Norfloxacin နော်ဖလောက်ဆာစင်

ဆရာ ကလေးက ၆ လသားလေး ဝမ်းခဏခဏ သွားတယ်။ ဝမ်းသွားတာ ၁ နာရီမှာ နှစ်ခါလောက်သွားတယ်ဆရာ။ ရန်အင်း ကလေးအထူကုမှာတော့ ပြထားတယ်။ ကလေးကတော့ လန်းတယ်ဆရာ ဝမ်းကမရပ်ဘူးဆရာ။ ဘယ်လို ဆေးမျိုးတွေ သုံးသင့်သလဲ၊ ဘယ်လို ကလေးကို ထားသင့်သလဲဆရာ။ ပြောပြပါအုံးဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

Diarrhea in Children ကလေးဝမ်းသွားရင်စာ ပို့လိုက်ပါတယ်။

ဆရာ nalidixic acid Bp 150mg က ဝမ်းပိတ်ဆေးလားဆရာ။ ပြီတော့ chloramphenicol palmitate 217.4mg ကလေး ၇ လ ဝမ်းသွားနေတာကို တွဲတိုက်သင့်သလားဆရာ။ လသားကို norfloxacin 400 mg ၆ ပုံ ၁ ပုံ ကလေး ၇ လသား တိုက်လို့ရလားဆရာ။ metro sy ရော တိုက်သင့်လားဆရာ။

ကလေးတွေကို ပိုးသေဆေး တကယ်လိုအပ်မှသာ ပေးရတယ်။ Chloramphenicol ဆိုရင်ပိုသတိထားရမယ်။ Metronidazole ကလည်း ပိုးသေဆေးပဲ။ ဘာလို့ အဲလို ပိုသေဆေးတွေ တမျိုးမကပေးသလဲ မသိပါ။

(နော်ဖလောက်ဆာစင်) ဆေးက ဆီးလမ်းကို ဝင်လေ့ရှိတဲ့ ဗက်တီးရီးယားပိုးတွေကိုနိုင်တဲ့ ပဋိဇီဝဆေးဖြစ်တယ်။ ယောက်ျား ဆီးကျိတ်ရောင်တာနဲ့ ဂနိုရီးယားတွေကိုလည်း ပေးတယ်။ Fluoroquinolones အုပ်စုဝင်တခု ဖြစ်တယ်။ ဒါ့ကြောင့် တအုပ်စုထဲက တခြားဆေး (Ciprofloxacin, Levofloxacin, Moxifloxacin, Ofloxacin, Lomefloxacin) တွေကိုမတည့်ရင် သူ့ကိုလဲ မတည့်ဖြစ်နိုင်တယ်။

• Urinary Tract Infection ဆီးလမ်းပိုးဝင်ရင် 400 mg တနေ့ ၂ ကြိမ်၊ ၇-၁ဝ-၂၁ ရက်၊
• Cystitis ဆီးအိမ်ရောင်ရင် 400 mg တနေ့ ၂ ကြိမ်၊ ၃ ရက်၊ ရှားပါးတဲ့ပိုးဆိုရင် ၇-၁ဝ ရက်။
• Pyelonephritis ကျောက်ကပ်ရောင်ရင် 400 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်၊
• Prostatitis ကျားဆီးကျိတ်ရောင်တာအတွက် 400 mg တနေ့ ၂ ကြိမ်၊ ၂၈ ရက်၊
• Epididymitis ကျားအစေ့ရောင်တာအတွက် 400 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်၊
• Gonococcal Infection ဂနိုးရီးယားဖြစ်ရင် 800 mg တကြိမ်ထဲ သောက်ပါ။ ဒါပေမဲ့ ဆေးပြီးတတ်လို့ Doxycycline ဆေး ၇ ရက်၊ ဒါမှမဟုတ် Azithromycin တကြိမ်ပေးတာ ပိုကောင်းတယ်။
• Campylobacter Gastroenteritis အူလမ်းရောင်ပြီး ဝမ်းပျက်ရောဂါအတွက် 400 mg တနေ့ ၂ ကြိမ်၊ ၃ ရက်၊ HIV ရှိသူဆိုရင် ၇-၁၄ ရက်။
• Salmonella Enteric Fever တိုက်ဖွိုက် ဖြစ်ရင် 400 mg တနေ့ ၂ ကြိမ်၊ ၇-၁၄ ရက်၊
• Salmonella Gastroenteritis (ဆာလ်မိုနဲလား) ကြောင့် ဝမ်းပျက်ရင် 400 mg တနေ့ ၂ ကြိမ်၊ ၅ ရက်၊ HIV ရှိသူဆိုရင် ၁၄ ရက်။
• Shigellosis ဝမ်းကိုက်ရောဂါ 400 mg တနေ့ ၂ ကြိမ်၊ ၅ ရက်၊ HIV ရှိသူဆိုရင် ၇-၁၄ ရက်။
• Traveler's Diarrhea ခရီးသွားဝမ်းပျက်သူတွေ 400 mg တနေ့ ၂ ကြိမ်၊ ၃ ရက်၊ HIV ရှိသူဆိုရင် ၇-၁၄ ရက်။

ဘေးထွက်ဆိုးကျိုး။ ဝမ်းပျက်၊ ဝမ်းချုပ်၊ ခေါင်းမူး၊ စိတ်ကူးရတာခက်၊ ဆီးသွားနဲမယ်။ အစားပျက်၊ ဗိုက်အောင့်၊ ဆီးနီ၊ ဝမ်းအရောင် ပျော့၊ မျက်လုံးဝါ၊ သွေးယိုလွယ်၊ အားယုတ်၊ ကိုယ်ပူ၊ တက်စေ့ရောင်၊ လည်ပင်းနာ၊ ပျို့၊ စိုးရိမ်စိတ်ဝင်၊ ခေါင်းကိုက်၊ ကြွက်သားနာ၊ အအိပ်ခက်၊ မွေးလမ်းယား၊ ရှားရှားပါပါး တက်တတ်တယ်။ ကြွက်သား-အရွတ် Tendon ဥပမာ အသက်ကြီးသူတွေရဲ့ ဖနောင့်ကြောကို ထိခိုက်တတ်တယ်။

ဒီဆေးနဲ့အတူ Antacids အင်တီ-အက်စစ်၊ Vitamin or mineral ဗီတာမင်နဲ့ဓါတ်ဆား၊ Sucralfate, Didanosine ဝါးစာနိုင်တဲ့ ဆေးမျိုးတွေနဲ့အတူ ၂ နာရီအတွင်း တွဲမသောက်တာ ကောင်းတယ်။ ဆေးသောက်နေတုံး နေရောင်ကို ရှောင်ရင် ကောင်းတယ်။ နှလုံးခုန်-မမှန်တာရှိလို့ Quinidine, Disopyramide, Bretylium, Procainamide, Amiodarone, Sotalol ဆေးတွေ သောက်နေရသူတွေ သတိထားသောက်သင့်တယ်။

FDA ကနေ Pregnancy category C အဆင့်သတ်မှတ်ထားလို့ ကိုယ်ဝန်ရှိတုံး မသုံးတာကောင်းတယ်။ ကလေး နို့တိုက်နေရင်လဲ ရှောင်ပါ။ ဆေးသောက်ရင် ရေတဖန်ခွက်အပြည့်နဲ့ သောက်ပါ။ တနေ့လုံးလဲ ရေ-အရည်များများ သောက်တာ ကောင်းတယ်။ အစာမရှိတုံး သောက်သင့်တယ်။ (ကေဖင်း) ပါတဲ့ အစားအသောက်ဆိုရင် (ကေဖင်း) သတ္တိပိုပြစေနိုင်တယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ သုံးနိုင်တဲ့ Antibiotics ပိုးသေဆေးတွေ
• Amoxicillin
• Ampicillin
• Clindamycin
• Erythromycin
• Penicillin
• Nitrofurantoin

Dr. တင်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး