Bovine Animals နွားထီး-နွားမ

Dede Dede နွားထီး မဟုတ်ဘူးလားဆရာ

Tint Swe နွားမလို့ ရေးထားလို့လား။

Dede Dede မဟုတ်ပါဘူးဆရာ။ သမီးတို့ငယ်က ဆရာမက cow နွားမ ox နွားထီးလို့သင်လာခဲ့လို့ပါ။ ခု ဆရာပြောတော့ တခုပိုသိရပါပြီ ကျေးဇူးပါရှင့်။

Ox = အိမ်သုံး Bovine ဘိုဗိုင်းအုပ်စုတိရစ္ဆာန်။ နို့နှင့် အသားအတွက်သုံးနိုင်။ Cow သို့မဟုတ် Bull ဖြစ်သည်။ ခိုင်းနွားအဖြစ်သုံးနိုင်။ တချို့ကိုသင်းသတ်ထားသည်။

Cow = အရွယ်ရောက် နွားမ။ Ox နှင့်အနွယ်တူသည်။ နို့နှင့် အသားအတွက်သုံးနိုင်။ ဘိုဗိုင်းအုပ်စုတိရစ္ဆာန် အထီး + အမကိုလည်းခေါ်နိုင်သည်။

Calf = နွားကလေး။ အများအားဖြင့် ဘိုဗိုင်းအုပ်စုတိရစ္ဆာန် တနှစ်သား။

Cattle = ချိုနဲ့ ခွါပါတဲ့ အိမ်မွေး၊ နို့နဲ့ အသား၊ ခိုင်းစားလို့လည်းရတဲ့အကောင်တွေကိုခေါ်တယ်။ နွား + ကျွဲ + ယခ် စသည်။

Bovine animals = ဘိုဗိုင်းအုပ်စုတိရစ္ဆာန်များ။ Cow, Ox, Buffalo တို့ကိုစုပြီးခေါ်သည်။

Bovine Tuberculosis ဆိုတာ နွားနို့ကနေကူးစက်တဲ့ တီဘီရောဂါကိုခေါ်တယ်။ Mycobacterium bovis (M. bovis) ပိုးကနေ ကူးစက်တယ်။

Pasteurization ပတ်စခြာရိုက်ဇေးရှင်းနည်းနဲ့ပိုးသေစေပြီးမှသာ သောက်သုံးရတယ်။ နွားနို့ကို အပူချိန် 72 °C (161 °F) အထိ ၁၅ စက္ကန့်ကြာ အပူပေးရတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး