Potatoes အာလူးဝယ်ခိုင်းသူ

မေးခွန်းတွေမှာ ရင်ပတ်တွေအောင့်တယ်၊ ညာဖက်ဗိုက်မှာ၊ ဘယ်ဖက်ခေါင်းမှာ၊ စသဖြင့်ရေးကြတယ်။ လူတိုင်းမှာ ရင်ပတ်တခုတည်း၊ ဗိုက်တခုတည်း၊ ခေါင်းတလုံးတည်းသာရှိကြတယ် မဟုတ်ပါလား။

ဗိုက်နာလို့ မေးရင်တော့ ဗိုက်ဘယ်ဖက်ခြမ်း၊ ဗိုက်ညာဖက်ခြမ်း၊ ဗိုက်အထက်အောက်ဆိုတာ ထည့်မရေးကြပြန်ပါ။

ကျွန်တော်က မေးခွန်းတိကျမှ ဖြေတတ်တယ်။ အမေ့ဖက်က ဦးကြီးတယောက်ရှိတယ်။ ရဲအရာရှိတဦး။ သူ့တပည့်တွေကို ဈေးဝယ်ခိုင်းရင် တိတိကျကျမှာတယ်။ အာလူးအရွယ်အစားကို ကြိုးလေးတချောင်းပေးပြီး ဒီလောက်အရွယ် ဝယ်ခဲ့ခိုင်းတယ်။ သူ့ကို ဗိုလ်ကြိုးတိုင်းလို့ ကွယ်ရာမှာ ခေါ်ကြသတဲ့။ ကျွန်တော်ကွယ်ရာမှာ ဘယ်လိုခေါ်ကြလဲ မသိ။ Smile!

တချို့ကလည်း နောက်နဲ့ အနောက်၊ ရှေ့နဲ့ အရှေ့ကို မကွဲပြားကြ။ စာတပုဒ် ရေးထားရတယ်။

အရှေ့အနောက် တောင်မြောက်ဘယ်မှာ မသိပါငြား https://doctortintswe.blogspot.com/2017/07/blog-post_93.html

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၇
၂၇-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး