မင် နဲ့ မှင်

Zaw Lin တချို့တွေရေးတာမှာ မှင်သက်မိသည်/မင်သက်မိသည် အစရှိသဖြင့်တွေ့ရပါတယ်။ ဘယ်ဟာက အမှန်ပါလဲ။ အဲသည် စကားစုရော တကယ်ရှိလား ဆရာ။ ကျေးဇူးပါ။

မေးခွန်းထဲက တစ်တွေကို ပြင်လိုက်ပါတယ်။ ဆောရီး။

မှင်သက်မိလို့ ပြောပါတယ်။ ရေးပါတယ်။ အံအားသင့်ပြီး ဘာမှ မပြောနိုင်မဆိုနိုင်ဖြစ်သွားတယ်လို့ ဆိုလိုတယ်။ အရင်ထုတ်သတ်ပုံကျမ်းထဲမှာ မတွေ့ပါ။ နောက်ထုတ် သတ်ပုံစာအုပ်နဲ့ အွန်လိုင်းသတ်ပုံမှာ မှင်တက်မိလို့ ရေးထားတယ်။ စကားမပီသူပြောသလို ဖြစ်နေတယ်။

မင်
ခုံခုံမင်မင်
ခုံတမင် (အဆောတလျင်)
ခင်မင်ရင်းနှီး
တမင်ကလာ
မင်္ဂလသုတ်
မင်္ဂလာ
မင်စာ (မင်နဲ့ရေးတဲ့စာ)
မင်တံ
မင်နီ-မင်ပြာ
မင်အိုး
မင်ကြောင်ထိုး
လင်မင်မ (လင်ကို ခင်မင်သောမိန်းမ)
ဥမင်လိုဏ်ခေါင်း

မှင်
မှင်စာ (တစ္ဆေ)
မှင်ကောင်းသူ (ဟန်နေဟန်ထားကောင်းသူ)
မှင်မောင်းကောင်း (ခံညားသော)
မှင်သေ (ပိပိရိရိ)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး