Achilles အားနာရင် အားပါတတ်တယ်

ကျွန်တော့အားနည်းချက်တွေထဲက တခုကတော့ အားနာတတ်တာပါ။ နိုင်ငံရေးမှာ အဖွဲ့တူသူ၊ တရုံးတည်းလုပ်သူတွေကို အားနာမိလို့ အကြီးအကျယ်ခံခဲ့ရတာ အနည်းဆုံး (၃) ခါရှိတယ်။ သဘောထားမတူတာအတွက်တော့ ကျွန်တော်က ခေါင်းမာတယ်။ ဒါကြောင့် ရွာ့ပြင်ထုတ်ခံရတာလို့ မှတ်ချက်ပေးကြတယ်။ သူတို့ပြောတာ မမှားပါ။

အာချီလိစ် ဆိုတာ ဂရီဒဏ္ဍာရီပုံပြင်တခုထဲက ဇာတ်လိုက်ဖြစ်ပါတယ်။ ထရိုဂျင်စစ်ပွဲထဲမှာပါတယ်။ ဟိုမားရဲ့ အိလိယက် ကဗျာရှည်ကြီးထဲကပါ။ အာချီလိစ်ရဲ့အဖေက (မိုင်မီဒုန်စ်) ဘုရင်ဖြစ်တယ်။ သူ့အမေ (နာရိ သီးတစ်) က ဘယ်တော့မှ မသေနိုင်သူဖြစ်တယ်။

သူ့အမေကနေ သူ့သားလေးကို ဘယ်တော့မှမသေနိုင်အောင် နတ်ရေကန်လို တန်ခိုးရှိတဲ့ (စတင့်ဇ်) မြစ်ထဲမှာ နှစ်တယ်။ သေခြင်းသဘောကို လောင်မြိုက်စေလိုက်တယ်။ ကလေးကို ခြေဖနောင့်ကနေကိုင်ပြီး စောက်ထိုးနှစ်ရတော့ ဆေးရေက ဖနောင့်ကို မစိုလို့ ဖနောင်ဟာ အာချိလိစ်ရဲ့ အားနည်းချက် ဖြစ်သွားတယ်။ အမှန်က သူ့ခမည်းတော်က စိုးရိမ်ပြီး အဲလို မသေစေနိုင်တဲ့ ကုသနည်းကို အဆုံးသတ်ထိ မလုပ်စေလို့ဖြစ်ပါတယ်။

အာချီလိစ် ဖနောင့်က အလွန်အရေးပါတဲ့ အသုံးတခုဖြစ်လာတယ်။ ဆေးပညာ ခန္ဓာဗေဒမှာလည်း gastrocnemius နဲ့ soleus ကြွက်သားတွေရဲ့ အရွတ်ချောင်းကို အာချီလိစ် တန်ဒွန်လို့ အမည်ပေးထားတယ်။ ဒီဇာတ်လမ်းကိုအကြောင်းပြုပြီး ဘယ်နေရာမှာဖြစ်ဖြစ် အားနည်းချက်ကို အာချိလိစ်ခြေဖနောင့်လို့ သုံးလာကြပါတယ်။ ၁၈၄ဝ ကတည်းက သုံးတယ်လို့ ဆိုပါတယ်။ ၂ဝ၁၇ အထိမှန်တယ်။

အမေနေ့နဲ့ တိုက်ဆိုင်လို့ ပြောရရင် အမေက သူ့သားကို သူလိုတန်ခိုးရှိစေချင်တယ်။ ဖခင်က အစိုးရိမ်ကြီးတတ်တယ်။ ဆေးကုရာမှာ တဝက်တပျက်ဆို လိုရာမရောက်ပါ။

ဒေါက်တာတင့်ဆွေ
၁၂-၁-၂ဝ၁၅
၁၂-၁-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး