Physician Ethics ပြန်ကြားလိုက်ပါသည်

သမားကျင့်ဝတ်ဆိုတာ ကိုယ့်လူနာ ဘယ်သူ့မှာဘာဖြစ်နေတယ်လို့ တပါးသူကို မပြောအပ်ပါ။ ဒါပေမဲ့ မြန်မာပြည်ကြီးမှာ ကယ်ပါယူပါ ဖြစ်နေတာတော့ ပြောပါရစေ။

ကိုယ်ရေးကိုယ်တာ မေးလာတာတွေရှိလို့၊ အဝေးမှာနေရပေမဲ့ တွေးစရာမလိုဘဲသိပါသည်။

မမြင်ကွယ်ရမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ မေးလာလို့၊ အထဲမှာမနေရပေမဲ့ ထဲထဲဝင်ဝင်သိပါသည်။

နာမည်နဲ့နေရပ်ကိုမဖေါ်ပြပါနဲ့ သိချင်တာမေးပါရစေဆိုလို့၊ လာမကြည့်ရပေမဲ့ အထာအတိအကျသိရပါသည်။

သူများတွေမသိစေချင်တာ မေးလာလို့၊ အရောက်မလာနိုင်ပေမဲ့ နောက်ကွယ်မှာဘာဖြစ်နေမှန်းသိပါသည်။

ဒီတခါ မှားသွားပါတယ်ဆရာ ကယ်ပါအုန်းဆိုလို့၊ ဖုန်းမဆက်အားပေမယ့် ဖုံးပေးထားရတာတွေရှိပါသည်။

အလုံဖုံးထားရတဲ့နေရာမှာ ဒါဖြစ်နေပါတယ်ဆိုလို့၊ လှန်မကြည့်ရပေမယ့် အမှန်အတိအကျသိရပါသည်။

သူများတွေကို ဒုက္ခမပေးချင်ပါဆရာဆိုလာလို့၊ အဝေးက မုချဘာတွေဖြစ်နေမှန်းလည်းသိပါသည်။

အထဲကလေး ဘာမှမဖြစ်သေးပါဘူးနော်ဆိုလို့၊ အတွင်းထဲမှာက အတွဲမလှတွေရှိနေကြမှန်းလည်းသိပါသည်။

ယူကြုံးမရ လူလုံးမလှတာ မေးလာကြလို့၊ လူအဖြစ်ရှုံးနေကြတာလဲသိပါသည်။

သားသမီးတို့၏အတွင်းရေးကို မျိုသိပ်ဖုံးဖိတတ်သော အမေကဲ့သို့ ကျင့်ကြံပါအံ့၊ နီးသောဝေးသောမဟူ အတူထားသည့် မိခင်မေတ္တာမျိုးရှိနိုင်အောင် ကြိုးစားပါအံ့၊ ပြန်စာရ၍ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၂-၁-၂ဝ၁၄
၂၂-၁-၂ဝ၁၅
၂၂-၁-၂ဝ၁၆
၂၂-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး