Similarity တူတယ်ဆိုတာ ဘာလဲ

ကွယ်လွန်သူ ဦးကိုနီနဲ့ လူချင်းမဆုံးဘူးပါ။ ရေဒီယိုမှာတော့ အတူဆုံဘူးပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆွေးနွေးကြစဉ်ကပါ။

အဲလိုပဲ ကိုးကွယ်ရာဖြစ်ဖြစ်၊ လူမျိုးစုဖြစ်ဖြစ်၊ မတူသူတွေနဲ့နေခဲ့ရတာ မွေးကတည်းပါ။ နိုင်ငံရေးထဲမှာ ကွဲပြားမှုတွေကို ဘေးချိတ်ပြီး ဦးတည်ချက်တူတဲ့အခါ အတူတွဲလုပ်ကိုင်ရပါတယ်။ စစ်အစိုးရအုပ်ချုပ်ရေးအောက်မှာ ဒီမိုကရေစီရရှိရေး ကြိုးပမ်းစဉ်ကလည်း နောက်ခံမတူသူတွေနဲ့ မျက်နှာတူရူထားခဲ့ကြတယ်။ နိုင်ငံကြီးပြန်ပြင်နေချိန်မှာလည်း နောက်ခံမတူသူတွေနဲ့ လက်တွဲညီကြဘို့လိုတယ်။

ကိုးကွယ်ရာဘာသာတူသူတွေထဲကရော၊ လူမျိုးစုတူသူတွေထဲကပါ စစ်အဏာဏာရှင်တိုက်ဖျက်ရေးမှာ အတူမပါခဲ့သူတွေ ရှိခဲ့တယ်။ တူတယ်ဆိုတာ ဘာလဲ။

ISIS ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့ထဲမှာ တိုင်းပြည်ပေါင်း ၈၆ ကနေ တိုက်ခိုက်ရေးသမားတွေ ပါဝင်နေတယ်။ (K ဆိုတာ ထောင်ဂဏန်းဖြစ်ပါတယ်။)
ကျူနီးရှား = 6 – 7 K
ဆောဒီအာရေးဗီးယား = 2 – 3 K
ရုရှား = 2 – 3 K
ဂျော်ဒန် = 2 – 3 K
တူရကီ = 2 – 3 K
ပြင်သစ် = 1 – 2 K
မောရိုကို = 1 – 2 K
လက်ဘနွန် = 0 – 1 K
အီဂျစ် = 0 – 1 K
ဂျာမဏီ = 0 – 1 K

အဲဒီနိုင်ငံမျိုးစုံကလူတွေမှာ တူတာတခုရှိတယ်။ မြန်မာပြည်က သတ်ဖြတ်မှုတွေက ဘာကြောင့်လဲ မသိရသေးပါ။ မတူပေမယ့် တူတယ်နဲ့ တူပေမယ့် မတူဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တခုသာဖြစ်ပါတယ်။ ကျွန်တော့်ကို လာဖမ်းတဲ့ အမျိုးသားထောက်လှမ်းရေးကလူတွေနဲ့ ကျွန်တော် လူမျိုးစုရော ကိုးကွယ်ဘာသာပါ တူတယ်ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး