Hypertension Aftermath သွေးတိုးကျဆေး သတိပေးပါရစေ

ဆေးတိုင်းမှာ ဘေးထွက်-ဆိုးကျိုးရှိပါတယ်။ သွေးတိုးရောဂါရှိလို့ သောက်ရတဲ့ သွေးကျဆေးတွေမှာလဲ ရှိတာဘဲ။ ဒါပေမဲ့ ဆိုးကျိုး ကြောက်လို့ ဆေးမသောက်ဘဲ မနေပါနဲ့။ လူကြီး ၃ ယောက်မှာ ၁ ယောက် သွေးတိုးရှိတယ်။ ဒါပေမဲ့ ၆၁% ဟာ ဆေးကုသမှု လုံလောက်အောင်မယူကြဘူး။ ၃ ပုံ ၂ ပုံလောက်က သွေးတိုးကို ထိန်းထာတဲ့အထိ မလုပ်ကြဘူးလို့ အမေရိကန် နှလုံးရောဂါ အသင်းက ထောက်ပြထားပါတယ်။ ဒီလိုဖြစ်နေရတဲ့ အကြောင်းတရားတွေထဲမှာ သွေးကျဆေးရဲ့ ဘေးထွက်-ဆိုးကျိုးကို ကြောက်လို့ ဆေးကို ဆရာဝန် ညွှန်တဲ့အတိုင်းမသောက်ကြတာလဲပါတယ်။

သွေးတိုးကျစေတဲ့ဆေးပေါင်း ၂ဝဝ ရှိတယ်။ ဒီလိုအများကြီးထဲကနေ လူနာအတွက်အသင့်ဆုံးဆိုတာ ရွေးပေးရပါလို့ အမေရိကန် ဆေးပညာပါမောက္ခ ဒေါက်တာ သောမတ်စ်-ဂေးလ်စ် ကပြောပါတယ်။

ဆေးကြောင့်ဘာတွေခံစားရနိုင်သလဲ -
1. အားယုတ်ပြီး ခေါင်းမူးဝေဝေနေခြင်း
သွေးတိုးတက်နေချိန်မှာ သွေးကျဆေးသောက်လိုက်တော့ တချို့နေရာတွေမျာ သွေးစီးလျှောက်မှု နည်းလာတာ ခံရတဲ့အထဲမှာ ဦးနှောက်လဲပါတယ်။ ဒါကြောင့်မူးဝေဝေုဖစ်တယ်။ မဆိုးလှပါ။ မစိုးရိမ်ပါနဲ့။

2. ချောင်းဆိုးခြင်း
သွေးကျဆေးတွေထဲက ACE inhibitors အမျိုးအစားဟာ ဆေးသောက်နေသူ ၁ဝ-၁၅% ချောင်းဆိုးကြတယ်။ ဒီဆေးနဲ့သာ အဆင်ပြေနေရင် ဆေးသောက်တာရပ်မပြစ်ပနဲ့။ လိုလာရင် ဆရာဝန်က ဆေးပြောင်းပေးပါမယ်။ Accupril, Altace, Capoten, Lotensin, Monopril, Prinivil, Vasotec, and Zestril ဆိုတဲ့နာမည်တွေနဲ့လာတယ်။

3. ဆီးခဏခဏသွားခြင်း
Diuretics ဆီးသွားအောင်လုပ်တဲ့ဆေးကိုသောက်ရရင် မနက်စောစေအချိန်မှာသောက်သင့်တယ်။ Hydrochlorothiazide (Hyzaar or Maxide) ဆေးတွေဖြစ်တယ်။ ထိရောက်ပါတယ်။

4. ကိုယ်ရောင်ခြင်း
သွေးကျဆေးတွေထဲက ဆီးသွားစေတဲ့အမျိုးမဟုတ်ရင် အနည်းနဲ့အများ အနည်းအပါး ကိုယ်ရောင်စေနိုင်တယ်။ ခြေမျက်စိ၊ ခြေသလုံးမှာရောင်တယ်။ အထူးသဖြင့် Calcium channel blockers အုပ်စုသွေးကျဆေးတွေထဲက Amlodipine (Norvasc) နဲ့ Nifedipine (Procardia) တွေကရောင်စေတယ်။

5. လိင်ပိုင်းဆိုင်ရာအပြောင်းအလဲ
တချို့ယောက်ျားတွေမှာ ပန်းညှိုးတာဖြစ်စေနိုင်တယ်။ တချို့ကိုဆေးပြောင်းပေမယ်။ လိုအပ်ရင် Viagra ဆေးပါ ညွှန်ပေးရင် အားလုံးအဆင်ပြေစေမယ်။

6. နှလုံးခုန်မမှန်ခြင်း
Diuretics ဆီးသွားစေတဲ့ဆေးကြောင့် (ပိုတက်ဆီယအ်) နည်းစေရာကနေပြီး နှလုံးခုန်မမှန်တာ ဖြစ်စေနိုင်တယ်။ ACE inhibitors နဲ့ Angiotensin receptor blockers ဆေးတွေကတော့ အဲလို မဖြစ်စေဘူး။

7. (အလာဂျီ) ရခြင်း
လူတိုင်းဟာ မတည့်တာရှိတတ်တယ်။ အစားအသောက်မတည့်သလို ဆေးကိုလဲမတည့်ကြဘူး။ တယောက်နဲ့ တယောက်တော့ မတူကြပါ။ မတည့်တာကိုတော့ ရှောင်ရတယ်။

အကိုက်အခဲပျောက်ဆေး Aspirin, Ibuprofen နဲ့ Naproxen တွေက သွေးတိုးတက်စေနိုင်တယ်။ အအေးမိ သက်သာဆေးတွေမှာလဲ တွေပါနေတယ်။ (မိုင်ဂရင်း) ဆေးတွေကလဲ သွေးကြောကို ကျဉ်းစေတာမို့ သွေးဖိအား တက်စေနိုင်တယ်။ ပိန်ဆေးတချို့ကနေလဲ သွေးတိုးများစေနိုင်တယ်။

သွေးတိုးရှိလို့ ဆေးသောက်နေရသူတိုင်း သွေးကျဆေးကိုရုတ်တရက်ဖြတ်မပြစ်ပါနဲ့။ ဆေးကိုစွဲစွဲမြဲမြဲသောက်ပါ။ သွေးတိုးရောဂါဆိုတာ နာတာရှည်ဖြစ်တယ်။ ဆေးကုသမှု စနစ်တကျမရှိရင် ဦးနှောက်သွေးကြောပျက်စီးတာ၊ နှလုံး (အတက်) ရတာ၊  နှလုံးကနိုင်အောင် အလုပ်မလုပ်နိုင်တော့တာ နဲ့ ကျောက်ကပ်ပျက်စီးတာတွေ ဆက်ဖြစ်လာနိုင်တယ်။ သွေးတိုးကို တိတ်တိတ်လေး အသက်သေစေအောင်လုပ်တာလို့ ခေါ်ကြတယ်။ ခြောက်ပြောတာ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး