Concise History ခေတ်သမိုင်းသံခိပ်

ချုပ်ကြီး = ရှေ့နေချုပ်လာ ဖွဲ့စည်းပုံရေးစမ်း။ သုံးချက်ပဲကွာ။ ငါလုပ်ထားတာတွေကို နောက်ကြောင်းပြန်တရားစွဲမရ။ သူ့ကို သမတလုပ်မရအောင်ကန့်။ အခုရေးတာကို ပြင်မရအောင်လုပ်။ အဲတာတွေကို ညောင်နှစ်ပင်ပို့လိုက်။

သံတော်ဦးတင်သူ = မုန်တိုင်းကြီးလာမယ်တဲ့။
ချုပ်ကြီး = ငါ့အိမ်မပါရင် ထားလိုက်။ လုပ်စရာတွေရှိတယ်။

သံတော်ဦးတင်သူ =နာဂစ်မှာ လူတွေအတော်သေနေပြီ။ နိုင်ငံတကာက ကူညီချင်နေပါတယ်။
ချုပ်ကြီး = ဘယ်သူ့မှလက်မခံနဲ့။ အမေရိကန်ကို အနားမကပ်စေနဲ့။

သံတော်ဦးတင်သူ = တရုပ်မုန်တိုင်းမှာ သမတကိုယ်တိုင်သွားကူတယ်။ အမေရိကန်ကူတာလည်း လက်ခံတယ်။ အိန္ဒိယကလည်းကူချင်သတဲ့။
ချုပ်ကြီး = အမေရိကန်လည်း နည်းနည်းကူပါစေ။ အိန္ဒိယက စစ်ယူနီဖေါင်းဝတ်ဆရာဝန်သာလာပါစေ။ ငါ ဧရာဝတီ သွားမယ်။ လူတွေကို ငါ့ကိုရှိခိုးခိုင်း။ ဆန္ဒခံယူပွဲသာ စီစဉ်ထားတဲ့အတိုင်းလုပ်ကြ။

သတင်းတခု = ၁ဝ-၅-၂ဝဝ၈ နေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ။ မဲပေးသူပေါင်း ၂၄,၇၆၄,၁၂၄ ဦး၊ ထောက်ခံမဲပေးသူ = ၉၃့၈၂%။

ချုပ်ကြီး = မင်းက သမတလုပ်။ မင်းတို့က လွှတ်တော်ကိုအုပ်။ မင်းကပါတီမှာနေ။ မင်းကော်မရှင်။ မင်းကို တပ်ချုပ် ထားမယ်။ ဟာ မင့်ကို မကြိုက်တော့ဘူး ဂျောင်း။ ဟိုနောက်တယောက်လုပ်။ လိုအပ်ရင် ၅ နှစ်ပြန်ခေါ်ခွင့်ရှိတယ်လို့ ထုတ်ထား။ အေး ငါနားအုံးမယ်။

ကွန်မင့်တခု = မဲဆန္ဒရှင် 22,496,660 ဦး၊ ထောက်ခံမဲပေးသူ 20,786,596 ဦး၊ ဆန္ဒမဲပေးခွင့်ရှိသူဦးရေ 22,708,434 ဦး၊ ထောက်ခံသည့် ရာခိုင်နှုန်း 92.48 ရာနှုန်းလို့တွေ့မိတယ်ဆရာ။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၅
၂၇-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး