Anabolic Steroids အားတိုးဆေးခေါ် ဟော်မုန်းဆေးများ သတိထား
(အင်္ဂလိပ်စာလုံးလေးတွေ ကျော်ဖတ်နိုင်ပါတယ်။)
ခန္ဓာကိုယ်ဗလ တောင့်တောင့်တင်းတင်းနဲ့ ယောက်ျားပီသ ခန့်ညားလိုသူများအတွက် အာမခံဖွံ့ဖြိုးတောင့်တင်းပြီး ကျစ်လစ် ထွားကြိုင်းသန်မာစေမယ့်ဆေးလေးရှိနေပါကပြီ။ ၃ လသောက်ပြီးတာနဲ့ လုံးဝစိတ်တိုင်းကျစေရမယ်လို့ ရဲရဲကြီးအာမခံပါတယ်ရှင့့်
မြင်တာနဲ့တော့ ကြော်ငြာဆေးဖြစ်မယ်။ ဟော်မုန်းတွေပါနေနိုင်တယ်။ အဲတာဆို အတော်ကို သတိထားရမယ်။ ပြောသလို တချို့ ဖြစ်နိုင်တယ်။ ဟော်မုန်းအဆ နဲ့ ကိုယ့်မှာရှိနေတဲ့ဟော်မန်း မတူကြပါ။ မသောက်ရင် ရေတို + ရေရှည် ဘာဖြစ်မလဲ ဆေးသုတေသန ရှားတယ်။ ဆေးရောင်းချသူပြောတိုင်း မယုံနိုင်။ အဲလိုဆေးတွေ တိုင်းပြည်တိုင်းမှာ ရောင်းတယ်။ ယူအက်စ်အေမှာလည်း ရောင်းတယ်။ ဟော်မုန်းဆေးသောက်ပြီး မဖြစ်သင့်တာတွေဖြစ်လို့ မေးလာသူတွေ ရှိတယ်။
Androgens အင်ဒရိုဂျင် နဲ့ anabolic steroids အင်နာဘောလစ် စတီရွိုက်ဆိုတာထဲမှာ testosterone တက်စတိုစီရုန်းနဲ့ dihydrotestosterone ဒိုင်ဟိုက်ဒရိုစတီရုန်းတွေပါတယ်။ သဘာဝကျားလိင်ဟော်မုန်းတွေလို သက်ရောက်စေတယ်။ ယောက်ျားနဲ့ဆိုင်တာတွေလုပ်ပေးတယ်။ လိင်အင်္ဂါတွေ အသံသြတာတွေ ကိုမွေးပေါက်တာတွေ စသခြင့်။ အရိုးနဲ့ ကြွက်သားတွေကိုလည်း တိုးများစေတယ်။ သွေးနီဥလည်းပိုများစေတယ်။
ဒီလိုရောဂါတွေအတွက်ပေးနိုင်တယ်။ ထိုးဆေးနဲ့ စားဆေးရှိတယ်။
delayed puberty in adolescent boys လူပျိုပေါက်ချိန်နောက်ကျခြင်း၊
hypogonadism and impotence in men ပန်းသေပန်းညှိုး၊
breast cancer in women အမျိုးသမီးရင်သားကင်ဆာ၊
anemia သွေးအားနည်းခြင်း၊
osteoporosis အရိုးအားနည်းခြင်း၊
weight loss disease in HIV ရှသူကိုယ်အလေးချိန်ကျခြင်း
endometriosis သားအိမ်ရောဂါတမျိုး၊
hormonal imbalance ဟော်မုန်းမညီမျှခြင်း။
အားကစားသမားတွေသုံးကြတယ်။ တလွဲသုံးသူတွေ များတယ်။ World Anti-Doping Agency (WADA) ကမ္ဘာ့အဖွဲ့အစည်းနဲ့ U.S. Anti-Doping Agency (USADA) အမေရိကန် အဖွဲ့အစည်းတွေက တားမြစ်ထားတယ်။ International Olympic Committee (IOC) အိုလံပင်အဖွဲ့ကြီးနဲ့ National Collegiate Athletic Association (NCAA) တွေကလည်း တားမြစ်ထားတာတွေရှိတယ်။ testosterone, methyltestosterone, danazol နဲ့ oxandrolone တွေဖြစ်ပါတယ်။
တရာမဝင်ဆေးတွေဖြစ်လို့ နာမည်တွေပေးထားကြတယ်။ လမ်းပေါ်အခေါ်လို့ ခေါ်ပါတယ်။ Juice, Gym candy, Pumpers, Andro, Stackers စသည်။
ဘေးထွက်သက်ရောက်မှုများ
ဝက်ခြံများခြင်း၊
ဆံပင်ကျွတ်ခြင်း၊
အသည်းရောဂါရခြင်း၊
ကျောက်ကပ်ရောဂါရခြင်း၊
နှလုံးရောဂါရခြင်း၊
စိတ်မူပြောင်းလဲခြင်းများမှာ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်လည်းပါတယ်။
ကိုလက်စထောနဲ့ အဆီဓါတ်ပြောင်းခြင်း၊
သွေးတိုး၊
ရင်သားကြီးခြင်း၊
ကျားအစိသေးငယ်ခြင်း၊
သုက်ပိုးမထွက်ခြင်း၊
အမျိုးသမီး ရာသီမမှန်ခြင်း၊
ကလေးမရနိုင်ခြင်း၊
မျက်နှာမွေးပေါက်ခြင်းနဲ့ မိန်မအသံပြောင်းခြင်း၊
ဆယ်ကျော်သက်အရွ.် အရပ်နဲ့ ဖွံ့ဖြိုးမှုနည်းခြင်း၊
ဆေးစွဲသလိုလည်းဖြစ်တယ်။
ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၇
Comments
Popular posts from this blog
ကျန်းမာခြင်းသည် လာဘ်တပါး
Furamin BC သံဓါတ်အားဆေး