ADHD ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ

၁။ ဆရာရှင့် သမီးကလေးက ၈ လ ရှိပါပြီ။ Hyper Active ဆိုတာဘယ်လိုမျိုးလဲသိချင်လို့ပါရှင်။ ဘယ်လိုရောဂါမျိုးလဲ ဘယ်လိုလက္ခဏာပြလဲဆိုတာ သိချင်လို့ပါရှင့်။

၂။ ကလေးတွေမှာဖြစ်တဲ့ ADHD ရောဂါအကြောင်းလေး မြန်မာလိုရေးသားထားတာလေး ဖတ်ချင်ပါတယ်။ ကျမရဲ့ သားလေးမှာ အဲဒီလက္ခဏာမျိုး တခုလောက်ပါရှိတယ်လို့ထင်ပါတယ်။ ကျောင်းကဆရာတွေက ကလေးမှာ ADHD ဖြစ်တယ်ပြောလို့ ဆရာဝန်ပြကြည့်တော့ ဆရာဝန်နဲ့ တလတခါဆွေးနွေးဖြစ်ပါတယ်။ ၄ ခါလောက်ပြပြီးတော့ ဆရာဝန်က ADHD ဖြစ်နိုင်တဲ့အခြေအနေမရှိဘူးလို့ ထောက်ခံစာရေးပေးပါတယ်။ ဒါပေမယ့် သားလေးက စာမရေးချင်ဘူး အိမ်စာလုပ်ရမှာတို စာဖတ်မှာတို့ကို အလွန်မုန်းတီးပါတယ။် သူအာရုံမှာ နေနေညညကစားဖို့ဘဲရှိပါတယ်။ အခုဆိုရင် ကျောင်သွားဖို့နေ့တိုင်းကို ငြင်းဆန်ပါတယ်။ အချိန်နဲ့ကန့်သတ်ပြီး ဘယ်လိုသင်သင် မပြောတတ်ပါဘူး။ ဒါပေမယ့် အခြား အလည်သွားတဲ့နေရာတွေ အဖြစ်အပျက်တွေကိုတော တိတိကျကျမှတ်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။

၃။ အာရုံမစိုက်နိုင်တဲ့ရောဂါ Attention Deficit Hyperactivity Disorder အတွက် သောက်ရမယ့်ဆေးနဲ့ ကုထုံးတွေ သိပါရစေဆရာ။ ဆေးက ရှာရလွယ်ပါသလား။

၎။ မြန်မာစာရေးတာ အကျင့်မရှိလို အစပျိုးမကောင်းတာလေး အဆုံးသတ်မလှတာလေးကို ခွင့်လွှတ်ပါလို့ ဦးစွာ တောင်းပန်ပါစေ။ ကလေးတွေမှာဖြစ်တဲ့ ADHD ရောဂါအကြောင်းလေး မြန်မာလိုရေးသားထားတာလေး ဖတ်ချင်ပါတယ်။ ကျမရဲ့သားလေးမှာ အဲဒီလက္ခဏာမျိုး တခုလောက်ပါရှိတယ်လို့ထင်ပါတယ်။ ကျောင်းကဆရာတွေက ကလေးမှာ ADHD ဖြစ်တယ်ပြောလို့ ဆရာဝန်ပြကြည့်တော့ ဆရာဝန်နဲ့ တလတခါဆွေးနွေးဖြစ်ပါတယ်။ ၄ ခါလောက်ပြပြီးတော့ ဆရာဝန်က ADHD ဖြစ်နိုင်တဲ့အခြေအနေမရှိဘူးလို့ ထောက်ခံစာရေးပေးပါတယ်။ ဒါပေမယ့် သားလေးက စာမရေးချင်ဘူး အိမ်စာလုပ်ရမှာတို့ စာဖတ်မှာတို့ကို အလွန်မုန်းတီးပါတယ။် သူအာရုံမှာ နေနေညညကစားဖို့ဘဲရှိပါတယ်။ အခုဆိုရင် ကျောင်းသွားဖို့နေ့တိုင်းကို ငြင်းဆန်ပါတယ်။ အချိန်နဲ့ကန့်သတ်ပြီး ဘယ်လိုသင်သင် မပြောတတ်ပါဘူး။ ဒါပေမယ့် အခြား အလည်သွားတဲ့နေရာတွေ အဖြစ်အပျက်တွေကိုတော့ တိတိကျကျမှတ်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။

Attention Deficit Hyperactivity Disorder (ADHD) ဆိုတဲ့ ပတ်ဝန်းကျင်ကိုသတိမမူတဲ့ စိတ်ရော အဖြစ်များတယ်။ ကလေး ၃-၅% ဖြစ်တယ်။ သေခြာမကုသလို့ ကြာသွားရင် ကြီးတဲ့အထိ မကောင်း ဖြစ်တတ်တယ်။ ဘာလို့ဖြစ်ရသလဲ။ များသောအားဖြင့် တိကျကျမသိပါ။ မျိုးဗီဇ၊ အစားအသောက် နဲ့ ပတ်ဝန်းကျင်တို့ကနေ ဖြစ်စေနိုင်တယ်လို့ ထင်ရပါတယ်။

လက္ခဏာတွေကတော့ Impulsiveness ကလေးဟာ ဘာလုပ်လုပ် မတွေးတောဘဲ ဟောဟောဒိုင်းဒိုင်း ပြုမူတယ်။ Hyperactivity ငြိမ်ငြိမ်မထိုင်၊ ကောင်းကောင်းလမ်းမသွား၊ ပုံမှန်မပြေး၊ သူများ အထက်တက်သလိုမတက်၊ သူများတွေလို စကားမပြော။ Inattention သူ့စိတ်က တခြားကမ္ဘာထဲ ရောက်နေသလိုမို့ သူ့ရှေ့မှာ ဖြစ်ပျက်နေတာတွေနဲ့ တလွဲ တွေးထင်နေတယ်။

သုံးမျိုးခွဲနိုင်တယ်။ Predominantly inattentive type, Predominantly hyperactive-impulsive type နဲ့ အဲဒီ ၂ မျိုး တွဲတွေ ဖြစ်တယ်။ ကုသလို့ ရပါတယ်။ Behavioral therapy အမူအကျင့် ကုသနည်းနဲ့ Medications ဆေးပေးကုသနည်း၊ Lifestyle changes လူနေဘဝ ပြုပြင်နည်း၊ Counseling မေးမြန်း-ပြောဆိုနည်းတွေသုံးပြီး ကုသရတယ်။ ဆင်တူတဲ့ ရောဂါတွေနဲ့ ခွဲခြားရမယ်။ မိဘအိမ်ထောင်ရေး-လူမှုရေး ပြဿနာရှိလို့၊ နားမကြားလို့၊ အတက်ရောဂါ၊ စိတ်ကျ ရောဂါ၊ အအိပ်ပျက်၊ အလွဲသုံးစားပြုခံရတာ၊ စတာတွေက ဆင်တတ်တယ်။ ကလေးဘဝမှာ မပျောက်ရင် ၆ဝ% က Adult ADHD လူကြီးရောဂါဆက်ဖြစ်မယ်။ သေခြာမကုရင် ပြဿနာတွေဆက်တက်မယ်။ တခြားစိတ်ရောဂါတွေ တွဲလာမယ်။

Medical management ဆေးပေးကုသနည်းနဲ့ Behavioral treatment အမူအယာပြုပြင်နည်းတွေက အထိရောက်ဆုံးလို့ ၂ဝဝ၅ သုတေသနတခုက ဆိုပါတယ်။

Stimulant medication ဆေးကို အသုံးများတယ်။ Methylphenidate (Ritalin, Metadate, Concerta), Dexatroamphetamine (Dexedrine), Mixed Amphetamine Salts (Adderall), Dextromethaphetamine (Desoxyn) နဲ့ Lisdexamfetamine (Vyvanse) ဆေးတွေဖြစ်တယ်။ ကြားဘူးနာဝ ရှိကြမှာပါ။ ဒီဆေးနာမည်တွေက feel-good ဆေးတွေပါလို့ ဆေးစွဲစေတတ်တယ်။

Antipsychotic medication စိတ်ဆေး၊ Non-stimulant medications ဖြစ်တဲ့ Atomoxetine (Strattera) Guanfacine (Intuniv) ဆေးတွေသုံးတယ်။

စမ်းသပ်ဆေးနည်း၊ အစာအာဟာရနည်းတွေလဲရှိသေးတယ်။ Omega-3 နာမည်ကြီးနေတဲ့ (seal, fish or krill oil) ငါးတွေကနေထုတ်တဲ့ အိုမီဂါ-၃၊ Vitamin နဲ့ mineral supplements ဗီတာမင်နဲ့ ဓါတ်ဆားတွေကလဲ အထောက်အကူ ပြုနိုင်တယ်။ Medical cannabis နဲ့ Aerobic fitness တို့ ဖြစ်တယ်။

ဆေးဝယ်ရတာ လွယ်တာ-ခက်တာ နိုင်ငံတခုနဲ့တခု မတူပါ။ စိတ်အထူးကုနဲ့သာ တိုင်ပင်ကုသသင့်ပါတယ်။ ကျွန်တော် ကလေးအထူးကုဆရာဝန် မဟုတ်ပါ။

ADHD ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ http://doctortintswe.blogspot.com/2014/11/adhd.html
Autism အော်တဇင် ကလေးရောဂါ http://doctortintswe.blogspot.com/2014/11/autism.html
- Autism link to air pollution လေထုညစ်ညမ်းမှုနဲ့ (အော်တဇင်) မွေးရာပါကလေးရောဂါ http://doctortintswe.blogspot.com/2014/12/autism-link-to-air-pollution.html
- Mental health in children ကလေး စိတ်ရောဂါများ ပိုတိုးပွါး (၂ဝ၁၃) http://doctortintswe.blogspot.com/2014/12/mental-health-in-children.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး