အဝေးက ဆေးမကုပါ

စောစောက မြန်မာပြည်က မြန်မာတိုင်းရင်းဆေးတခုအကြောင်း ရေးပါတယ်။ အာဆင်းနစ်အဆိပ်သင့်ခြင်းလည်း ဆက်ရေးတယ်။ လိမ်းဆေး-လူးဆေးတွေလည်း သွေးထဲရောက်တယ်ဆိုတာကိုလည်း ဆက်ရေးပါတယ်။

ကွန်မင့်တွေက များတယ်။ ကုန်အောင် မဖတ်နိုင်ပါ။ တချို့ရေးတာတွေက တမျိုးပဲ။ မီဒီယာလား ဆိုက်တခုကလား မသိ မေးတယ်။ အချက်အလက်အစုံ မပေးလိုက်ပါ။ ဆောရီး။ ဘယ်ဒေါင့်ကရေးမလဲ မသိလို့ပါ။

ဗမာဆေးက (၂) မျိုးလို့ ပုံပို့ပေးတဲ့ မိတ်ဆွေကပြောမှ သတိထားကြည့်မိတယ်။ ဟုတ်တယ်။ တိုင်းရင်းဆေး (၂) မျိုးကို ပိတ်ပင်တာ။ ဆေးနာမည် အတိအကျတော့ နက်ဖြန်မှ သိရမယ်။ ထင်တာတော့ ရှိတယ်။ မသေချာပဲ မှန်းရေးလေ့မရှိပါ။

ကျွန်တော်က ဆေးပညာဒေါင့်ကနေ အချက်အလက်ခိုင်မာမှုကို အခြေံခံပြီးသာ စာတွေရေးတယ်။ ပုံကြီးချဲ့ မရေးပါ။ ထိခိုက်စေလိုတဲ့ စေတနာဆိုး မထားပါ။ ကျွန်တော့စာတွေမှာ ဆေးအမည်တွေ အများကြီးပါတယ်။ တချို့ ဆေးရွေးပေးပါ ပြောတယ်။ မမြင်ရမစမ်းရသူကို အဝေးကနေ ဆေးကုသလို မလုပ်အပ်ပါ။ အခုလဲ အဲဒီဆေးကို မသုံးပါနဲ့လို့ ကျွန်တော်က မပြောအပ်ပါ။

အသိညာကို စစ်မှန်တာ ရွေးရှာတတ်ပြီး၊ ကိုယ်ပိုင်အသိနဲ့ ဆုံးဖြတ်တတ်ကြစေချင်တယ်။

ဒေါက်တာတင့်ဆွေ
၁၄-၁-၂ဝ၁၇

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး