ဗန်း ဘန်း ထည့်

ဆရာ ထည့် နဲ့ ထဲ့၊ ဗန်း နဲ့ ဘန်း အသုံးလေး သိချင်လို့ပါဆရာ။ ရိုသေစွာဖြင့်

ဗန်း
ကြိမ်ဗန်း
ဗန်းခုံးခွက်နီ၊ မယ်ချီကာရွက်ကာပါလို့ (သီလရှင်)
ဗန်းစကား (နောက်သုံး)
ဗန်းပြသည်
ဗန်းမော်ဆရာတော်
ဗန်းမော်မြို့
ဗန်ကောက်မြို့ (ဘန်ကောက်မြို့)

ဘန်း
ကျဘန်းစကား
ဘန်းစကား (မူရင်းသုံး)
ဘန်းပရုပ်ဆီ
ဘန်းမုံ့ (မူရင်းသုံး)
ဘန်းမုန့် (နောက်သုံး)
ဘန်းပြထားသည်

ထည့်
ခွက်ထဲထည့်ပါ
စာထည့်ပါ
ထည့်ထားပါ
ထည့်ဝင်ပါ
အိပ်ထဲထည့်ပါ
ငွေထည့်ပါ
ပြောထည့်ပါလော

သီလရှင်များ ဗန်းထဲ ဆန်လောင်းထည့်ပါ။

ထဲ့ မရှိပါ။

ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး