ဒေါက် ဒေါက်

မြန်မာပြည်ကို ကိုယ်ကတော့ မရောက်။ မိတ်ဆွေ ပြည်တော်ပြန်ခရီးတခေါက်။ မြန်မာ့အစားအစာတွေက ကိုယ့်ဆီရောက်။

ဝါရှင်တန် ဒီစီလေဆိပ်မှာ သူ့ခင်မြာ ဒုက္ခရောက်။ ဆီတို့ဟူး၊ ပဲမြစ်နဲ့ ခွေးတောက်ရွက်တွေကို အမေရိကန်တွေက သဘောမပေါက်။ ဆေးတံအိုးနဲ့ခေါက်။

သူငယ်ချင်းပေးလိုက်တဲ့ ပြက္ခဒိန်လည်း နံရံပေါ်မှာရောက်။ မြန်မာပြည် နိုင်ငံရေးနဲ့ လူမှုရေး မေးသလောက် သဘောပါက်။ လမ်းတွေလည်းကျယ်၊ လူတွေလည်း အမြင်ကျယ်၊ သည်းခံမှုလည်း ပိုလာတယ်တဲ့။ တော်လိုက်တဲ့ ကိုယ့်လူမျိုးတွေဆီ စိတ်ကရောက်။ ဆေးတောင်ဝှေးနဲ့လျှောက်။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး