Live Chat လူရွယ်တယောက်နဲ့ စကားပြောခြင်း

ဆရာရေ မမှန်သတင်းတွေအမြဲလွှင့်ပြီး ဘာသာရေးဗန်းပြ၊့ ကိုအပုပ်ချနေတဲ့ တွေကို သည်းမခံနိုင်တော့သလိုပဲ။့ အမြင်မတော်ရင် ဆုံးမပေးပါ။ ဆရာပြောရင် နာခံပါမယ်။

ဆရာက အဲတာတွေ မဖတ်ပါ။ တွေ့တာလည်း အတော်နည်းတယ်။ အပြုသဘောတွေ စဉ်းစားတွေးခေါ်မှုကို တိုးတက်စေတာတွေကိုသာ ဖတ်သင့်တယ်။ လူရွယ်တွေအတွက် အခုလို ပြည်တွင်းသာမကာ ပြည်ပမှာဖြစ်လာတဲ့ ထူးခြားတဲ့အပြောင်းအလဲတွေကနေ စဉ်းစားတွေးတောချင်စိတ်ကို ဖွင့်ပေးလိုက်တာ ဖြစ်စေချင်နေတယ်။

ဥပမာ ဒေါ်နယ်ထရမ့်နိုင်တာဟာ တကယ့်အခင်းအကျင်းကြီးကို ပြောင်းစေတယ်။ တနေ့ကရေးလိုက်တာ ဖတ်မိသလား မပြောတတ်ဘူး။ အမေရိကန်ဟာ ဆင်။ ဆင်ဦးစီးက အသစ်။ ဆင်က တောလည်းတိုးမယ်။ ဒါပေမယ့် လမ်းဖြစ်မယ်။ ဆရာတို့က မျက်မမြင်ခြောက်ယောက်ထဲမှာ မပါဘို့လိုတယ်။

အမေရိကန်ကို မျှော်ကြည့်တဲ့ လူကြီးတွေရော လူငယ်တွေပါ ထပ်စဉ်းစားကြရတော့မယ်။ ဒီမိုကရေစီဆိုတာ ဒါမျိုးလည်း ရှိတယ်လို့ ထပ်ဆင့်တွေးကြရမယ်။ တခြားအိုင်ဒီယော်လော်ဂျီတွေလိုပဲ လစ်ဘရယ်အယူအဆလည်း အစွန်းရောက် မဖြစ်သင့်ဘူး။ ကမ္ဘာရွာဖြစ်စဉ်မှာ အတားအဆီး (သို့) နောက်ကြောင်းပြန် ဖြစ်လာသလား။ သမတသစ် ၄-၈ နှစ် အတွင်းသာမက နောက်မှာ ဘာတွေဆက်ဖြစ်လာနိုင်သလဲ။

မြန်မာပြည်မှာက ရှုပ်ထွေးနေပေမယ့် လားရာက မှန်တယ်ထင်တယ်။ အကျယ် မရေးလိုသေးပါ။

စာဖတ်ရင်း စဉ်းစားရင် ထန်းပင်ပေါ်ကနေကြည့်သလို ကြည့်ပါ။ ဖားရေအိုင်ထဲကနေ မော်ကြည့်သလို မကြည့်နဲ့။ ညစ်ထေးနေတာတွေ ကိုယ့်ကို ပေကျံမလာစေနဲ့။

ဒေါက်တာတင့်ဆွေ
၁-၂-၂ဝ၁၇
ည (မနက်) ၁၂ နာရီ၊ ၁၂ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး