Change of colors အရောင်တို့၏အပြောင်းလဲများ

၂ဝ၁၅ ရွေးကောက်ပွဲကနေ အရောင်ဖွင့်ဆိုချက်တွေ ပြောင်းသွားလာတယ်။ အစဉ်အလာ အနီရောင်ဆိုတာ လက်ဝဲ (ကွန်မြူနစ်၊ ဆိုရှယ်လစ်) ပဲ သတ်မှတ်ထားခဲ့တယ်။ အခုတော့ NLD ကို အနီရောင်တဲ့။

မင်းတုန်းမင်းလက်ထက်မှာ ဘုန်းတော်ကြီးတွေ သုဓမ္မာနဲ့ ရွှေကျင်ဂိုဏ်း သင်္ကန်းရောင် အနုနဲ့ အရင့် ကွဲပြားသွားခဲ့တယ်။ သင်္ကန်းရောင်ဆိုရင်လည်း ဘုန်းကြီးပဲမှတ်ထားတာ ဒေလီမှာ မကုလားမတွေဝတ်တဲ့ဆာရီရောင်က သင်္ကန်းရောင်နဲ့ ဆင်နေလို့ အတော်အမြင်ကပ်တယ်။

အစိမ်းရောင်က ဂေဟစနစ်။ အခုတော့ မောဟဖြစ်သွားပြီ။ ၂ဝ၁ဝ လွှတ်တော်မှာ တိုက်ပုံအဖြူရောင်လွှမ်းမိုးခဲ့ပြီး ၂ဝ၁၆ လွှတ်တော်မှာ ပင်နီရောင်ကလွှမ်းမိုးလာတယ်။

အခုတခါ ယူအက်စ်အေမှာ အရောင်ပြောင်းတခုဖြစ်လာပါတယ်။ သမတသစ်က ဂေဟစနစ်ကို ဒေါ်လာလောက် ဂရုမစိုက်တော့ပါ။ အဲတာ လောဘ။ သူ့ကို နာမည်ပေးချင်တယ်။ ကျောက်မီးသွေးရောင်လို့။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၆
၂၇-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး