Banyan Plant ညောင်ပင်ကို သွားကြည့်ခြင်း

အခုပဲ ဘုန်းကြီးကျောင်းက ပြန်ရောက်ပါတယ်။ ဥပုသ်စောင့်သွားတာတော့ မဟုတ်ပါ။ အာဂန္တုကိုယ်တော်တွေရောက်တုန်း နှုတ်ဆက်ဘို့ပါ။ စကားစမြီပြောကြတာတော့ ကြာခဲ့တယ်။ စကားဝိုင်း နှစ်ဝိုင်းခွဲရသေးတယ်။ ဒါတောင် နက်ဖြန်မနက် အရုဏ်ဆွမ်းကပ်မယ့် ဒါယကာနဲ့ ဒါယိကာမတို့က ထိုင်နားထောင်နေကြလို့။

ကျွန်တော် တစိတ်တပိုင်းသိတဲ့ ကျန်းမာရေး၊ နိုင်ငံရေးနဲ့ မြန်မာစာ။ ဘာသာရေးကိုတော့ နာယူခဲ့ပါတယ်။ ရေးရတာတို့ အင်တာဗျူးမှာဖြေရတာတို့နဲ့ ထိုင်စကားပြောရတာက တမျိုး။ အသံဖမ်းထားတာလည်းမရှိ၊ ကွန်မင့်လာစရာလည်းမရှိတော့ ပိုလွတ်လပ်တယ်။ အကျိုးရှိတယ်။

နားထောင်ကောင်းအောင် ပြောရတာတွေ၊ ဖတ်တဲ့သူ သဘောကျအောင် ရေးရတာတွေနဲ့ မတူတာမျိုးဟာ ပရိသတ် ရွေးရတယ်။ ပရိသတ်များတိုင်းတော့ အတည့်အမှန်မဖြစ်တတ်ပါ။ ကျွန်တော်ကလည်း မဲရဘို့မလို၊ ကိုယ်တော်တွေကလည်း ဆွမ်းကွမ်းအတွက် ဟောကြတာမဟုတ်ပါ။

ကျွန်တော်ကလှူ၊ ဘုန်းကြီးကမွေးမြူထားတဲ့ ညောင်ပင်လေး ရှင်သန်နေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ