Sesame seeds စာတတ်ကြပါစေ

မြန်မာစာ စည်ပင်တိုးတက်အောင်၊ စာရေးဆရာ ကဗျာဆရာတွေက လုပ်ကြပါမယ်။ ကျွန်တော်ကတော့ မြန်မာစာကို မှန်စေချင်တာသက်သက်ပါ။ တတ်နိုင်တာကလည်း ဆင့်ပါးစပ် နှမ်းပက်။

အင်္ဂလိပ်စာလည်း တတ်စေချင်တယ်။ သင်ပုံသင်နည်းတွေ တီထွင်ကြံဆတာ ကောင်းတယ်။ ဘုရားက လူကြည့်ပြီး တရားဟောတာ ကမ္မဋ္ဌာန်းပေးတာ ရွေးတယ်။

ပြည်တွင်းမှာစာသင်ပေးနေတဲ့ ဘုန်းကြီးတပါး ဒီကိုအလည်ကြွလာတုန်းမှာ အချိန်ရသလောက် ESL ခေါ် အင်္ဂလိပ်စာ ဒုတိယဘာသာဖြစ်ကြတဲ့ ကျောင်းသားတွေကိုသင်ပေးတဲ့ကျောင်း တက်တယ်။ မြန်မာစကားပြောကျောင်းသား၊ စပိန်စကားပြောကျောင်းသားနဲ့ အာရတ်စကားပြောကျောင်းသားတွေ တက်ကြတယ်။ သင်ပုံသင်နည်းက မြန်မာပြည်ကနဲ့ မတူပါ။

ဘုန်းကြီးအပြန်မှာယူသွားဘို့ရာ သဒ္ဒါနဲ့ ဖတ်စာ သင်ရိုးစာအုပ်နှစ်အုပ်တော့ လှူပြီးပြီ။ စတိုရီစာအုပ်ကို အွန်လိုင်းကမှာရင် အချိန်ကြာမှာမို့ ကျွန်တော်စာကူသင်နေတဲ့ကျောင်းကစာအုပ်ကို ကော်ပီကူးလိုက်တယ်။

ပုံပြင်တိုတိုလေးတွေပါတယ်။ မဖတ်ခင် ပုံလေးတွေကိုကြည့်ပြီး မြင်တာကို စာလုံးဖြစ်ဖြစ် ဝါကျဖြစ်ဖြစ်ရေးခိုင်းတယ်။ နောက် စတိုရီဖတ်ပြတယ်။ မသိတဲ့စာလုံး မေးကြ။ ကျောင်းသားတွေကို အသံထွက်သိအောင် ဆရာဖတ်တဲ့နောက်က လိုက်ဆိုခိုင်းတယ်။ ပြီးတော့ လေ့ကျင့်ခန်းမေးခွန်းတွေကို ဖြေစေတယ်။

မြန်မာပြည်တွင်းကကျောင်းသားတွေ အင်္ဂလိပ်စာတတ်မြောက်ကြပါစေ။ ကျွန်တော်တတ်နိုင်တာက ဆင့်ပါးစပ် နှမ်းပက်။

ဒေါက်တာတင့်ဆွေ
၂၅-၁-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး