Alphabet အက္ခရာ

မနှစ်ကဒီရက်လောက်မှာ သတင်းတခုဖတ်ရတယ်။ သူငယ်တန်းမြန်မာစာ သင်ပုန်းကြီးဖတ်စာသစ်မှာ ဗျည်း (၃၃) လုံး အစား (၈) လုံး ဖြုတ်ပြီး ဗျည်း (၂၅ ) လုံးဖြင့်သာ သင်ကြားမည့်အစီအစဉ်တဲ့။ အဘိဓာန်မှာ Alphabet = အက္ခရာ၊ ဗျည်းသရအက္ခရာလို့ ဘာသာပြန်တယ်။ ဗျည်း၊ သရ၊ အက္ခရာ၊ မတူကြပါ။

ဘာသာစာတခုတိုင်းမှာ အက္ခရာအရေအတွက် သတ်သတ်မှတ်မှတ်ရှိတယ်။ မြန်မာစာမှာ ရုရှားနဲ့အတူတူ (၃၃) လုံး ရှိတယ်။ အင်္ဂလိပ်စာမှာ ဂျာမန်နဲ့အတူတူ (၂၆) လုံးရှိတယ်။ ဟင်ဒီ (၁၁) လုံးရှိကြတယ်။ တရုပ်စာကို Characters သင်္ကေတစာလို့ခေါ်တယ်။ သုံးထောင်ကျော်ရှိတယ်။ ဂျပန်စာကလည်း နှစ်ထောင်ကျော်ရှိတယ်။ စပိန် (၂၉) လုံးလို့ ဖတ်ရပေမယ့် မနေ့က ကျောင်းမှာ စပိန်စကားပြောကျောင်းသူတွေကိုမေးတော့ (၂၇) လုံးတဲ့ ရေးပြတယ်။

ပညာရေးကို လက်တည့်စမ်းသူတွေလက်ချက်နဲ့ မြန်မာစာ ဒုက္ခိတဖြစ်ရတာ များလှပြီ။

မန္တလေးမှာ ဈေးချိုပျောက်ကွယ်လေမလား။ ဈေးဝယ်ကို ရှော့ပင်လို့ပဲ ပြောကြတော့မှာလား။ ဈေးပေါင်ကျိုးကို အရိုးရောဂါလားမေးကြမယ်။

ဈာပနကို အသုဘလို့မသိ၊ ဈာန်တရားမရ၊ ဈာန်ပျံမကြွ၊ မဇ္ဈိမဒေသ ဘုရားဖူးမသွားကြ၊ မဇ္ဈိမပဋိပဒါတရား ကျင့်ကြံဘို့ မလိုတော့တာလား။

ဃနာနို့ဆွမ်း ဘာမှန်းမသိ၊ သံဃာကို ဘယ်လိုပင့်မလဲ။ ဃရာဝါသအမှုကို တည့်တည့်ရေးကြတော့မှာလား။

ဥက္ကဋ္ဌမရှိ၊ ဒုဥက္ကဋ္ဌမသိ၊ ဋီကာကျော် ဋီကာချဲ့မရ၊ ပါဠိအနိစ္စရောက်သွားရ။ ဝေဠုဝန်ကျောင်းတော်ကြီ့း့

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၆
၂၈-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ