Huge leap in prostate cancer testing

ယောက်ျားဆီးကျိတ်ကင်ဆာ စမ်းသပ်နည်းသစ်

ယောက်ျားဆီးကျိတ်ကင်ဆာကို စကန်ရိုက်နည်းသစ်ဟာ ဆယ်စုနှစ်တွေအတွင်းမှာ ကြီးမားတဲ့ ဆေးပညာ တိုးတက်မှုတခုလို့ ဆိုတဲ့သတင်း ကနေ့ထွက်ပါတယ်။

အဆင့်မြင့် MRI ရိုက်ပြီး စမ်းသပ်တာပါ။ လူနာပေါင်း ၅၇၆ ယောက်ကို စမ်းသပ်လေ့လာခဲ့ပါတယ်။ သူတို့ထဲက ၄ ယောက်မှာ ၁ ယောက်ကို ရောဂါအခြေအနေမှန်သိရလို့ အန္တရာယ်များတဲ့ ဘိုအော့်ပစီ ခေါ် အသားစဖြတ်ယူစစ်ဆေးဘို့ မလိုစေလိုက်ပါ။

လက်ရှိစစ်ဆေးနည်းမှာ သွေးထဲက prostate specific antigen (PSA) levels များနေသူတိုင်းကို ဘိုင်အော့ပစီ လုပ်ရပါတယ်။ ဆေးထိုးအပ် ၁၂ ချောင်းနဲ့ ဆီးကျိတ်နေရာအနှံ့က အသားစထုတ်ယူရတယ်။ အဲလိုလုပ်တာတောင်မှ ကွက်ကျန်ရစ်တာရှိနိုင်တယ်။ စမ်းသပ်နည်းကြောင့် သွေးထွက်နိုင်တယ်။ ပိုးဝင်နိုင်တယ်။ ပန်းသေ ပန်းညှိုးဖြစ်နိုင်တယ်။ £450 ကုန်ကျတယ်။

စမ်းသပ်မှုကို ဗြိတိန်က ဆေးရုံ ၁၁ ခုမှာ လုပ်ခဲ့တာဖြစ်တယ်။ ၂၇% လူနာတွေ ဘိုင်အော့်ပစီ လုပ်စရာမလိုတဲ့အကျိုး ရရှိလိုက်ပါတယ်။ MRI scan နည်းနဲ့ ရောဂါ ၉၃% ကိုသိနိုင်တယ်။ ဘိုင်အော့်ပစီနည်းကနေ ၄၈% သာသိနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၁-၂ဝ၁၇
http://www.bbc.com/news/health-38665618

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး