Tuesday, January 24, 2017

Water hyacinth (Eichhornia crassipes) မဗေဒါက တပင်တည်း

တချို့ကတော့ အမြင်ကပ်လောက်ပြီ။ တချို့က ကျွန်တော့်မြန်မာစာကို သဘောမပေါက်ကြသေး။ တစ်ခေါက်လောက် ပြန်လာပါတဲ့။ တခေါက်မက လာပါမယ်။ တစ်ခေါက်တော့ မလာလို့ ရေးလိုက်တယ်။ အဲလိုရေးတာကလည်း နောက်တချီ ဒီတလုံးသာဖြစ်တယ်။ အဲလိုအလုံးတွေက ပေါ်ပေါ်လာကြတာ တလံမကွာပါ။ ဘဲအုပ်ကြီးကလည်း တရာနှစ်ရာမကပါ။

ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ဆင်းရလည်း မသက်သာ
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လည်း မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လည်း မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ မဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ပဲ။ ။

ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာမှာ နောက်တစ်ချီမဟုတ်။ ဒီတစ်လုံးမဟုတ်။ တစ်လံကွာမဟုတ်။ ဘဲအုပ်မှာ တစ်ရာနှစ်ရာ မဟုတ်။

စသတ်မပါတဲ့ မဗေဒါကတော့ တပင်တည်းဟုတ်။

ဒေါက်တာတင့်ဆွေ
၅-၈-၂ဝ၁၆
၂၄-၁-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.

တကယ်ကြီးပွားလိုသူများ

ဘူးတလုံးဆောင် အိုအောင်မဆင်းရဲ ပီမိုးနင်း ဘဝတိုက်ပွဲ ဒေါက်တာတင့်ဆွေ ၁၂-၇-၂၀၂၀