Tuesday, January 24, 2017

It was such fun ရိုင်းစိုင်းတယ်ဆိုတာ ပျော်စရာတဲ့

ဖေ့စ်ဘွတ်မှာ ဆဲရေးတိုင်းထွာနေကြတာ နေ့စဉ်လိုလိုဖတ်ရတယ်။ မထူးသလိုပဲ။ ဒါပေမဲ့ ဘုန်းကြီးကဆဲတော့ ကုလသမဂ္ဂအထိ ရောက်သွားရတယ်။ တချို့ပုဂ္ဂိုလ်တွေ၊ တချို့အသက်မွေးမှုပြုသူတွေဟာ သူများတွေထက် ဆင်ခြင်ကြရတယ်။ အမတ်မင်းတွေ စကားမလိမ်မာရင် အမျိုးသမီးဆိုရင် ငါးစိမ်းသည်နဲ့၊ အမျိုးသားဆိုရင် ကြေးစားမနဲ့ နှိုင်းခံရတယ်။

ဆိုဗီယက်ယူနီယံခေါင်းဆောင် နီကီတာ ခရူးရှက်ဖ်ဟာ ၁၉၆ဝ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်း ပြောနေရင်း ဖိလစ်ပိုင်ကိုယ်စားလှယ်ရဲ့ စကားကို ဒေါသထွက်ရာကနေ စကားပြောစင်မြင့်ကို သူ့ဖိနပ်နဲ့ထုရိုက်ခဲ့တယ်။ ခရူးရှက်ဖ်ဟာ လက်သီးဆုပ်နှစ်ဖက်နဲ့ စားပွဲကိုအရင်ထုပါတယ်။ နောက်မှ ညာဖက်ရှူးကို ချွတ်ယူ၊ လေထဲဝှေ့ရမ်းပြီးမှ စကားပြောခုံမျက်နှာပြင်ကို ထုနှက်ပါတယ်။ အဲလိုလုပ်ပြီးနောက် ခရူးရှက်ဖ်ဟာ ဘယ်လောက် ပျော်စရာကောင်းသလဲလို့ ဆိုလိုက်ပါသေးတယ်။ ၁၂-၁ဝ-၁၉၆ဝ နေ့က တကယ့်အဖြစ်အပျက်ပါ။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂ဝ၁၅
၂၄-၁-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Celebrity in Green ဆယ်လီ သို့မဟုတ် လီဆယ်

လူမှုရေးစည်းကမ်းအရ လူတဦး ကွယ်လွန်သွားရင် မကောင်းတာ ထုတ်မပြောအပ်ပါ။ နိုင်ငံရေးစည်းကမ်းအရတော့ ပြောချင်တယ်။ ပို့စ်တခု တွေ့တယ်။ ၈၈ ပြီးတော့ ...