Digoxin ဒိုင်ဂေါက်ဇင်

ဆရာခင်ဗျာ Digxoin ကို ကျနော်အမေအတွက် ဆရာဝန်က ညွှန်းပါတယ်။ ဆေးအာနိသင်နှင့်တစ်ကွ ဘေးထွက်ဆိုးကျိုး၊ မည်သို့အသုံးဝင်ပုံတို့ကို ရှင်းလင်းပြောကြားစေလိုပါတယ်ခင်ဗျာ။ ကျနော်အမေ၏ အသက်မှ ၄၆ နှစ်ဖြစ်ပါတယ်ခင်ဗျာ။

ဒိုင်ဂေါက်ဇင်ဟာ နှလုံးရောဂါအတွက်ဆေးဖြစ်တယ်။ အပင်တမျိုးကနေထုတ်ယူတယ်။ နှလုံးခုန်တာ အားကောင်းစေမယ်။ စည်းဝါးမှန်ခုန်စေမယ်။ heart failure နှလုံးအလုပ်နိုင်အောင် မလုပ်နိုင်တာအတွက်လည်းပေးတယ်။ atrial fibrillation ခေါ် နှလုံးခုန်မူမမှန်တာအတွက်လည်းပေးတယ်။

ဆေးပြား 500 - 750 mcg ပေးရင် နာရီဝက်ကနေ ၂ နာရီအတွင်းသက်သာလာမယ်။ ဆေးစွမ်းက ၆ နာရီခံတယ်။ 125 - 375 mcg ဆက်ပေးမယ်။

ဆေးတောင့် 400 - 600 mcg ပေးရင် နာရီဝက်ကနေ ၂ နာရီအတွင်းသက်သာလာမယ်။ ဆေးစွမ်းက ၆ နာရီခံတယ်။ 100 - 300 mcg ဆက်ပေးမယ်။

ထိုးဆေး 400 - 600 mcg ပေးရင် ၅-၃ဝ မိနစ်မှာဆေးစွမ်းပြမယ်။ ၁-၄ နာရီခံတယ်။ 100 - 300 mcg ဆက်ပေးမယ်။

ဘေးထွက်သက်ရောက်မှုများ = ပျို့-အန်၊ နှလုံးခုန်နှုန်းကိုသက်ရောက်ခြင်း၊ ဝမ်းထဲသွေးပါခြင်း၊ မျက်စိဝေဝါးခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ဝမ်းလျှော၊ အားနည်း၊ ယောက်ျားရင်သားကြီးခြင်း၊ ခေါင်းကိုက်၊ စိုးရိမ်စိတ်။

ဒီဆေးကိုသုံးနေခဲ့တာ နှစ်ပေါင်းများစွာကြာပါပြီ။ စိတ်ချရတယ်လို့ပြောနိုင်တယ်။ မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ နှလုံးရောဂါကင်းဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး