Curtain Raised ကားလိပ်တော့ ဖွင့်ပြီ

ခုတလော ကျန်းမာရေးမဟုတ်တဲ့ မေးခွန်းတွေထဲမှာ (ဟဲဗီး) တွေလာတယ်။ (ဟဲဗီး) ဆိုတာ မလို့မနိုင်အောင် လေးလံတာမျိုး။

တယောက် ကွန်မြူနစ်နဲ့ အရင်းရှင်းစနစ်အကြောင်းမေးတယ်။ တိုတိုတုတ်တုတ် ဖြေလိုက်ပါတယ်။ ပညာသုတသာဖြစ်ပြီး၊ နမူနာတွေ၊ အကျိုးဆက်တွေနဲ့ ဆုံးရှုံးနစ်နာမှုတွေ မထည့်ပါ။ သူကပဲဆက်မေးတယ်။ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်တို့ရဲ့ ခြားနားချက်တွေတဲ့။ အဲတာလည်း တိုတိုပဲ ဖြေလိုက်တယ်။ မရှင်းသေးဘူးဆိုတာတော့  ထပ်မဖြေတော့ပါ။

နောက်တယောက် ဖက်ဒရယ်အကြောင်း မေးတယ်။ အရင်က ပြည်ထောင်စုရေးအမည်နဲ့ သီးသန့်လုပ်ထားတဲ့ ဘလော့ လင့်ကိုသာ ပေးလိုက်ပါတယ်။ ကျွန်တော်က ဗမာဖြစ်နေလို့ ဒီလိုအကြောင်းအရာမျိုးကို အတော်ကြီး သတိထားပြောရ ရေးရပါတယ်လို့ ဆင်ခြေပေးလိုက်ပါတယ်။

အိုင်ဒီယော်လော်ဂျီအကြောင်းတွေကိုရေးတာမှာ လက်ကိုချုပ်ထားသလို ပြောချင်ရင် နှုတ်ကိုပိတ်ထားသလို နေပါတယ်။ အရင်းရှင်စနစ်ကတော့ ဝေဖန်ဆဲရေးလို့ နောက်ဆံတင်းစရာမရှိပါ။ ဖြေခဲ့တာတွေကို ဖေ့စ်ဘွတ်မှာ မတင်ပါ။ အဲတာဟာ ကနေ့မြန်မာနိုင်ငံရဲ့ ပွင့်လင်းလာတဲ့ နိုင်ငံရေးနဲ့ ဖက်ဒရယ်ရေး ဖြစ်ပါတယ်။ ကားလိပ်တော့ ဖွင့်ပါပြီ။

ဒေါက်တာတင့်ဆွေ
၁၉-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး