Goitre Q and A လည်ပင်းကြီး အမေး-အဖြေ

၁။ ဆရာရှင့် နှစ်သစ်မှာမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ။ လည်ပင်းကြီးရောဂါနဲ့ပတ်သက်ပြီးသိချင်တာလေးရှိလို့မေးခွင့်ပြုပါ။ လည်ပင်းမှာအလုံးရှိနေပြီး 2.6 cm ရှိနေတယ်လို့ပြောပြီးနောက် ၃ လ ပြန်ချိန်းထားပါတယ် 3 cm ဆိုရင်ခွဲရမယ်လို့လည်း ပြောပါတယ်။ ၆ လ လယ်ပြန်ချိန်းထားပါတယ်။ ကျမကြောက်တာက ဒီအလုံးက ကြီးလာမှာပဲလား။ ဘာဆက် လုပ်သင့်ပါသလဲရှင်။ အစားအသောက် ဘာတွေသတိထားသင့်ပါသလဲရှင်။ လေးစားစွာဖြင့်။

၂။ လည်ပင်းကြီးနေတိုင်း လည်ပင်းကြီးရောဂါဖြစ်နေတာ ဟုတ်ပါသလား။ လည်ပင်းကြီးရောဂါမှန်း မည်သို့ သိနိုင်ပါမည်လဲ။

လည်ပင်းကြီးနေရင် Goitre လည်ပင်းကြီးရောဂါ ခေါ်ပါတယ်။ Thyroid gland ကြီးနေတာပေါ့။ လည်ပင်းကြီးနေတာကို မမြင်ရဘဲနဲ့လည်း လည်ပင်းကြီးနဲ့ ဆိုင်တဲ့ ရောဂါ ရှိနိုင်သေးတယ်။ လည်ပင်းကြီးဖြစ်စေတဲ့ အကျိတ် Thyroid gland ကနေ လူတိုင်းမှာ (သိုင်းရွိုက်) ဟော်မုန်း ထုတ်ပေးနေတာ။ အဲဒီ ဟော်မုန်းတွေ လိုတာထက် များနေရင်ဖြစ်တဲ့ Toxic Goitre, Hyperthyroidism ကလည်း ဒီ လည်ပင်းကြီးရောဂါ အုပ်စုထဲမှာ ပါတယ်။ တိုက်တိုက် ဆိုင်ဆိုင် အခုတလော ဒုက္ခသည် ဆေးခန်းလေးကို လာပြသူတွေထဲမှ အမျိုးသမီး ၃-၄ ယောက် အဲဒါမျိုး လာတွေ့နေရတယ်။

သူတို့လည်ပင်းက သိသိသာသာကြီးမနေလို့၊ အသေအခြာစမ်းမှ သိနိုင်တယ်။ (ကွန်ပလိမ့်) ကတော့ အတူဘဲ။ တယောက်က မေးတယ်။ ကျမ လည်ပင်းကြီး နေသလား။

နောက်တယာက်က လည်ပင်းအကြောင်း ဘာမှမပြောဘူး။ ရင်တုံတယ်သာပြောတယ်။ မျက်စိက လည်ပင်းကြည့်၊ လက်က လက်ကောက်ဝတ် သွေးခုန်တာစမ်း။ သံသယဝင်လာတော့ ဆက်မေးရတယ်။ စိတ်တိုတတ်သလား။ တိုတယ်။ ဘေးလူတွေကို မေးရပြန်တယ်။ အလုပ်လုပ်တာမှာ အရင်ကထက်၊ သူများတွေထက် သွက်သွက် လက်လက်၊ ဟောဟော ဒိုင်းဒိုင်း၊ လုပ်တယ်။ (သွက်တိုင်းလည်း မကောင်းတာ သတိထားပါ။) သူများထက် ပိုပြီး အိုက်တတ်တယ်။ လင်မယားမှာ ယောက်ျား လုပ်သူကနေ အရင် သတိထားမိမယ်။ တယောက်က ပြူတင်းပေါက်ဖွင့် အိပ်ချင်၊ တယောက်က ပိတ်အိတ်ချင်။ အရင်ကထက် စိတ်တိုတယ်။

နောက်တယောက်ကိုတော့ တခြားရောဂါ လာပြတုံး မြင်တာနဲ့ ဆရာက သံသယရှိတယ်။ သူ့မျက်လုံးက ပိုပြီးသိသာနေ၊ ပြူးချင်နေတယ်။ (သမင်မထက် မျက်လုံးပိုပြူးရင် သတိထား။)

Goitre ထဲမှာ အမျိုးမျိုးတော့ ရှိတယ်။ အများဆုံးဖြစ်ကြတာက (အိုင်အိုဒင်း) ဓါတ်ဆားနည်းလို့ လည်ပင်းကြီးနေတာကို အဝေးကတောင် မြင်နေရတာမျိုး ဖြစ်ရတယ်။ တောင်ပေါ်ဒေသ၊ တောင်ကုန်းရှိရာ အရပ်တွေမှာ ဖြစ်တာမျိုး။ ယောသားတွေနေတဲ့ တောင်ပေါ်ကို တခါကနယ်လှည့်ဆေးကုတယ်။ တရွာမှာ လက်ညှိုးထိုးမလွဲ လည်ပင်းကြီးတွေ တွေ့ခဲ့ရတယ်။ ရွာလုံးကြွတ်ဖြစ်တာမျိုး။ နောက်ပြီး လည်ပင်းကြီးအကျိတ် ကင်ဆာ နဲ့ ကင်ဆာမဟုတ်တဲ့အကျိတ်ရောဂါတွေလည်းရှိတယ်။

လည်ပင်းကြီးရောဂါ စာများ
1. Carbimazole လည်ပင်းကြီးဟော်မုန်းများခြင်းအတွက်ဆေး၏ ဆိုးကျိုးများ http://doctortintswe.blogspot.com/2014/12/carbimazole.html
2. Goitre Q and A လည်ပင်းကြီး အမေး-အဖြေ http://doctortintswe.blogspot.com/2015/04/goitre-q-and.html
3. Hyperthyroidism and Fertility လည်ပင်းကြီး ဟော်မုန်းများရောဂါ နဲ့ သား-သမီးရနိုင်ခြင်း http://doctortintswe.blogspot.com/2014/12/hyperthyroidism-and-fertility.html
4. Hyperthyroidism လည်ပင်းကြီးဟော်မုန်းများရောဂါ http://doctortintswe.blogspot.com/2014/12/hyperthyroidism.html
5. Hypothyroid in Children လည်ပင်းကြီးဟော်မုန်းနည်းရောဂါ ကလေးမှာလာဖြစ် http://doctortintswe.blogspot.com/2014/12/hypothyroid-in-children.html
6. Hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းရောဂါ http://doctortintswe.blogspot.com/2014/10/hypothyroidism.html
7. Nuclear Medicine အနုမြူဆေးပညာ http://doctortintswe.blogspot.com/2014/12/nuclear-medicine.html
8. Thyroid Cancer သိုင်းရွိုက်ကင်ဆာ http://doctortintswe.blogspot.com/2015/06/thyroid-cancer.html
9. Thyroid Disorders လည်ပင်းကြီးရောဂါတွေ http://doctortintswe.blogspot.com/2015/01/thyroid-disorders.html
10. Thyroid Function Tests လည်ပင်းကြီး ဟော်မုန်း စစ်ဆေးခြင်း http://doctortintswe.blogspot.com/2015/01/thyroid-function-tests.html
11. Thyroid လည်ပင်းကြီးရောဂါ http://doctortintswe.blogspot.com/2014/12/thyroid.html
12. Thyrosit လည်ပင်းကြီး-ဟော်မုန်းဆေး http://doctortintswe.blogspot.com/2015/01/thyrosit.html
13. Toxic goiter Q and A လည်ပင်းကြီး ဟော်မုန်းများနေခြင်း http://doctortintswe.blogspot.com/2015/01/toxic-goiter-q-and.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး