• ရှေ့နေလိုက်ခွင့် - power of attorney
• ရှော့ခ် - Shock
• ရောဂါကို ခုခံတိုက်ဖျက်ပေးသည့်ဓါတ်၊ (အင်တီဘော်ဒီ) - immunoglobulin
• ရောဂါစစ်ထုတ်ရန် စစ်ဆေးခြင်း - screening test
• ရောဂါပိုဝင်ခြင်း၊ ပိုးဝင်၍ ရောင်ရမ်းခြင်း - inflammation (အင်ဖလမေးရှင်း)
• ရောဂါပိုဝင်ခြင်း၊ ပိုးဝင်၍ရောင်ရမ်းခြင်း - infection inflammation (အင်ဖက်ရှင်)၊ (အင်ဖလမေးရှင်း)
• ရောဂါပြီးစနစ် - immune system
• ရောဂါပြီးစနစ်ကြောင့်ဖြစ်ရသည့် နာတာရှည်အနာ - psoriasis
• ရောဂါပြီးခြင်း၊ ဥပမာ ဝက်သက်ဖြစ်ပြီးသူ နောက်ထပ် ဝက်သက် မဖြစ်တော့ခြင်း၊ ကာကွယ်ဆေးထိုးသူ ရောဂါမဖြစ်နိုင်ခြင်း၊ ရောဂါပြီးခြင်း - immunity
• ရောဂါလက္ခဏာ မပေါ်ခြင်း - asymptomatic
• ရောဂါလက္ခဏာမပေါ်မီယူသည့်ကာလ၊ - incubation period
• ရောဂါလက္ခဏာများ - symptoms
• ရောဂါလက္ခဏာနှင့်ဆိုင်သော၊ (ရောဂါလက္ခဏာကို သက်သာသည့်ဆေး) - symptomatic
• ရောဂါအမည် - diagnosis
• ရောင်ရမ်းခြင်းကို သက်သာသည့်ဆေး - anti-inflammatory
• ရောထွေးနေခြင်း - diffuse
• ရေကျောက်ရောဂါ - chicken pox
• ရေကြောက်ရောဂါ - Chickenpox (Varicella) (ချစ်ကင်း -ပေါက်စ်) (ဗယ်ရီဆဲလား)

• လက်ကမ်းစာစောင် - pamphlet
• လက်ညှိုး - index finger
• လက်ဖျံ - forearm
• လက်မ - thumb
• လက်ကောက်ဝတ် - wrist
• လက်ကောက်ဝတ် သွေးခုန်တာ ပုံမှန်မဟုတ်ခြင်း - irregular pulse
• လက်ကောက်ဝတ်နေရာ လက်မ၊ လက်ညှိုး၊ လက်သူကြွယ်တခြမ်း ထုံနေသည့်ရောဂါ - carpal tunnel syndrome
• လက်ကောက်ဝတ်သွေးခုန်နှုန်း - pulse rate
• လက်ချောင်း - finger
• လက်မောင်းနောက်က သုံးဒေါင့်ပုံအရိုး၊ (စကက်ပြူလာ) - shoulder blade
• လည်ပင်းနာ - sore throat
• လည်ပင်းကြီး - goiter (ဂွိုက်တာ)
• လည်ပင်းကြီး ဟော်မုန်းများရောဂါ - Graves Disease (ဂရေ့ဖ် -ဒဇိစ်)
• လည်ပင်းကြီးဟော်မုန်းများရောဂါ - hyperthyroidism
• လည်ပင်အကြိတ်ရောင်ရောဂါ - Mumps (မန့်ပ်)
• လည်ချောင်း - throat
• လည်ချောင်းနာ၊ (စထွက်ပ် ပိုးကြောင့်ဖြစ်သော) - strep throat
• လျှပ်စစ်ဓါတ်လွှတ်ပေးသည့် အစွန်း - electrodes
• လျှပ်စစ်ဖြင့် ကြွက်သားကို စစ်ဆေးခြင်း - EMG - electromyelogram
• လျှပ်စစ်ဖြင့် အာရုံကြောကို ကလိပေးခြင်း - electric stimulation
• လျှပ်စစ်သုံး နှလုံးတိုင်းစက် - ECG /EKG - electrocardiogram
• လျှာအောက်ငုံထားရသည့်ဆေးပြား - sublingual tablet
• လိင်ကတဆင့် ကူးစက်ရောဂါ - STD (sexually transmitted disease)
• လိင်ကတဆင့်ကူးစက်ခြင်း - sexually transmitted
• လိင်ဆက်ဆံခြင်း - coitus
• လိင်အင်္ဂါများ - genitals
• လိပ်ခေါင်း - hemorrhoids
• လိမ်းဆေး၊ ကော်မျက်စဉ်း၊ စေးပြစ်သည့်ဆေး - ointment
• လိုတာထက်ပိုလုပ်နေသည့် ဆီးအိမ် - overactive bladder
• လူးပတ်စ် (ရောဂါပြီးစနစ် မမှန်သဖြင့် ဖြစ်ရသည့် နာတာရှည်အနာ) - lupus
• လူကီးမီးယား၊ (သွေးကင်ဆာ) - leukemia
• လူငယ်၊ လူရွယ် - adolescence
• လူနာတင်ယာဉ် - ambulance
• လူနာထမ်းစဉ် - stretcher
• လူနာသယ်ပို့စနစ်၊ ရွေ့ရှား၍ကုသပေးခြင်း - ambulatory care
• လူနာရှေ့နေ - patient advocate
• လူမှုရေးလုပ်သူ - social worker
• လူအိုများအား စောင့်ရှောက်ခြင်း - geriatrics
• လေချွန်သံ - whistling noise
• လေဆာဖြင့်ခွဲစိတ်ကုသခြင်း - laser surgery
• လေပြွန် - windpipe
• လေပြွန်၊ (အဆုပ်ထဲဝင်သည့်အပိုင်း) - bronchus
• လေပြွန်ကျယ်ဆေး၊ (ပန်းနာဆေး) - bronchodilator
• လေပြွန်မကြီး - trachea
• လေပြွန်ရောင်ခြင်း - bronchitis
• လေဖြတ်ခြင်း - paralysis
• လှေးကောင် - dust mite
• လေဖေါင်းပွပွနေခြင်း - bloated

• ဝက်ခြံ - Acne
• ဝက်ရူးပြန်ရောဂါ - epilepsy
• ဝက်သက်-ပသိရောင်-ဂျာမန်ဝက်သက် ရောဂါကာကွယ်ဆေး - MMR (measles, mumps & rubella) vaccine
• ဝက်သက်ရောဂါ - Measles (မီဆဲလ်စ်)
• ဝမ်း၊ မစင် - feces
• ဝမ်းကိုက်ရောဂါ - Amoebiasis (အမီးဘား)
• ဝမ်းကိုက်ရောဂါ - dysentery
• ဝမ်းချုပ်ခြင်း - constipation
• ဝမ်းထဲအကျိအချွဲပါခြင်း - mucous stool
• ဝမ်းထဲသွေးပါနေခြင်း (ဝမ်းအမဲရောင်သွားခြင်း) – melena
• ဝမ်းခြူခြင်း - enema
• ဝမ်းသွားသည် - defecate
• ဝမ်းပြော့ဆေး - stool softener
• ဝမ်းလျှောခြင်း - diarrhea
• ဝမ်းနုတ်ဆေး - laxative
• ဝါနေခြင်း - scarlet
• ဝဲ၊ ယားနာရောဂါ (စကေးဘီးစ်) - Scabies

• သံဓါတ်နည်း သွေးအားနည်းရောဂါ - Iron -deficiency anemia
• သံဓါတ်ဆေးများ - iron supplements
• သံလိုက်ဓါတ်သုံး ပုံဖေါ်နည်း - MRI - magnetic resonance imaging
• သည်းခြားခွဲထုတ်ခြင်း - isolate
• သည်းခြေရည် - bile
• သည်းခြေလမ်းရောင်ခြင်း - cholectytitis
• သည်းခြေအိတ် - gall bladder
• သတိမရဖြစ်နေခြင်း - coma
• သတိလွတ်သွားခြင်း၊ ခဏတာ မူးမေ့သွားခြင်း - faint
• သတိမေ့ခြင်း - amnesia
• သတိမေ့ရောဂါ - dementia
• သန်း - lice
• သန့်ရှင်းစေရန် ဆေးဖြန်းခြင်း (ဗဂျိုင်းနား) - douche
• သန်ကောင်ရောဂါ - Ascariasis (အက်စကာရီရေးဆစ်)
• သကြားဓါတ် - glucose (ဂလူးကို့စ်)
• သကြားဓါတ်စမ်းသပ်ခြင်းများ - glucose tests
• သရက်ရွက် - pancreas
• သရက်ရွက်ရောင်ရောဂါ - Pancreatitis (ပန်ကရီရပ် -တိုက်တစ်)
• သရဖူ၊ မွေးလမ်းတွင် ကလေးခေါင်းပြူလာခြင်း - crown
• သွားကိုသန့်ရှင်းပေးသည့်ကြိုး - dental floss
• သွားပိုးစားခြင်း - tooth decay
• သွားဖုံး - gums
• သွားဖုံးရောင်ခြင်း - gingivitis
• သွားပြုပြင်ခြင်း - veneer crown
• သွားအတုကပ် - dentures
• သွားအထူးကု - orthodontics
• သွားအထူးကု - periodontal disease
• သွားအပေါ်ယံ ကြွေလွှာ - enamel
• သွားပေါက်ဖါခြင်း - filling
• သွားပေါက်သည့်အခေါင်း - root canal
• သလိပ် - sputum
• သားပျက်ခြင်း၊ (အလိုအလျောက် ပျက်ခြင်း) - miscarriage
• သားဖွါးဆရာမ - midwife
• သားဖွါးပညာရှင် - obstetrician
• သားဖွါး-မီးယပ် - OB/GYN - Obstetrics/Gynecology (OG)
• သားအိမ် - uterus
• သားအိမ် - womb
• သားအိမ် အတွင်းဆုံးအလွှာ - endometrium
• သားအိမ် အတွင်းဆုံးအလွှာတစ်ရှူး တခြားနေရာရောက်နေသည့် ရောဂါ - endometriosis
• သားအိမ် အသားပို၊ အကျိတ်၊ အလုံး - fibroid (ဖိုက်ဘရွိုက်)
• သားအိမ်ကင်တာအတွက် သားအိမ်အဝကို သုတ်ယူစစ်ဆေးခြင်း - pap smear
• သားအိမ်ကနာခြင်း - uterine cramps
• သားအိမ်ကွဲသွားခြင်း - uterine rupture
• သားအိမ်ကို ချဲ့ပြီး ခြစ်ထုတ်ခြင်း (သားပျက်လူနာအား လုပ်ရသည်) - D&C (dilatation & curettage)
• သားအိမ်ထုတ်ခြင်း - hysterectomy
• သားအိမ်ထဲ ထည့်ထားရသည့်ပစ္စည်း၊ - intrauterine device
• သားအိမ်ထဲ ထည့်ထားရသည့်ပစ္စည်း၊ ကလေးမရစေရန် - IUD (intra-uterine device)
• သားအိမ်ပြင်ပ သန္ဓေတည်ခြင်း - ectopic pregnancy
• သားအိမ်ပြွန် - fallopian tube (ဖလိုပီယန် -ကျုဘ်)
• သားအိမ်ပြွန် ပေါက်ထွက်ခြင်း (သားအိမ်ပြွန်ထဲ သန္ဓေတည်ရာမှဖြစ်) - tubal rupture
• သားအိမ်ပြွန်ထဲ သန္ဓေတည်ခြင်း - tubal pregnancy
• သားအိမ်အဝ (ခေါင်း၊ ပါးစပ်) - cervix
• သားအိမ်အဝ၌ သန္ဓေတည်ခြင်း - cervical pregnancy
• သာရေး -နာရေး - welfare
• သိုင်းရွိုက်၊ လည်ပင်းအကျိတ် - thyroid
• သီးခြားထွဲထားခြင်း၊ သူ့နေရာကို တခြားလူမလာရ - quarantine
• သုတ်ပိုးကို အတုနည်းသုံး၍ ထည့်သွင်းပေးခြင်း - artificial insemination
• သုတ်ပိုးသေဆေး - spermicide
• သုတ်ရည်ကြည် - semen
• သူငယ်အိမ် - pupil
• သူနာပြု - nurse
• သူနာပြုစုခြင်း - nursing
• သူနာပြုများရှိနေသည့်နေရာ - nurse's station
• သဘောတူညီချက်၊ ခွင့်ပြုချက် - consent
• သန္ဓေသား - embry
• သေးငယ်သည့် ပိုးမွှား၊ ဥပမာ ဗက်တီးရီးယား - microorganism
• သွေး (ခဲပြီးနောက်ထွက်သည့် စီရမ်) ကိုလေ့လာဖြင်း - serology
• သွေးကို စစ်ပေးခြင်း၊ (ရေစစ်သလို) - hemodialysis
• သွေးကို မှန်ပြားလေးပေါ်မှာ ပါးပါးလေးသုတ်ခြင်း - blood smear
• သွေးကို အလုံးစုံ ရေတွက်ခြင်း - CBC (complete blood count)
• သွေးကိုနီစေသည့်ဓါတ်၊ သံဓါတ်နှင့်လုပ်သည် - hemoglobin (ဟီမိုဂလိုဘင်)
• သွေးခဲ - blood clot
• သွေးခဲ၊ သွေးအစိုင်အခဲ၊ အထဲမှာသွေးယိုနေသည့်အခဲ - hematoma
• သွေးခဲပိတ်ခြင်း - thrombosis
• သွေးချင်းအမျိုးစပ်သော - blood relative
• သွေးစစ်သည့်အလုပ် - blood work
• သွေးဆုံးချိန် - menopause
• သွေးတိုးရောဂါ - Hypertension (ဟိုက်ပါတင်းရှင်း)
• သွေးထဲ သကြားဓါတ် နည်းနေခြင်း - hypoglycemia
• သွေးထဲ သကြားဓါတ် များနေခြင်း - hyperglycemia
• သွေးနီဥ - red blood cells
• သွေးနီဥအရေအတွက် - RBC (red blood count)
• သွေးဖိအား - blood pressure
• သွေးဖိအားကျနေခြင်း - hypotension
• သွေးမှုံ - blood platelet
• သွေးမခဲသည့် မျိုးရိုးလိုက်ရောဂါ - hemophilia
• သွေးမခဲစေသည့်ပစ္စည်း - anticoagulant
• သွေးမလျှောက်စေရန် စည့်ပေးသည့်ကြိုးစသည် - tourniquet
• သွေးယိုခြင်း - hemorrhage
• သွေးပြန်ရည်၊ (တက်စေ့နှင့်ဆိုင်သည်) - lymph (လင့်ဖ်)
• သွေးပြန်ရည်၊ (သွေးခဲပြီးနောက် ဖြစ်လာသည့် အရည်) - serum
• သွေးပြန်ကြော - vein
• သွေးပြန်ကြောထုံးခြင်း - varicose veins
• သွေးပြန်ကြောထဲ ထိုးရသည့် မေ့ဆေး - intravenous anesthesia
• သွေးပြန်ကြောထဲဆေးထိုးခြင်း - IV - intravenous
• သွေးဖြူဥ - white blood cells
• သွေးဖြူဥအရေအတွက် - WBC - white blood count
• သွေးလွန်တုပ်ကွေးရောဂါ - Dengue fever (ဒန်ဂေး ဖီဗာ)
• သွေးလှည့်စနစ် - circulatory system
• သွေးလွှတ်ကြော - arteries
• သွေးလွှတ်ကြောကျဉ်းရောဂါ - arteriosclerosis
• သွေးသွင်းခြင်း - blood transfusion
• သွေးသွင်းခြင်း - transfusion
• သွေးအန်ခြင်း - hematemesis
• သွေးအားနည်းရောဂါ - Anemia (အနီမီးယား)
• သွေးအားနဲရောဂါ - Thalassaemia (သာလာဆီးမီးယား)
• သွေးကောင်းကောင်းမလျှောက်ခြင်း - poor circulation
• သွေးကြောမျှင် - capillary
• သွေးကြောများ (သွေးလွှတ်ကြော + သွေးပြန်ကြော) - blood vessels
• သွေးကြောဖေါင်းရောဂါ - aneurysm
• သွေကျဲဆေး - blood thinner
• သွေခြည်ဥခြင်း၊ ပွန်းပဲ့ခြင်း - bruise

• ဟော်မုန်း - hormone
• ဟော်မုန်းတမျိုး၊ အရယ်ွရောက်ခြင်း၊ ကြီးထွားခြင်းကို သက်ရောက်သည်၊ ဦးနှောက်ထဲက ပစ်ကျူထရီ -ဂလင်းနှင့် မျိုးဥ၊ ဝှေးစေ့တို့က ထွက်သည် - FSH - follicle stimulating hormone
• ဟော်မုန်းများအကြောင်း၊ (အင်ဒိုခရိုင်း -ဂလင်းများမှ ဟော်မုန်းများ ထွက်သည်) - endocrinology
• ဟော်မုန်းများနေသည့်ရောဂါ - Cushing's disease
• ဟိုက်ဒရိုဂျင် ပါအောက်ဆိုက် ပိုးသန့်ဆေးတမျိုး - hydrogen peroxide

• အံ့သြခြင်း - dazed
• အံဆုံး - wisdom tooth
• အံသွား - molar
• အကွဲ၊ ဥပမာ စအိုကွဲနာ၊ ပါးစပ်ကွဲခြင်း - fissure
• အကိုက်ခံရသလိုနာ - gnawing pain
• အကိုက်-အနာ-အဖျား ကျဆေး - aspirin (အက်စ်ပရင်)
• အက်စစ်ဓါတ်များနေခြင်း - hyperacidity
• အကျိတ်၊ (ကင်တာ နှင့် ကင်ဆာ မဟုတ်) - tumor အလုံး
• အကျိအချွဲ - mucus
• အချင်း - placenta
• အင်းဆက်သေဆေး - insecticide
• အင်စူလင် ဟော်မုန်း (ဆီးချိုထိုးဆေး) - insulin (အင်စူလင်)
• အင်တီဟစ်တမင်း - antihistamine
• အစက်ချဆေး - drops
• အစက်အပျောက်များ (မျက်နှာ) - freckle
• အစပိုင်း - onset
• အစားစားဇယား - eating plan
• အစားထိုးလဲပေးခြင်း - transplant
• အစားပျက်ခြင်း - anorexia
• အစားမစားစေရန် - to fast
• အစားအစာ - diet
• အစာငတ်ခံခြင်း - fasting
• အစာစားချင်စိတ် - appetite
• အစာမစားချိန်ရှိသည့် သွေးထဲက သကြားဓါတ် - fasting blood sugar
• အစာမသင့်ဖြစ်ခြင်း - food allergy
• အစာမကျေဖြစ်ခြင်း - indigestion
• အစာမျိုပြွန်၊ (အာခေါင်နှင့် အစာအိမ်အကြား) - esophagus (အီဆိုဖေးဂတ်စ်)
• အစာလမ်းကို ဖြတ်ကူးဆက်ပေးခြင်း - gastric bypass
• အစာလမ်းကိုေ လ့လာခြင်း - enterology
• အစာလမ်းကြောင်းထဲ ကရိယာထည့်စစ်ဆေးခြင်း - endoscopy
• အစာအိမ် ဗိုင်းရပ်စ် - stomach virus
• အစာအိမ်ကို ချည်နှောင်ထားခြင်း၊ အဝလွန်သူများအတွက်လုပ်သည် - gastric banding
• အစာအိမ်နာ - gastric ulcer
• အစာအိမ်-အူလမ်းကြောင်း - GI - gastroenterology
• အစာအိမ်ဆေးခြင်း - pump the stomach
• အစာအိမ်ရောင်ခြင်း - gastritis
• အစာဟောင်းအိမ် - rectum
• အဆစ်များ - joints
• အဆစ်လွဲခြင်း - dislocation
• အဆစ်ရောင်ရောဂါ - Arthritis (အာသရိုက်တစ်)
• အဆိပ်သင့်ခြင်း - poisoning
• အဆိပ်ဖြေဆေး - antidote
• အဆိပ်သွေးထဲဝင်ခြင်း - toxemia
• အဆီ နည်းခြင်း - low fat
• အဆုပ်ခဲသည့်ရောဂါ - Pneumonia (နူမိုးနီးယား)
• အဆုပ်အလုပ်ကိုစစ်ဆေးခြင်း - pulmonary function test
• အဆုပ်အိတ်ထဲအရည်အောင်းခြင်း - pleurisy
• အဆုပ်ဖေါင်းရောင်နေသည့်ရောဂါ - emphysema
• အဆုပ်ဗေဒ - pulmonology
• အတက်ငယ်များ - diverticula
• အတွင်းလူနာ - inpatient
• အတိုင်းမသိ ပျော်ရွှင်နေခြင်း - euphoria
• အတု၊ သွားတု၊ ခြေတု၊ လက်တု - prosthesis
• အတူပွါးခြင်း - replicate
• အထူးကြပ်မတ်ကုသပေးသည့်အခန်း - ICU - intensive care unit
• အထူးစောင့်ရှောက်သည့်ဌာန၊ အခမ်း - CCU - critical care unit
• အနာ-ရောဂါ - lesion
• အနာ - sore
• အနာ-ဒဏ်ရာ - wound
• အနာကိုက်သလိုနာ - throbbing pain
• အနာတရဖြစ်စေသည် - hurt
• အနာနာသလိုနာ - sore pain
• အနာကြီးရောဂါ - Leprosy (Hansen's Disease) (လက်ပရိုစီ)
• အနာသက်သာဆေး - pain reliever
• အနာအကိုက် -အဖျား သက်သာဆေး - ibuprofen (အိုင်ဘူပရိုဖင်)
• အနီးက အရာတွေကို ကောင်းကောင်းမမြင်ခြင်း - presbyopia
• အနီးမှုန်ရောဂါ - Myopia (မိုင်ယိုးပီးယား)
• အနီပြင် - rash
• အနီပြင် ထွက်လာခြင်း - break out in a rash
• အန် - vomit
• အန်ချင်၊ နေမကောင်းချင် - queasy
• အန်ချင်သလိုနာ - nauseating pain
• အန်ခြင်း - emesis
• အပူချိန်၊ စိုထိုင်းဆ၊ အောက်စီဂျင် လိုသလိုချိန်ပေးထားသည့် သေတ္တာ၊ အခန်း - incubator
• အပူချိန်တိုင်းကရိယာ - thermometer
• အပူလှိုင်းမိခြင်း - heat stroke
• အပူပေးသည့် အခုအခံ - heating pad
• အပူလောင်အဖု - blister
• အပ်စိုက်ကုနည်၊ - acupuncture
• အဖုံးလွှာပါး - membrane (မင်ဘရိန်း)
• အဖို-အမ ပေါင်းစပ်ခြင်း - fertilization
• အကြံပေး သူနာပြု - advice nurse
• အကြံပေးရန် - to advise
• အမာရွတ် - scar
• အမျိုးသမီ လိင်စိတ်နည်းဖြင်း - frigidity
• အမျိုးသမီး ကလေးမရနိုင်သူ - female sterility
• အယ်လဗျူမင် (ဆီးထဲမှာ) အသားဓါတ်ပါနေခြင်း - albuminuria
• အဒြီနယ်လ် ဂလင်း၊ (ကျောက်ကပ် အထက်မှာရှိသည်) - adrenal gland
• အဒြီနယ်လ်က ထွက်သော ဟော်မုန်း၊ ဆေး - adrenaline (အဒြီနယ်လင်း)
• အပြင်လူနာ - outpatient
• အပြားငယ် - disc
• အမြင် - vision
• အရက်စွဲခြင်း - alcoholism
• အရည်အိတ်၊ လက်ကောက်ဝတ်တဝှိုက်အဖြစ်များသော အကျိတ် - ganglion
• အရပ်နှင့် အလေးချိန်အရ အဆီပမာဏကိုတိုင်းသည့် ညွှန်းကိန်း - body mass index
• အရွတ် - ligament
• အရိုးကျိုးခြင်း - fracture
• အရိုးကျိုးလျှင် ခုခံပေးရသည့်ပစ္စည်း - bone splint
• အရိုးအားနည်းရောဂါ - osteoporosis
• အရိုးနု - cartilage
• အရုပ် နှစ်ခုမြင်နေခြင်း - diplopic
• အလုံး၊ အကျိတ်၊ အဖု - lump
• အလုံး-အကျိတ်ငယ် - nodule
• အလင်းတန်းများအား ပုံမှန်မမြင်ခြင်း - astigmatism
• အလာဂျီ)တုံ့ပြန်မှုများ - allergic reactions
• အလာဂျီဖြစ်၍အရေပြားယားယံသည့်ရောဂါ - Urticaria (အာတီကေးရီးယား)
• အလာဂျီရသဖြင့် ထွက်သည့် အနီပြင်၊ ပျားတုပ်ခံရသလို - hives
• အလာဂျီရသဖြင့် အရေပြားအဝိုင်းဖြစ်လာဖြင်း - wheals
• အလာဂျီကြောင့်ဖြစ်သည့်ရောဂါ - hay fever (ဟေး -ဖီဗာ)
• အလိုလို ကိုယ်ဝန်ပျက်ခြင်း - spontaneous abortion
• အလုပ်လုပ်ရင်းရသည့် ဒဏ်ရာ - work -related injury
• အလုပ်အကိုင် လုပ်နိုင်စေရန် ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပေးသည့် ပညာရှင် - occupational therapist
• အဝလွန်ရောဂါ - Obesity
• အသံသြခြင်း - hoarse
• အသံဖြစ်စေသည့် အကြော၂ ခု - vocal cord
• အသံအက်နေခြင်း - huskiness
• အသံအိုး - larynx
• အသက်ရှူကရိယာ - inhaler
• အသက်ရှူခက်ခြင်း - difficulty breathing
• အသက်ရှူမဝခြင်း - asphyxia
• အသက်ရှူမဝခြင်း - shortness of breath
• အသက်ရှူခြင်း - respiration
• အသက်ရှူခြင်းအား စစ်ဆေးခြင်း - spirometry
• အသက်ရှူပြဿနာများ - breathing problems
• အသက်ရှူလမ်းမှထွက်သောအချွဲ - phlegm
• အသည်း - liver
• အသည်းခြောက်ခြင်း - cirrhosis (ဆရိုးဆစ်စ်)
• အသည်းရောင် - Hepatitis (ဟက်ပတိုက်တစ်)
• အသားစ ထုတ်ယူစစ်ဆေးခြင်း - biopsy
• အသားစကို စစ်ဆေးရန် ဆေးထိုအပ်ဖြင့်စုတ်ယူခြင်း - needle aspiration biopsy
• အသား-မျက်လုံး-ဆီး ဝါခြင်း - jaundice (ဂျွန်းဒစ်)
• အသိုင်း - sling
• အားကစားသမားခြေထောက် (မှိုရောဂါ) - athlete's foot
• အားကုန်ခြင်း - fatigue
• အားယုတ်၊ စိတ်ကျ၊ စိုးရိမ်၊ ခေါင်းကိုက်၊ အာရုံကြောတလျှောက် နာခြင်းတို့ တွဲဖြစ်ခြင်း - neurasthenia
• အားယုတ်နေခြင်း - listlessness
• အားကောင်းစေရန် ထပ်ထိုးသည့်ဆေး - booster shot
• အာတီကေးရီးယား၊ ယားသည့်အနီပြင်ထွက်ခြင်း - urticaria
• အာရုံကြော - nerve
• အာရုံကြောနာခြင်း - neuralgia
• အာရုံကြောအထူးကု - neurologist
• အာရုံကြောရောင်ခြင်း - neuritis
• အာရ်အိတ်ခ်ျ -ဖက်တာ၊ သွေးအုပ်စု စစ်လျင် ရှိသူ-မရှိသူ - RH factor
• အာလ်ဆာ = အနာ - ulcer
• အာလ်ထွာဆောင်း - ultrasound
• အာသီး၊ (၂ ခုရှိသဖြင့်) - tonsils
• အာသီးရောင်ခြင်း - tonsillitis
• အာဟာဓါတ် မပြည့်ဝသော - undernourished
• အာဟာရ - nutrition
• အာဟာရပညာရှင် - dietician
• အာခေါင် - palate
• အိပ်ချင်နေခြင်း - drowsy
• အိပ်ယာထဲမှာ ဝမ်း -ဆီးသွားရန်ခွက် - bed pan
• အိပ်ရာထဲ နားနေခြင်း - bed rest
• အိပ်စေ -ငြိမ်စေသည့်ဆေး - sedative
• အိပ်ပျော်နေစဉ် အသက်ရှူမမှန်ဖြစ်ခြင်း - sleep apnea
• အိမ်သုံး ဓါတုဆေးများ - household chemicals
• အိုင်အိုဒင်း - iodine
• အိပ်မပျော်ခြင်း - insomnia
• အူ - bowel
• အူ၏မည်သံ - bowel sound
• အူကျရောဂါ၊ အင်္ဂါအစိတ်အပိုင်းတခု သူ့နေရာမှ စူထွက်ခြင်း၊ ကျထွက်ခြင်း - hernia (ဟာနီယာ)
• အူတခုနှင့် တခုလိမ်ပိတ်နေခြင်း - volvulus
• အူမကြီး - large intestine
• အူမကြီးထဲ ကရိယာထည့်စစ်ဆေးခြင်း - colonoscopy
• အူမကြီးရောင်ခြင်း - colitis
• အူလမ်းမငြိမ်သည့် ဝမ်းခဏခဏပျက်သည့်ရောဂါ - irritable bowel syndrome
• အူသိမ် - small intestine
• အူသိမ်၏ အစပိုင်း - duodenum (ဒူယိုဒီနမ်)
• အူအတက် - appendix
• အူအတက်ဖြတ်ခြင်း - appendectomy
• အူအတက်ရောင်ခြင်း - appendicitis
• အူအတက်ရောင်ရောဂါ - Appendicitis (အပန်ဒီဆိုက်တစ်)
• အကောင် အဆိပ် - sting
• အခေါင်း - cavity
• အနေရခက်ခြင်း - discomfort
• အပေါ်ယံ အပြားလွှာဖြစ်လာခြင်း - plaque
• အကြောသေရောဂါ - Poli - or Poliomyelitis (ပိုလီယို)
• အခြေခံ ကိုယ်ပူချိန် (ဘာမှမလုပ်သေးချိန်မှာရှိတဲ့) - BBT (basic body temperature)
• အခြေခံကျန်းမာရေး စောင့်ရှောက်ပေးသူ - PCP - Primary Care Provider
• အရေးအကြီးဆုံးလက္ခဏာများ = သွေးခုန်နှုန်း၊ ၊သွေးဖိအား၊ အပူချိန်၊ နှလုံးခုန်နှုန်း) - vital signs (pulse, blood pressure, temperature, heart rate)
• အရေးပေါ် ကိုယ်ဝန်တားဆေး၊ ညက အတူနေပြီး မနက်ရောက်သောက်သည့်သဘော - morning -after pill
• အရေးပေါ်အခန်း - ER - emergency room
• အရေးပေါ်ခေါ်ယူနိုင်သည့် ဆရာဝန် - doctor on-call
• အရေပြားမှ အငွေ့ပြန်ထွက်ခြင်း - perspire
• အရေပြားအထူးကု - dermatologist
• အရေပြားရောင်ခြင်း၊ အရေပြားနာ - dermatitis
• အရောင်မခွဲခြားတတ်သည့်ရောဂါ - Color blindness
• အလေးအပင်မခြင်း - heavy lifting
• အန္တရာယ် - risk
• အန္တရာယ်ရှိသည့်အချက်များ - risk factors
• အေးခဲစေသည့်နည်းသုံး ခွဲစိတ်ကုသနည်း - cryosurgery
• အောက်စီဂျင် - oxygen

• ဦးခေါင်းခွံ - skull
• ဦးနှောက် - brain
• ဦးနှောက် သွေးမလျောက်သဖြင့် လေဖြတ်ခြင်း - stroke
• ဦးနှောက် သွေးလှည့်စနစ် - cerebrovascular
• ဦးနှောက် သွေးအရောက်နည်းခြင်း - cerebral ischemia
• ဦးနှောက်ကို ထိခိုက်ခြင်း၊ (သွေးခြည်ဥတဲ့အထိ) - contusion
• ဦးနှောက်ကို အနည်းငယ်သာ ထိခိုက်ခြင်း၊ (အခေါက်ခံရသလောက်) - concussion
• ဦးနှောက်ကိုဖုံးထားသည့် အလွှာရောင်ခြင်း - meningitis
• ဦးနှောက်ထဲရှိ (ပစ်ကျူထရီ -ဂလင်း) ဟော်မုန်းများထုတ်သည် - pituitary gland
• ဦးနှောက်အား လျှပ်စစ်နည်းဖြင့် စစ်ဆေးခြင်း - EEG (electroencephalogram)
• ဦးနှောက်အမှေးရောင်ရောဂါ - Meningitis (မင်နင်ဂျိုက်တစ်)
• ဦးနှောက်ရောင်ရောဂါ - Encephalitis (အင်ကဖလိုက်တစ်)

- Medical vocabulary ဆေးစာ ဝေါဟာရများ http://doctortintswe.blogspot.com/2014/11/medical-vocabulary.html
- Medical abbreviations ဆေးပညာသုံး အတိုကောက်စာလုံးများ http://doctortintswe.blogspot.com/2014/11/medical-abbreviations.html
- ဆေးစာ ဝေါဟာရများ Medical vocabulary http://doctortintswe.blogspot.com/2015/12/medical-vocabulary.html

ဆေးစာဝေါဟာရများ၊ အင်္ဂလိပ်-မြန်မာ၊ မြန်မာ-အင်္ဂလိပ်နဲ့  ဆေးပညာသုံးအတိုကောက်စာလုံးများ (၃) ပုဒ်ရေးတုံးက ဖေ့စ်ဘွတ် ဖရင်း (၃) ယောက်ကနေ စီစဉ်တာတွေကို အီးမေးလ်ကတဆင့် ကူညီလုပ်ပေးကြတယ်။ ကျွန်တော် ဒေလီမှာ နေတုံးကတည်းကဆိုတော့ တနှစ်ကျော်သွားပြီ။ သူတို့ကို ကျေးဇူးတင်ပါတယ်။ နှစ်ပေါင်းများစွာသုံးခဲ့တဲ့ သူတို့နာမည်တွေလည်းပါတဲ့ အီးမေးလ်က ယူအက်စ်ရောက်တော့ သုံးလို့မရတော့လို့ စိတ်မကောင်းဖြစ်ရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး