Wednesday, January 25, 2017

ပတ် နှင့် ပါတ်

ကျွန်တော် ခဏခဏမှားတဲ့သတ်ပုံ။

ပတ်
ခုနစ်ရက်တပတ်။
စုလျားပတ်ရစ်သည်။
ညစ်ပတ်သည်။
တံခါးပတ္တာ။
တနှစ်ပတ်လုံး။
ပင်စည်လုံးပတ်။
ပဋိပတ် (ကျင့်ဝတ်)။
ပတ္တလား။
ပတ္တမြား။
ပတ္တာမြေ။
ပတ္တူစ။
ပတ္ထနာဆုတောင်း။
ပတ်ကုံးဝန်းကျင်။
ပတ်ချွဲနပ်ချွဲ။
ပတ်ချာလည်။
ပတ်စာခွာဖျာသိမ်း။
ပတ်တီးစည်း။
ပတ်ပတ်နပ်နပ်။
ပတ်ပတ်လည်။
ပတ်ပျိုးသီချင်း။
ပတ်ကြမ်းတုတ် (ပတ်ကြမ်းတိုတ်)။
ပတ်ခြံ။
ပတ်မကြီး။
ပတ်ရံ။
ပတ်လည်အနား။
ပတ်ဝန်းကျင်။
ပတ်သက်နေသည်။
ပတ်မြှောင်။
ဗျုပ္ပတ်။
ယုတ်ပတ်သည်။
ရိုင်ပတ်။
လုံးစေ့ပတ်စေ့။
လှည့်ပတ်သွားလာ။
သံပတ်ကွင်း။
အင်္ကျီအနားပတ်။
ကွေ့လည်ကြောင်ပတ် (ဝေ့လည်ကြောင်ပတ်)။
ထောပတ်။
လျှောက်ပတ်တင့်တယ် မျိုးနွယ်တူဆွေ။

ပါတ်
ဇာတ်နိပါတ်။
ပဋိပါတ် (အစဉ်)။
ပါဏာတိပါတ်။
ဥပပါတ်။

ဒေါက်တာတင့်ဆွေ
မင်္ဂလာတေး = ရန်အောင် + ဟေမာနေဝင်း https://www.youtube.com/watch?v=po8dyysKBxc

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...